လုပ်ငန်းခွင်မှာ ကျင့်ဝတ်တန်ဖိုးရဲ့ အကျိုးကျေးဇူး (၅)ခု

မြင့်မားသော ကျင့်ဝတ်တန်ဖိုးများကို လက်ခံကျင့်သုံးတာက ကျန်းမာတဲ့လုပ်ငန်းခွင်ဖြစ်ဖို့အထောက်အကူဖြစ်စေတယ်ဆိုတာကို ထူးပြီးပြောဖို့မလိုတော့ပါဘူး။ လုပ်ငန်းခွင်မှာကျင့်ဝတ်တန်ဖိုးထားရှိတာရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချတာ

ကျင့်ဝတ်ဆိုင်ရာများကို ရှင်းရှင်းလင်းလင်းနားလည်လာတဲ့အခါမှာခက်ခဲတဲ့ဆုံးဖြတ်ချက်များချရာမှာ ပိုမိုလွယ်ကူလာပါတယ်။ သင်ယုံ ကြည်တဲ့အရာကအမှားအမှန်သိခြင်းက တခြားသူများနောက်လိုက်တာထက် သင့်ကိုယ်သင့်အားကိုးနိုင်ပါတယ်။

စိတ်ခံစားချက်ကောင်းတဲ့ အသိုင်းအဝိုင်းတခုဖန်တီးတာ

အလုပ်မှာ လုပ်ဖော်ကိုင်ဖက်များနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ဆိုရင် ကျင့်ဝတ်ပိုင်းဆိုင်ရာမှာအလေးထားဖို့လိုပါတယ်။ ဒါမှသာ စိတ်ခံစားချက်ကောင်းမွန်တဲ့အသိုင်းအဝိုင်းတခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ တူညီတဲ့ တန်ဖိုးများကို မျှပြတာ၊ မျှဝေထားတဲ့အမြင်များကို ချိတ်ဆက်ခံစားနိုင်တာတွေဖြစ်စေနိုင်ပါတယ်။

မိမိကိုယ်ကို လေးစားမှု ပိုအားကောင်းတာ

ကိုယ့်ရဲ့ဆုံးဖြတ်ချက်က လူကြိုက်များတာ ဒါမှမဟုတ် လူကြိုက်မများတဲ့တိုင်အောင်သမာဓိရှိရှိလုပ်ဆောင်နိုင်တာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ လေးစားမှုကိုပြသရာရောက်ပါတယ်။ သင့်ကိုယ်ပိုင်စည်းကမ်းများ၊ ကျင့်ဝတ်များအတိုင်းယုံကြည်ရာကိုဖော်ပြနိုင်ဖို့အရေး ကြီးပါတယ်။

စိုးရိမ်မှုနည်းပါးတာ

ကျင့်ဝတ်အရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များချရတဲ့အခါ အသိုင်းအဝိုင်းမှာအပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေအတွက် မှန် ကန်တဲ့ စံနမူနာဖြစ်စေပါတယ်။ကျင့်ဝတ်ကိုအခြေခံတဲ့ ဆုံးဖြတ်ချက်တိုင်းက စိုးရိမ်မှုကို နည်းပါးစေပါတယ်။

ယုံကြည်စိတ်ချရမှု တိုးလာတာ

မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းများကို ဖော်ပြတဲ့အခါ သင့်ဖောက်သည်များနဲ့လုပ်ဖော်ကိုင်ဖက်များက သင့်ကိုလေးစားပါတယ်။ အ လုပ်မှာသင့်ကိုယုံကြည်သူတိုးလာနိုင်ပါတယ်။ ဥပဒေအရပြဌာန်းမထားတဲ့ကျင့်ဝတ်ဆိုင်ရာအချက်တွေက လိုက်နာလို့လည်းရသလို၊ မလိုက်နာရင်လည်း ဘယ်သူကမှဥပဒေအရ အပြစ်ပေးတာမျိုးမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ကျင့်ဝတ်ဆိုင်ရာအချက်တွေကိုလိုက်နာတဲ့သူတွေကိုကတော့ လူအများရဲ့ယုံကြည်အားကိုးမှု၊လေးစားမှုကို ခံရနိုင်ပါတယ်။ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများကို လိုက်နာတာက သင့်စိတ်ပိုင်းဆိုင် ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးမြင့်စေပါတယ်။ ကျင့်ဝတ်များကိုလိုက်နာတာကအဖွဲ့အစည်းတခုလုံးရဲ့ကောင်းကျိုးအတွက် အထောက်အကူဖြစ်စေပါတယ်။

MYit

zawgyi












MYit

Be the first to comment

Leave a Reply

Your email address will not be published.


*