Motivation မဖြစ်စေတဲ့အချက် (၅)ချက်

Motivation ဆိုတာက လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ပန်းတိုင်ကို အရောက်လှမ်းလိုတဲ့ဆန္ဒဖြစ်ပါတယ်။ Motivation က ကျွန်ုပ်တို့ရဲ့ ဦးစားပေးများသတ်မှတ်တာ၊စွမ်းအင်တို့ဖြန့်ဝေပုံနဲ့ စွမ်းရည်များအပေါ်ရှုမြင်ပုံများအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ Motivation က အပြင်ပိုင်း ဒါမှမဟုတ် ပင်ကိုယ်အားဖြင့် ဖြစ်စေနိုင်ပါတယ်။ အပြုသဘောဒါမှမဟုတ် အပျက်သဘောလည်း ဖြစ်နိုင်ပါတယ်။ အခုပြောပြချင်တာကတော့ Motivation မဖြစ်စေတဲ့ အချက်များပဲဖြစ်ပါတယ်။ ဘယ်အချက်တွေက Motivation မဖြစ်စေသလဲဆိုတာကြည့် ကြည့်ကြရအောင်ပါ။

ကြောက်ရွံ့တာ

အကြောက်တရားက မင်းရဲ့ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်နိုင်စွမ်းနဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေကို တားဆီးနိုင်ပါတယ်။ အမှားလုပ်မိမှာကြောက်တာကြောင့်စတင်ဖို့ ဒါမှမဟုတ် ရှေ့ဆက်ဖို့ ချီတုံချတုံဖြစ်စေနိုင်ပါတယ်။ ရှေ့ကိုတိုးရမှာကြောက်တာကပုံမှန်ပါပဲ။ ဒီအရာက သင့်စိတ်ကို ကာကွယ်ဖို့ နည်းလမ်းဖြစ်တာကို သတိရပါ။ ဒါပေမဲ့သင်မအောင်မြင်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။အကြောက်တရားတွေကိုထိပ်တိုက်ရင်ဆိုင်သင့်ပါတယ်။

မှားယွင်းတဲ့ ပန်းတိုင်များ ချမှတ်ခဲ့တာ

ဒီအချက်ကြောင့်လည်း စိတ်အားတက်ကြွမှုတွေ မဖြစ်နိုင်ပါဘူး။ မှားယွင်းတဲ့ပန်းတိုင်တွေသတ်မှတ်လိုက်တာမျိုး။ တခါတလေမှာ ကိုယ့်မှာရှိတဲ့စွမ်းအင်နဲ့ ကိုယ်ကငါးမိုင်လောက်ပဲသွားနိုင်တာကို ပန်းတိုင်က မိုင်၂၀လောက်သတ်မှတ်ထားတဲ့အချိန်မျိုးမှာလည်း Motivation ကျစေပါတယ်။ ရည်းမှန်ချက်ထားပြီး ကျရှုံးမှာသိနေတဲ့သူလိုဖြစ်နေတာကြောင့်စိတ်အားတက်ကြွမှုတွေက မဖြစ်စေနိုင်တော့ပါဘူး။

ရှင်းလင်းမှုမရှိတာ

လုပ်သင့်လုပ်ထိုက်တာကို နားမလည်ရင် အလုပ်ပြီးအောင်လုပ်ဖို့ ခက်ပါတယ်။ လူသားများကယေဘူယျအနေနဲ့ သက်သောင့်သက်သာရှိတဲ့နေရာများကို အတိုင်းအတာတခုအထိနှစ်သက်ကြပါတယ်။ စိန်ခေါ်မှုတွေကြုံရတဲ့အခါ လွှမ်းမိုးမှု ဒါမှမဟုတ် မရှင်းလင်းတဲ့အချက်တွေကြောင့် Motivation က မဖြစ်စေတော့ပါဘူး။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိတာ

ဆုံးဖြတ်ချက်များချတာက စိတ်အားထက်သန်မှုရဖို့အတွက် ကြီးမားတဲ့အချက်ဖြစ်ပါတယ်။လူတဦးချင်းစီရဲ့လွတ်လပ်စွာ ပြုမူပိုင်ခွင့်ရှိတဲ့အခါမှာ စိတ်အားထက်သန်မှုနဲ့ မောင်နှင်မှုတို့ကထက်ထက်သန်သန်ရှိကြပါတယ်။ မဟုတ်ရင် လူတွေက ပျင်းလာပြီးမဖြစ်ထွန်နိုင်ချေပိုများပါတယ်။

စိတ်ကျန်းမာရေး

ဒါပေမယ့် စိတ်အားထက်သန်မှု မရှိဘူးလို့ ခံစားရရတဲ့ အကြောင်းအရင်းက ပန်းတိုင်ကိုမှားယွင်းစွာ မသတ်မှတ်ခြင်း ဒါမှမဟုတ်ရှင်းလင်း ပြတ်သားမှု ကင်းမဲ့ခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဘာကြောင့် စိတ်အားထက်သန်မှု ကင်းမဲ့လဲဆိုတာကိုခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ဒါဟာ စိတ်ကျန်းမာရေး ပြဿနာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။စိတ်အားထက်သန်မှု မရှိခြင်းက စိတ်ဓာတ်ကျခြင်းလို စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများရဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုကြုံရတဲ့အခါမှာ ကျွမ်းကျင်ပညာရှင်တွေဆီကအကူအညီကို ရယူသင့်ပါတယ်။

MYit

zawgyi

Motivation ဆိုတာက လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးၿပီး ပန္းတိုင္ကို အေရာက္လွမ္းလိုတဲ့ဆႏၵျဖစ္ပါတယ္။ Motivation က ကြၽႏ္ုပ္တို႔ရဲ႕ ဦးစားေပးမ်ားသတ္မွတ္တာ၊စြမ္းအင္တို႔ျဖန႔္ေဝပုံနဲ႔ စြမ္းရည္မ်ားအေပၚရႈျမင္ပုံမ်ားအေပၚမွာ လႊမ္းမိုးမႈရွိပါတယ္။ Motivation က အျပင္ပိုင္း ဒါမွမဟုတ္ ပင္ကိုယ္အားျဖင့္ ျဖစ္ေစႏိုင္ပါတယ္။ အျပဳသေဘာဒါမွမဟုတ္ အပ်က္သေဘာလည္း ျဖစ္ႏိုင္ပါတယ္။ အခုေျပာျပခ်င္တာကေတာ့ Motivation မျဖစ္ေစတဲ့ အခ်က္မ်ားပဲျဖစ္ပါတယ္။ ဘယ္အခ်က္ေတြက Motivation မျဖစ္ေစသလဲဆိုတာၾကည့္ ၾကည့္ၾကရေအာင္ပါ။

ေၾကာက္႐ြံ႕တာ

အေၾကာက္တရားက မင္းရဲ႕ဓမၼဓိ႒ာန္က်က် ေတြးေခၚႏိုင္စြမ္းနဲ႔ကိုယ့္ကိုယ္ကိုယ္ယုံၾကည္ခ်က္ေတြကို တားဆီးႏိုင္ပါတယ္။ အမွားလုပ္မိမွာေၾကာက္တာေၾကာင့္စတင္ဖို႔ ဒါမွမဟုတ္ ေရွ႕ဆက္ဖို႔ ခ်ီတုံခ်တုံျဖစ္ေစႏိုင္ပါတယ္။ ေရွ႕ကိုတိုးရမွာေၾကာက္တာကပုံမွန္ပါပဲ။ ဒီအရာက သင့္စိတ္ကို ကာကြယ္ဖို႔ နည္းလမ္းျဖစ္တာကို သတိရပါ။ ဒါေပမဲ့သင္မေအာင္ျမင္ႏိုင္ဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။အေၾကာက္တရားေတြကိုထိပ္တိုက္ရင္ဆိုင္သင့္ပါတယ္။

မွားယြင္းတဲ့ ပန္းတိုင္မ်ား ခ်မွတ္ခဲ့တာ

ဒီအခ်က္ေၾကာင့္လည္း စိတ္အားတက္ႂကြမႈေတြ မျဖစ္ႏိုင္ပါဘူး။ မွားယြင္းတဲ့ပန္းတိုင္ေတြသတ္မွတ္လိုက္တာမ်ိဳး။ တခါတေလမွာ ကိုယ့္မွာရွိတဲ့စြမ္းအင္နဲ႔ ကိုယ္ကငါးမိုင္ေလာက္ပဲသြားႏိုင္တာကို ပန္းတိုင္က မိုင္၂၀ေလာက္သတ္မွတ္ထားတဲ့အခ်ိန္မ်ိဳးမွာလည္း Motivation က်ေစပါတယ္။ ရည္းမွန္ခ်က္ထားၿပီး က်ရႈံးမွာသိေနတဲ့သူလိုျဖစ္ေနတာေၾကာင့္စိတ္အားတက္ႂကြမႈေတြက မျဖစ္ေစႏိုင္ေတာ့ပါဘူး။

ရွင္းလင္းမႈမရွိတာ

လုပ္သင့္လုပ္ထိုက္တာကို နားမလည္ရင္ အလုပ္ၿပီးေအာင္လုပ္ဖို႔ ခက္ပါတယ္။ လူသားမ်ားကေယဘူယ်အေနနဲ႔ သက္ေသာင့္သက္သာရွိတဲ့ေနရာမ်ားကို အတိုင္းအတာတခုအထိႏွစ္သက္ၾကပါတယ္။ စိန္ေခၚမႈေတြႀကဳံရတဲ့အခါ လႊမ္းမိုးမႈ ဒါမွမဟုတ္ မရွင္းလင္းတဲ့အခ်က္ေတြေၾကာင့္ Motivation က မျဖစ္ေစေတာ့ပါဘူး။

ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္မရွိတာ

ဆုံးျဖတ္ခ်က္မ်ားခ်တာက စိတ္အားထက္သန္မႈရဖို႔အတြက္ ႀကီးမားတဲ့အခ်က္ျဖစ္ပါတယ္။လူတဦးခ်င္းစီရဲ႕လြတ္လပ္စြာ ျပဳမူပိုင္ခြင့္ရွိတဲ့အခါမွာ စိတ္အားထက္သန္မႈနဲ႔ ေမာင္ႏွင္မႈတို႔ကထက္ထက္သန္သန္ရွိၾကပါတယ္။ မဟုတ္ရင္ လူေတြက ပ်င္းလာၿပီးမျဖစ္ထြန္ႏိုင္ေခ်ပိုမ်ားပါတယ္။

စိတ္က်န္းမာေရး

ဒါေပမယ့္ စိတ္အားထက္သန္မႈ မရွိဘူးလို႔ ခံစားရရတဲ့ အေၾကာင္းအရင္းက ပန္းတိုင္ကိုမွားယြင္းစြာ မသတ္မွတ္ျခင္း ဒါမွမဟုတ္ရွင္းလင္း ျပတ္သားမႈ ကင္းမဲ့ျခင္းေတြေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္ စိတ္အားထက္သန္မႈ ကင္းမဲ့လဲဆိုတာကိုခြဲျခမ္းစိတ္ျဖာၾကည့္တဲ့အခါ ဒါဟာ စိတ္က်န္းမာေရး ျပႆနာေတြေၾကာင့္လို႔ ဆိုႏိုင္ပါတယ္။စိတ္အားထက္သန္မႈ မရွိျခင္းက စိတ္ဓာတ္က်ျခင္းလို စိတ္က်န္းမာေရးဆိုင္ရာ ျပႆနာမ်ားရဲ႕လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ ဒီလိုႀကဳံရတဲ့အခါမွာ ကြၽမ္းက်င္ပညာရွင္ေတြဆီကအကူအညီကို ရယူသင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*