ဘန်ကောက်ဖျော်ဖြေရေးခရီးစဉ်ကို ကြေညာလိုက်တဲ့ Kim Soo Hyun

မင်းသား Kim Soo Hyun က Asia Tour EYES ON YOU အတွက် အသေးစိတ်ကိုကြေညာလိုက်ပါတယ်။မင်းသားက ၁၀နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ်အာရှဖျော်ဖြေရေးခရီးစဉ်ကိုစတင်ခဲ့တာလည်းဖြစ်ပါတယ်။မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ GOLD MEDALIST ကနေပြီးတော့ အာရှခရီးစဉ် “EYES ON YOU”ကို ဇွန်လ ၁၅ရက်နေ့မှာ ဘန်ကောက်မှာ စတင်မှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။“My Love From the Star” မှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာ ၂၀၂၄ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ဖျော်ဖြေရေးခရီးစဉ်ဖြစ်ပါတယ်။၁၀ နှစ်အတွင်းမှာ ပထမဆုံးလုပ်တဲ့ဖျော်ဖြေရေးခရီးစဉ်ဖြစ်ပါတယ်။

“EYES ON YOU” ဖျော်ဖြေပွဲကို ဇွန်လ ၁၅ ရက်နေ့မှာ ဘန်ကောက်မှာ စတင်မှာ ဖြစ်ပါတယ်။အဲဒီနောက် ဇွန်လ ၂၂ ရက်နဲ့ ၂၃ ရက်မှာ ယိုကိုဟားမားမှာ ပရိသတ်တွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ဇွန်လ ၂၉ ရက်မှာ မနီလာမှာ ဖျော်ဖြေမှာဖြစ်ပြီး ဇွန် ၂၉ ရက်မှာ ထိုင်ပေ၊ ဇူလိုင် ၆ ရက်မှာဟောင်ကောင်၊ သြဂုတ် ၁၀ ရက်မှာ ဟောင်ကောင်နဲ့ စက်တင်ဘာ ၇ ရက်မှာ ဂျကာတာကပရိသတ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီအာရှခရီးစဉ်က ဆိုးလ်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ဘန်ကောက်မှာ သူ့ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံမယ့် ၁၅ရက်နေ့ အစီအစဉ်အတွက်တော့
လက်မှတ်တွေက ရောင်းကုန်သွားပြီလို့ သိရပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*