Gen V ဇာတ်လမ်းတွဲထဲကသရုပ်ဆောင် Chance Perdomo ရုတ်တရက်ကွယ်လွန်

Gen V နဲ့ Chilling Adventures of Sabrina ထဲကသရုပ်ဆောင်မင်းသား Chance Perdomo ဟာ မတ်လ 30 ရက်နေ့ကမော်တော် ဆိုင်ကယ်အက်ဆီးဒင့်ကြောင့်ကွယ်လွန်သွားပြီလို့သိရပါတယ်။သူကွယ်လွန်သွားချိန်မှာ အသက် 27 နှစ်ပဲရှိပါသေးတယ်။ Perdomo ဟာ Netflix ရဲ့ Chilling Adventures of Sabrina ဇာတ်လမ်းတွဲမှာ Ambrose Spellman အဖြစ်သရုပ်ဆောင်ခဲ့ပြီး Gen V ဇာတ်လမ်းတွဲမှာ Andre Anderson အဖြစ်နဲ့လူသိများသူဖြစ်ပါတယ်။

Chance Perdomo နဲ့အလုပ်တွဲလုပ်ဖူးသူတိုင်းက သူဟာအမြဲတမ်းပြုံးနေတတ်ပြီးချစ်စရာကောင်းသူတစ်ယောက်၊အလုပ်ကိုစိတ်အားထက်သန်စွာအမြဲကြိုးစားသူတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ Perdomo ဟာ ကယ်လ်ဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မှာမွေးဖွားသူဖြစ်ပြီး ကလေးဘဝမှာတင်အင်္ဂလန်နိုင်ငံကိုပြောင်းရွှေ့ခဲ့ရတဲ့အတွက်သူဟာ ဗြိတိန်-အမေရိကန် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ Gen V နဲ့ Chilling Adventures of Sabrina ဇာတ်လမ်းတွဲတွေထဲမပါဝင်ခင်မှာ ရုပ်သံရှိုးများစွာနဲ့ရုပ်ရှင်ဇာတ်လမ်းတိုတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ2018 TV Movie ဖြစ်တဲ့ Killed by My Debt ဇာတ်ကားနဲ့ BEFTA ဆုပေးပွဲမှာ Best Actor အဖြစ်ဆန်ခါတင်စာရင်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

Ju Ju

zawgyi

Gen V နဲ႔ Chilling Adventures of Sabrina ထဲကသ႐ုပ္ေဆာင္မင္းသား Chance Perdomo ဟာ မတ္လ 30 ရက္ေန႔ကေမာ္ေတာ္ ဆိုင္ကယ္အက္ဆီးဒင့္ေၾကာင့္ကြယ္လြန္သြားၿပီလို႔သိရပါတယ္။သူကြယ္လြန္သြားခ်ိန္မွာ အသက္ 27 ႏွစ္ပဲရွိပါေသးတယ္။ Perdomo ဟာ Netflix ရဲ႕ Chilling Adventures of Sabrina ဇာတ္လမ္းတြဲမွာ Ambrose Spellman အျဖစ္သ႐ုပ္ေဆာင္ခဲ့ၿပီး Gen V ဇာတ္လမ္းတြဲမွာ Andre Anderson အျဖစ္နဲ႔လူသိမ်ားသူျဖစ္ပါတယ္။

Chance Perdomo နဲ႔အလုပ္တြဲလုပ္ဖူးသူတိုင္းက သူဟာအၿမဲတမ္းၿပဳံးေနတတ္ၿပီးခ်စ္စရာေကာင္းသူတစ္ေယာက္၊အလုပ္ကိုစိတ္အားထက္သန္စြာအၿမဲႀကိဳးစားသူတစ္ေယာက္ျဖစ္တယ္လို႔ မွတ္ခ်က္ေပးထားၾကပါတယ္။ Perdomo ဟာ ကယ္လ္ဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ္မွာေမြးဖြားသူျဖစ္ၿပီး ကေလးဘဝမွာတင္အဂၤလန္ႏိုင္ငံကိုေျပာင္းေ႐ႊ႕ခဲ့ရတဲ့အတြက္သူဟာ ၿဗိတိန္-အေမရိကန္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ Gen V နဲ႔ Chilling Adventures of Sabrina ဇာတ္လမ္းတြဲေတြထဲမပါဝင္ခင္မွာ ႐ုပ္သံရႈိးမ်ားစြာနဲ႔႐ုပ္ရွင္ဇာတ္လမ္းတိုေတြအမ်ားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ သူဟာ2018 TV Movie ျဖစ္တဲ့ Killed by My Debt ဇာတ္ကားနဲ႔ BEFTA ဆုေပးပြဲမွာ Best Actor အျဖစ္ဆန္ခါတင္စာရင္းဝင္ခဲ့သူလည္းျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*