Career လမ်းကြောင်း (၄) မျိုး
Career လမ်းကြောင်းတွေမှာတော့ အသိပညာအခြေခံလမ်းကြောင်း၊ကျွမ်းကျင်မှုအခြေခံလမ်းကြောင်း၊ စွန့်ဦးတီထွင်မှုအခြေခံလမ်း ကြောင်းနဲ့အလွတ်တန်းလမ်းကြောင်းဆိုပြီး လေးမျိုးရှိပါတယ်။ Career လမ်းကြောင်းတိုင်းက သင့်ကိုအလုပ်လုပ်ဖို့ ကူညီပေးတဲ့ တိကျတဲ့ အရည်အချင်းများနဲ့ ကိုက်ညီပါတယ်။ ဒီလေးချက်ကိုမျှဝေပေးချင်ပါတယ်။
အသိပညာအခြေခံလမ်းကြောင်း
အသိပညာအခြေခံ အသက်မွေးဝမ်းကြောင်းလမ်းကြောင်းများက သင့်အလုပ်အတွက်အချိန်နဲ့အမျှ သင်ရရှိထားတဲ့ အသိပညာကို အသုံး ချနိုင်စေပါတယ်။ လူ့စွမ်းအားအရင်းအမြစ်၊စျေးကွက်ရှာဖွေရေးနဲ့ စာရင်းကိုင်ဆိုင်ရာ ဝန်ထမ်းများအားလုံးက အသိပညာအခြေခံအသက် မွေးဝမ်းကျောင်းလမ်းကြောင်းကို လိုက်ကြတာပဲဖြစ်ပါတယ်။ ပြီးတော့အိုင်တီပညာရှင်များနဲ့ အင်ဂျင်နီယာပညာရှင်များကလည်း အသိ ပညာအခြေခံ Career လမ်းကြောင်းပဲဖြစ်ပါတယ်။
ကျွမ်းကျင်မှုအခြေခံလမ်းကြောင်း
ကျွမ်းကျင်မှုအခြေခံတဲ့ Career လုပ်ငန်းများက တိကျတဲ့အလုပ်တခုရဲ့ လုပ်ဆောင်မှုအားနားလည်သဘောပေါက်ဖို့ လိုပါတယ်။ တခါတလေမှာ ရုပ်ပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲရာမျာကိုယ်တိုင်ကိုယ်ကျပါဝင်တာ ဒါမှမဟုတ် ဝန်ဆောင်မှုကျွမ်းကျင်မှုများဖြစ်ပါတယ်။ဒီကျွမ်းကျင်မှု Career လမ်းကြောင်းမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းများသာမကအနုပညာရှင်များနဲ့ စားသောက်ဆိုင် စာဖိုးမှူးများပါ ပါဝင်ပါတယ်။ ဒီအလုပ်တွေကအသိပညာအခြေခံနဲ့ ကျွမ်းကျင်မှုအခြေခံအလုပ်ပေါင်းစပ်မှုတခုလိုအပ်နိုင်ပါတယ်။ ရှေ့နေများ၊ဆရာဝန်များ၊ အုပ်ချုပ်ရေးဝန်ထမ်းများနဲ့လည်း သက်ဆိုင်ပါတယ်။
စွန့်ဦးတီထွင်မှုအခြေခံလမ်းကြောင်း
စွန့်ဦးတီထွင်သူတစ်ဦးက ပြဿနာများကိုဖြေရှင်းပေးပါတယ်။ ဒါမှမဟုတ်ရင်လည်းသူတို့ရဲ့ကိုယ်ပိုင်ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ရောင်းချကြပါတယ်။စွန့်ဦးတီထွင်သူတစ်ဦးက အမှီအခိုကင်းစွာ အလုပ်လုပ်နိုင်တာ ဒါမှမဟုတ်ကုမ္ပဏီတစ်ခုစတင်ကာ ဝန်ထမ်းများကို ငှားရမ်းနိုင်ပါတယ်။ BetterUp အပါအဝင် startup အများအပြားသည် စွန့်ဦးတီထွင်သူတစ်ဦးကနေ စတင်ခဲ့ပြီး စားသုံးသူရဲ့ပြဿနာတွေကိုဖြေရှင်းပေးခဲ့ပါတယ်။
အလွတ်တန်းလမ်းကြောင်း
လူများက သီးခြားအလုပ် ဒါမှမဟုတ် ပရောဂျက်တစ်ခုကို လုပ်ဆောင်ဖို့ အမှီအခိုကင်းတဲ့ကန်ထရိုက်တာများကို ငှားရမ်းကြပါတယ်။ Freelancer တွေက ဂရပ်ဖစ်ဒီဇိုင်း၊ အတိုင်ပင်ခံ၊အိမ်ပြုပြင်ရေးနဲ့ ဓာတ်ပုံရိုက်တာအပါအဝင် ဝန်ဆောင်မှုများစွာကို ပေးဆောင်နိုင်ပါတယ်။ဒီအချက်လေးချက်ကတော့ Careerလမ်းကြောင်းလေးခုပဲဖြစ်ပါတယ်။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*