
တချို့အလုပ်ခေါ်စာတွေမှာ ခေါ်တဲ့ရာထူးတဲ့ မသက်ဆိုင်တဲ့အလုပ်တာဝန်တွေကိုထည့်သွင်းဖော်ပြလာကြကိုတွေ့နေရပါတယ်။ တကယ်တော့ ဒီအချက်ကအလုပ်ရှင်နဲ့ အလုပ်လျှောက်သူ နှစ်ဦးနှစ်ဖက် ဆုံးရှုံးမှုဖြစ်စေတယ်ဆိုတာကိုသတိပြုမိဖို့လိုပါတယ်။ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တွေ၊ လူမှုကွန်ရက်တွေပေါ်မှာမကြာခဏဒီလိုအလုပ်ခေါ်စာတွေ တွေ့လာရပါတယ်။ ဥပမာ ရုံးအကူတဦးခေါ်တာဖြစ်ပေမဲ့ Marketing ပိုင်းရော အိုင်တီပိုင်းရော၊ Customer Service စတဲ့ မသက်ဆိုင်တဲ့ကျွမ်းကျင်မှုတွေကိုပါ တောင်းဆိုထားတဲ့ အ လုပ်ခေါ်စာတွေကို “အစုံသုတ်အလုပ်ခေါ်စာ”လို့ခေါ်ရမှာပဲဖြစ်ပါတယ်။ဒီလို “အစုံသုတ် အလုပ်ခေါ်စာ” တွေဟာ အလုပ်ရှင်ရော၊ အလုပ်လျှောက်သူအတွက်ပါဘက်ပေါင်းစုံကနေ ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်။
အလုပ်ရှင်များအတွက် ဆုံးရှုံးမှုများ
ပထမဆုံးအချက်အနေနဲ့ကတော့ မမှန်ကန်တဲ့ လျှောက်ထားသူများကို ဆွဲဆောင်တာပါ။ JDထဲမှာ မသက်ဆိုင်တဲ့ အလုပ်တာဝန်တွေ အများကြီးပါနေတဲ့အခါ ကိုယ်တကယ်လိုချင်တဲ့ရာထူးအတွက် အရည်အချင်းပြည့်မီတဲ့သူတွေအစား၊ အလုပ်ခေါ်စာပါ အချက်အလက်တွေနဲ့အပေါ်ယံကိုက်ညီရုံသက်သက် လူတွေက လျှောက်ထားလာကြပါတယ်။ ဒါကအလုပ်ရှင်အတွက် အချိန်ကုန်၊ လူကုန်များစေပြီး မှန်ကန်တဲ့ Talent ကို ရှာဖွေရာမှာခက်ခဲစေတာကို သတိပြုစေလိုပါတယ်။ ကိုယ့်ဘက်က ကျွမ်းကျင်ဝန်ထမ်းရရှိနိုင်မယ့်အခွင့်အရေးကို ဒီအချက်ကြောင့် ဆုံးရှုံးနိုင်ပါတယ်။
ဒုတိယအချက်ကတော့ အကောင်းဆုံးသူကို ရွေးချယ်နိုင်မှု နည်းပါးတာပါ။လုပ်ငန်းခွင်လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်တဲ့အခါ အရည်အချင်းအမှန်ကိုဆုံးဖြတ်ဖို့ ခက်ခဲစေပါတယ်။ အလုပ်ရှင်ဟာ တကယ်လိုအပ်တဲ့ ကျွမ်းကျင်မှုရှိသူကိုမရွေးချယ်မိဘဲ၊ ဘက်ပေါင်းစုံမှာ နည်းနည်းပါးပါးသိရုံ သာမာန်လူကိုသာရွေးချယ်မိသွားနိုင်ပါတယ်။ ဒီအချက်ကလည်း ကုမ္ပဏီတွေအနေနဲ့ သတိပြုသင့်တဲ့အ ချက်ဖြစ်ပါတယ်။
တတိယအချက်ကတော့ ဝန်ထမ်းထိန်းသိမ်းမှု ပြဿနာများပဲဖြစ်ပါတယ်။ မမျှော်မှန်းထားတဲ့တာဝန်တွေ၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုနယ်ပယ်နဲ့ မကိုက်ညီတဲ့ လုပ်ငန်းတွေ အများကြီးကိုတစ်ပြိုင်နက်တည်း လုပ်ဆောင်ခိုင်းတဲ့အခါ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှု နည်းပါးလာပါတယ်။
ဒါက ဝန်ထမ်းတွေအတွက် အလုပ်ထွက်နှုန်း မြင့်မားစေပြီး ကုမ္ပဏီအတွက် ဒီလိုမကြာခဏအလုပ်ထပ်ခေါ်၊ ဝန်ထမ်းထပ်ခန့်၊ အလုပ်အ ကြောင်းသိအောင်သင်တန်းပေးတာတွေကြောင့် ကုန်ကျစရိတ် ပိုများစေပါတယ်။
နောက်ဆုံးအချက်ကတော့ ကုမ္ပဏီပုံရိပ် ထိခိုက်စေတာပါပဲ။ အထက်ပါအချက်တွေကြောင့်ကုမ္ပဏီက နာမည်ဂုဏ်သတင်းထိခိုက်စေပါတယ်။ မရေရာမသေချာတဲ့၊ အစုံသုတ်ထားတဲ့အလုပ်ခေါ်စာတွေကြောင့် ကုမ္ပဏီက ပရော်ဖက်ရှင်နယ် မဆန်ဘူး၊ ဒါမှမဟုတ်လုပ်ငန်းလိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း နားမလည်ဘူးဆိုတဲ့ ပုံရိပ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက အရည်အချင်းရှိတဲ့ ပညာရှင်တွေကို ဆွဲဆောင်နိုင်ဖို့ အတားအဆီးဖြစ်စေပါတယ်။
အလုပ်လျှောက်သူများအတွက် ဆုံးရှုံးမှုများ
“အစုံသုတ်” အလုပ်ခေါ်စာတွေကြောင့် အလုပ်လျှောက်သူတွေဘက်ကဒီအချက်တွေဆုံးရှုံးနိုင်ပါတယ်။ ပထမဆုံးအချက်ကတော့ အချိန်နဲ့ စွမ်းအင် ဖြုန်းတီးမိတာပါ။အလုပ်လျှောက်သူတွေဟာ JD ပါ အချက်အလက်တွေနဲ့ ကိုက်ညီအောင် ကိုယ့်ရဲ့ CV/Resume နဲ့ Cover Letter တွေကို အချိန်ယူပြင်ဆင်ရပါတယ်။ ဒါပေမဲ့ အလုပ်ခေါ်စာကအစုံသုတ်ထားတဲ့အခါ ဘယ်အချက်ကို အလေးထားရမှန်းမသိဘဲ အချိန်ကုန်၊ လူပန်းဖြစ်ရပါတယ်။
ဒုတိယအချက်ကတော့ စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ပျက်အားငယ်မှုကို ရင်ဆိုင်ရတာပါပဲ။မသက်ဆိုင်တဲ့ JD တွေကြောင့် ဘယ်အလုပ်ကို လျှောက်သင့်လဲဆိုတာ ဆုံးဖြတ်ရခက်ခဲစေပါတယ်။ လျှောက်ထားပြီးတဲ့အခါမှာလည်း မျှော်မှန်းထားတဲ့ အလုပ်တာဝန်တွေမဟုတ်ဘဲ မသက်ဆိုင်တဲ့ အလုပ်တွေ လုပ်ရတဲ့အခါ စိတ်ဓာတ်ကျကာ အလုပ်အပေါ်စိတ်ဝင်စားမှု လျော့ကျသွားနိုင်ပါတယ်။
နံပါတ် ၃အချက်ကတော့ ကိုယ်ပိုင်စွမ်းရည် တိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့အချက်ပါပဲ။တကယ်လို့ အလုပ်ရခဲ့ရင်တောင် မိမိရဲ့ အဓိကကျွမ်းကျင်မှုနယ်ပယ်ကို အပြည့်အဝအသုံးမချရတဲ့အခါ၊ ဒါမှမဟုတ် များပြားရှုပ်ထွေးတဲ့ တာဝန်တွေကြောင့်စွမ်းရည်တစ်ခုချင်းစီကို အာရုံစိုက်ပြီး မြှင့်တင်ဖို့ အခွင့်အလမ်း နည်းပါးသွားတတ်ပါတယ်။ဒါကြောင့် အလုပ်ရှင်တွေအနေနဲ့ အလုပ်ခေါ်စာတွေမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့အလုပ်တာဝန်တွေကို သေသေချာချာပြန်လည်ကြည့်ရှု၊ ချိန်ညှိဖို့လိုပါတယ်။အလုပ်နေရာတခုချင်းစီအတွက် လိုအပ်တဲ့ Job Description တွေကိုရှင်းရှင်းလင်းလင်းတိတိကျကျ ရေးဆွဲသင့်ပါတယ်။ ရာထူးအတွက် အဓိကလိုအပ်တဲ့ကျွမ်းကျင်မှုတွေ၊ အ တွေ့အကြုံတွေနဲ့ တာဝန်ဝတ္တရားတွေကိုပဲ ဖော်ပြသင့်ပါတယ်။ရှိရင်ပိုကောင်းမယ့်အရည်အချင်းတွေနဲ့ မရှိမဖြစ်ရှိနေရမယ့် အရည်အချင်းတွေကိုရောထွေးတာမျိုး ရှောင်ရှားသင့်ပါတယ်။
အလုပ်လျှောက်သူတွေအနေနဲ့လည်း အလုပ်ခေါ်စာတွေကို သေချာဖတ်ရှုပြီးကိုယ့်ရဲ့အရည်အချင်းနဲ့ အတွေ့အကြုံတွေနဲ့ တကယ်ပဲကိုက်ညီမှုရှိရဲ့လားဆိုတာဆန်းစစ်သင့်ပါတယ်။ မရေရာတဲ့ JD တွေကိုတွေ့တဲ့အခါ ကုမ္ပဏီရဲ့ Background ကိုလေ့လာတာ၊ စုံစမ်းတာမျိုးလုပ်သင့်ပါတယ်။ဒါကြောင့် “အစုံသုတ် အလုပ်ခေါ်စာများ” က နှစ်ဦးနှစ်ဖက်အတွက် အကျိုးမရှိစေနိုင်တဲ့ကိစ္စရပ်ဖြစ်ပါတယ်။ ဒီလိုအလုပ်ခေါ်စာများကို ကုမ္ပဏီတွေဘက်ကလည်းဆင်ခြင်သတိပြုမှသာ နှစ်ဦးနှစ်ဖက်အတွက် အချိန်ကုန်သက်သာပြီးအကောင်းဆုံးရလဒ်တွေရရှိနိုင်မှာဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
တခ်ိဳ႕အလုပ္ေခၚစာေတြမွာ ေခၚတဲ့ရာထူးတဲ့ မသက္ဆိုင္တဲ့အလုပ္တာဝန္ေတြကိုထည့္သြင္းေဖာ္ျပလာၾကကိုေတြ႕ေနရပါတယ္။ တကယ္ေတာ့ ဒီအခ်က္ကအလုပ္ရွင္နဲ႔ အလုပ္ေလွ်ာက္သူ ႏွစ္ဦးႏွစ္ဖက္ ဆုံးရႈံးမႈျဖစ္ေစတယ္ဆိုတာကိုသတိျပဳမိဖို႔လိုပါတယ္။ အလုပ္အကိုင္ရွာေဖြေရးဝက္ဘ္ဆိုက္ေတြ၊ လူမႈကြန္ရက္ေတြေပၚမွာမၾကာခဏဒီလိုအလုပ္ေခၚစာေတြ ေတြ႕လာရပါတယ္။ ဥပမာ ႐ုံးအကူတဦးေခၚတာျဖစ္ေပမဲ့ Marketing ပိုင္းေရာ အိုင္တီပိုင္းေရာ၊ Customer Service စတဲ့ မသက္ဆိုင္တဲ့ကြၽမ္းက်င္မႈေတြကိုပါ ေတာင္းဆိုထားတဲ့ အ လုပ္ေခၚစာေတြကို “အစုံသုတ္အလုပ္ေခၚစာ”လို႔ေခၚရမွာပဲျဖစ္ပါတယ္။ဒီလို “အစုံသုတ္ အလုပ္ေခၚစာ” ေတြဟာ အလုပ္ရွင္ေရာ၊ အလုပ္ေလွ်ာက္သူအတြက္ပါဘက္ေပါင္းစုံကေန ဆုံးရႈံးမႈေတြ ျဖစ္ေစပါတယ္။
အလုပ္ရွင္မ်ားအတြက္ ဆုံးရႈံးမႈမ်ား
ပထမဆုံးအခ်က္အေနနဲ႔ကေတာ့ မမွန္ကန္တဲ့ ေလွ်ာက္ထားသူမ်ားကို ဆြဲေဆာင္တာပါ။ JDထဲမွာ မသက္ဆိုင္တဲ့ အလုပ္တာဝန္ေတြ အမ်ားႀကီးပါေနတဲ့အခါ ကိုယ္တကယ္လိုခ်င္တဲ့ရာထူးအတြက္ အရည္အခ်င္းျပည့္မီတဲ့သူေတြအစား၊ အလုပ္ေခၚစာပါ အခ်က္အလက္ေတြနဲ႔အေပၚယံကိုက္ညီ႐ုံသက္သက္ လူေတြက ေလွ်ာက္ထားလာၾကပါတယ္။ ဒါကအလုပ္ရွင္အတြက္ အခ်ိန္ကုန္၊ လူကုန္မ်ားေစၿပီး မွန္ကန္တဲ့ Talent ကို ရွာေဖြရာမွာခက္ခဲေစတာကို သတိျပဳေစလိုပါတယ္။ ကိုယ့္ဘက္က ကြၽမ္းက်င္ဝန္ထမ္းရရွိႏိုင္မယ့္အခြင့္အေရးကို ဒီအခ်က္ေၾကာင့္ ဆုံးရႈံးႏိုင္ပါတယ္။
ဒုတိယအခ်က္ကေတာ့ အေကာင္းဆုံးသူကို ေ႐ြးခ်ယ္ႏိုင္မႈ နည္းပါးတာပါ။လုပ္ငန္းခြင္လိုအပ္ခ်က္ေတြကို ရွင္းရွင္းလင္းလင္း မေဖာ္ျပႏိုင္တဲ့အခါ အရည္အခ်င္းအမွန္ကိုဆုံးျဖတ္ဖို႔ ခက္ခဲေစပါတယ္။ အလုပ္ရွင္ဟာ တကယ္လိုအပ္တဲ့ ကြၽမ္းက်င္မႈရွိသူကိုမေ႐ြးခ်ယ္မိဘဲ၊ ဘက္ေပါင္းစုံမွာ နည္းနည္းပါးပါးသိ႐ုံ သာမာန္လူကိုသာေ႐ြးခ်ယ္မိသြားႏိုင္ပါတယ္။ ဒီအခ်က္ကလည္း ကုမၸဏီေတြအေနနဲ႔ သတိျပဳသင့္တဲ့အ ခ်က္ျဖစ္ပါတယ္။
တတိယအခ်က္ကေတာ့ ဝန္ထမ္းထိန္းသိမ္းမႈ ျပႆနာမ်ားပဲျဖစ္ပါတယ္။ မေမွ်ာ္မွန္းထားတဲ့တာဝန္ေတြ၊ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈနယ္ပယ္နဲ႔ မကိုက္ညီတဲ့ လုပ္ငန္းေတြ အမ်ားႀကီးကိုတစ္ၿပိဳင္နက္တည္း လုပ္ေဆာင္ခိုင္းတဲ့အခါ ဝန္ထမ္းေတြရဲ႕ စိတ္ေက်နပ္မႈ နည္းပါးလာပါတယ္။
ဒါက ဝန္ထမ္းေတြအတြက္ အလုပ္ထြက္ႏႈန္း ျမင့္မားေစၿပီး ကုမၸဏီအတြက္ ဒီလိုမၾကာခဏအလုပ္ထပ္ေခၚ၊ ဝန္ထမ္းထပ္ခန႔္၊ အလုပ္အ ေၾကာင္းသိေအာင္သင္တန္းေပးတာေတြေၾကာင့္ ကုန္က်စရိတ္ ပိုမ်ားေစပါတယ္။
ေနာက္ဆုံးအခ်က္ကေတာ့ ကုမၸဏီပုံရိပ္ ထိခိုက္ေစတာပါပဲ။ အထက္ပါအခ်က္ေတြေၾကာင့္ကုမၸဏီက နာမည္ဂုဏ္သတင္းထိခိုက္ေစပါတယ္။ မေရရာမေသခ်ာတဲ့၊ အစုံသုတ္ထားတဲ့အလုပ္ေခၚစာေတြေၾကာင့္ ကုမၸဏီက ပေရာ္ဖက္ရွင္နယ္ မဆန္ဘူး၊ ဒါမွမဟုတ္လုပ္ငန္းလိုအပ္ခ်က္ေတြကို ရွင္းရွင္းလင္းလင္း နားမလည္ဘူးဆိုတဲ့ ပုံရိပ္ကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါက အရည္အခ်င္းရွိတဲ့ ပညာရွင္ေတြကို ဆြဲေဆာင္ႏိုင္ဖို႔ အတားအဆီးျဖစ္ေစပါတယ္။
အလုပ္ေလွ်ာက္သူမ်ားအတြက္ ဆုံးရႈံးမႈမ်ား
“အစုံသုတ္” အလုပ္ေခၚစာေတြေၾကာင့္ အလုပ္ေလွ်ာက္သူေတြဘက္ကဒီအခ်က္ေတြဆုံးရႈံးႏိုင္ပါတယ္။ ပထမဆုံးအခ်က္ကေတာ့ အခ်ိန္နဲ႔ စြမ္းအင္ ျဖဳန္းတီးမိတာပါ။အလုပ္ေလွ်ာက္သူေတြဟာ JD ပါ အခ်က္အလက္ေတြနဲ႔ ကိုက္ညီေအာင္ ကိုယ့္ရဲ႕ CV/Resume နဲ႔ Cover Letter ေတြကို အခ်ိန္ယူျပင္ဆင္ရပါတယ္။ ဒါေပမဲ့ အလုပ္ေခၚစာကအစုံသုတ္ထားတဲ့အခါ ဘယ္အခ်က္ကို အေလးထားရမွန္းမသိဘဲ အခ်ိန္ကုန္၊ လူပန္းျဖစ္ရပါတယ္။
ဒုတိယအခ်က္ကေတာ့ စိတ္ရႈပ္ေထြးမႈနဲ႔ စိတ္ပ်က္အားငယ္မႈကို ရင္ဆိုင္ရတာပါပဲ။မသက္ဆိုင္တဲ့ JD ေတြေၾကာင့္ ဘယ္အလုပ္ကို ေလွ်ာက္သင့္လဲဆိုတာ ဆုံးျဖတ္ရခက္ခဲေစပါတယ္။ ေလွ်ာက္ထားၿပီးတဲ့အခါမွာလည္း ေမွ်ာ္မွန္းထားတဲ့ အလုပ္တာဝန္ေတြမဟုတ္ဘဲ မသက္ဆိုင္တဲ့ အလုပ္ေတြ လုပ္ရတဲ့အခါ စိတ္ဓာတ္က်ကာ အလုပ္အေပၚစိတ္ဝင္စားမႈ ေလ်ာ့က်သြားႏိုင္ပါတယ္။
နံပါတ္ ၃အခ်က္ကေတာ့ ကိုယ္ပိုင္စြမ္းရည္ တိုးတက္မႈကို အဟန႔္အတားျဖစ္ေစတဲ့အခ်က္ပါပဲ။တကယ္လို႔ အလုပ္ရခဲ့ရင္ေတာင္ မိမိရဲ႕ အဓိကကြၽမ္းက်င္မႈနယ္ပယ္ကို အျပည့္အဝအသုံးမခ်ရတဲ့အခါ၊ ဒါမွမဟုတ္ မ်ားျပားရႈပ္ေထြးတဲ့ တာဝန္ေတြေၾကာင့္စြမ္းရည္တစ္ခုခ်င္းစီကို အာ႐ုံစိုက္ၿပီး ျမႇင့္တင္ဖို႔ အခြင့္အလမ္း နည္းပါးသြားတတ္ပါတယ္။ဒါေၾကာင့္ အလုပ္ရွင္ေတြအေနနဲ႔ အလုပ္ေခၚစာေတြမွာပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕ဝန္ထမ္းေတြရဲ႕အလုပ္တာဝန္ေတြကို ေသေသခ်ာခ်ာျပန္လည္ၾကည့္ရႈ၊ ခ်ိန္ညႇိဖို႔လိုပါတယ္။အလုပ္ေနရာတခုခ်င္းစီအတြက္ လိုအပ္တဲ့ Job Description ေတြကိုရွင္းရွင္းလင္းလင္းတိတိက်က် ေရးဆြဲသင့္ပါတယ္။ ရာထူးအတြက္ အဓိကလိုအပ္တဲ့ကြၽမ္းက်င္မႈေတြ၊ အ ေတြ႕အႀကဳံေတြနဲ႔ တာဝန္ဝတၱရားေတြကိုပဲ ေဖာ္ျပသင့္ပါတယ္။ရွိရင္ပိုေကာင္းမယ့္အရည္အခ်င္းေတြနဲ႔ မရွိမျဖစ္ရွိေနရမယ့္ အရည္အခ်င္းေတြကိုေရာေထြးတာမ်ိဳး ေရွာင္ရွားသင့္ပါတယ္။
အလုပ္ေလွ်ာက္သူေတြအေနနဲ႔လည္း အလုပ္ေခၚစာေတြကို ေသခ်ာဖတ္ရႈၿပီးကိုယ့္ရဲ႕အရည္အခ်င္းနဲ႔ အေတြ႕အႀကဳံေတြနဲ႔ တကယ္ပဲကိုက္ညီမႈရွိရဲ႕လားဆိုတာဆန္းစစ္သင့္ပါတယ္။ မေရရာတဲ့ JD ေတြကိုေတြ႕တဲ့အခါ ကုမၸဏီရဲ႕ Background ကိုေလ့လာတာ၊ စုံစမ္းတာမ်ိဳးလုပ္သင့္ပါတယ္။ဒါေၾကာင့္ “အစုံသုတ္ အလုပ္ေခၚစာမ်ား” က ႏွစ္ဦးႏွစ္ဖက္အတြက္ အက်ိဳးမရွိေစႏိုင္တဲ့ကိစၥရပ္ျဖစ္ပါတယ္။ ဒီလိုအလုပ္ေခၚစာမ်ားကို ကုမၸဏီေတြဘက္ကလည္းဆင္ျခင္သတိျပဳမွသာ ႏွစ္ဦးႏွစ္ဖက္အတြက္ အခ်ိန္ကုန္သက္သာၿပီးအေကာင္းဆုံးရလဒ္ေတြရရွိႏိုင္မွာျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply