Rain နဲ့ Kim Ha Neul တို့ရဲ့အချစ်ရေးကိုတားမြစ်ထားတဲ့ “Red Swan”

ဒစ်စနေးပလပ်စ်ကနေ လာမယ့်ဒရာမာ Red Swan အတွက် ပိုစတာအသစ်ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီဒရာမာမှာ Rain နဲ့ Kim Ha Neul တို့ကိုအတူတွဲတွေ့ရမှာလည်းဖြစ်ပါတယ်။“Red Swan” ဒရာမာမှာ Kim Ha Neul က ဂေါက်သီးကစားသမားဟောင်းတဦး Wan Sooအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ သူကမ မျိုးရိုးမြင့် Hwain Group က အမွေဆက်ခံသူနဲ့လက်ထပ်ထားသူဖြစ်ပါတယ်။ အမွေဆက်ခံရေးပြင်းထန်တဲ့ တိုက်ပွဲတခုကြောင့်သူမရဲ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြီးနောက် သူမရဲ့သက်တော်စောင့် Rain (Seo Do Yoo)ကြောင့် လျှို့ဝှက်ချက်များလွန်းတဲ့မိသားစုနဲ့ ရင်ဆိုင်လာနိုင်ခဲ့ပါတယ်။ ။အသစ်ထွက်ရှိလာတဲ့ ပိုစတာမှာ Wan Soo နဲ့ ရဲအရာရှိဟောင်းဖြစ်တဲ့ သက်တော်စောင့် Do Yoo တို့ကြားမှာဖြစ်ပေါ်လာမယ့် အန္တရာယ်ရှိတဲ့ဆက်ဆံရေးကို အရိပ်အမြွက်ဖော်ပြနေပါတယ်။

Wan Soo က ပွေ့ထားထားစဉ် Do Yoo ရဲ့မျက်လုံးများက ပြင်းထန်တဲ့ အကြည့်များနဲ့သူမကိုကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားမှုကိုတွေ့မြင်ရပါတယ်။မျက်နှာနဲ့လက်များက ဒဏ်ရာများက ဘယ်လိုထိခိုက်မှုမျိုးကိုမှ မကြောက်ကြောင်း၊မတုန့်လှုပ်ကြောင်းကို ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ Wan Soo က ကြောက်လန့်နေပုံရပေမဲ့ သူမရဲ့ခံယူချက်များကိုစွဲစွဲမြဲမြဲဆုပ်ကိုင်ထားတာကို သူမရဲ့တည်ငြိမ်တဲ့အကြည့်တွေထဲမှာတွေ့နိုင်ပါတယ်။ပိုစတာစာတမ်းမှာ သူတို့ရဲ့မရေရာတဲ့ ဆက်ဆံရေးသဘောသဘာဝကို မီးမောင်းထိုးပြထားတဲ့“တယောက်ကိုတယောက် မချစ်နိုင်ပေမဲ့၊ တယောက်ကိုတယောက်တော့ ခွဲခွာအောင်မလုပ်နိုင်”ဆိုတဲ့ စာသားကိုရေးသားထားပါတယ်။“Red Swan” ကို ဇူလိုင်လ ၃ရက်နေ့မှာ ပွဲဦးထွက်ပြသမှာဖြစ်ပါတယ်။

MYit

zawgyi

ဒစ္စေနးပလပ္စ္ကေန လာမယ့္ဒရာမာ Red Swan အတြက္ ပိုစတာအသစ္ကိုထုတ္ေဖာ္ျပသလိုက္ပါတယ္။ ဒီဒရာမာမွာ Rain နဲ႔ Kim Ha Neul တို႔ကိုအတူတြဲေတြ႕ရမွာလည္းျဖစ္ပါတယ္။“Red Swan” ဒရာမာမွာ Kim Ha Neul က ေဂါက္သီးကစားသမားေဟာင္းတဦး Wan Sooအျဖစ္ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ သူကမ မ်ိဳး႐ိုးျမင့္ Hwain Group က အေမြဆက္ခံသူနဲ႔လက္ထပ္ထားသူျဖစ္ပါတယ္။ အေမြဆက္ခံေရးျပင္းထန္တဲ့ တိုက္ပြဲတခုေၾကာင့္သူမရဲ႕အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံရၿပီးေနာက္ သူမရဲ႕သက္ေတာ္ေစာင့္ Rain (Seo Do Yoo)ေၾကာင့္ လွ်ိဳ႕ဝွက္ခ်က္မ်ားလြန္းတဲ့မိသားစုနဲ႔ ရင္ဆိုင္လာႏိုင္ခဲ့ပါတယ္။ ။အသစ္ထြက္ရွိလာတဲ့ ပိုစတာမွာ Wan Soo နဲ႔ ရဲအရာရွိေဟာင္းျဖစ္တဲ့ သက္ေတာ္ေစာင့္ Do Yoo တို႔ၾကားမွာျဖစ္ေပၚလာမယ့္ အႏၲရာယ္ရွိတဲ့ဆက္ဆံေရးကို အရိပ္အႁမြက္ေဖာ္ျပေနပါတယ္။

Wan Soo က ေပြ႕ထားထားစဥ္ Do Yoo ရဲ႕မ်က္လုံးမ်ားက ျပင္းထန္တဲ့ အၾကည့္မ်ားနဲ႔သူမကိုကာကြယ္ဖို႔ စိတ္ပိုင္းျဖတ္ထားမႈကိုေတြ႕ျမင္ရပါတယ္။မ်က္ႏွာနဲ႔လက္မ်ားက ဒဏ္ရာမ်ားက ဘယ္လိုထိခိုက္မႈမ်ိဳးကိုမွ မေၾကာက္ေၾကာင္း၊မတုန႔္လႈပ္ေၾကာင္းကို ေဖာ္ျပထားပါတယ္။
တခ်ိန္တည္းမွာပဲ Wan Soo က ေၾကာက္လန႔္ေနပုံရေပမဲ့ သူမရဲ႕ခံယူခ်က္မ်ားကိုစြဲစြဲၿမဲၿမဲဆုပ္ကိုင္ထားတာကို သူမရဲ႕တည္ၿငိမ္တဲ့အၾကည့္ေတြထဲမွာေတြ႕ႏိုင္ပါတယ္။ပိုစတာစာတမ္းမွာ သူတို႔ရဲ႕မေရရာတဲ့ ဆက္ဆံေရးသေဘာသဘာဝကို မီးေမာင္းထိုးျပထားတဲ့“တေယာက္ကိုတေယာက္ မခ်စ္ႏိုင္ေပမဲ့၊ တေယာက္ကိုတေယာက္ေတာ့ ခြဲခြာေအာင္မလုပ္ႏိုင္”ဆိုတဲ့ စာသားကိုေရးသားထားပါတယ္။“Red Swan” ကို ဇူလိုင္လ ၃ရက္ေန႔မွာ ပြဲဦးထြက္ျပသမွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*