ကိုယ့်ကိုထိခိုက်အောင်လုပ်သူကိုအနိုင်ယူနိုင်ပြီလားဆိုတာဒီအချက်တွေနဲ့သုံးသပ်ပါ

ကျွန်မတို့တွေဟာ ကျောင်းပြီးလို့လုပ်ငန်းခွင်စဝင်ချိန်မှာ အလုပ်ကလူတွေကြောင့်စိတ်ထိခိုက်မှုကြုံရနိုင်သလို ဘဝတစ်လျှောက်လုံး ကိုယ့်ကိုစိတ်ထိခိုက်အောင်လုပ်သူတွေနဲ့တစ်ကွေ့မဟုတ်တစ်ကွေ့မှာ ကြုံရဦးမှာပဲဖြစ်ပါတယ်။ ရင့်ကျက်လာတဲ့တစ်နေ့မှာတော့ ကျွန်မတို့တွေဟာပတ်ဝန်းကျင်ကြောင့်စိတ်ထိခိုက်ရမှုနည်းပါးလာမှာဖြစ်သလို အရင်လောက်အချိန်ကြာကြာစိတ်ထိခိုက်ခံစားမနေတော့တာကိုလည်း သတိပြုမိလာမှာပါ။ ကိုယ်ဟာဒီလိုကိုယ့်ကိုစိတ်ထိခိုက်စေခဲ့တဲ့လူတွေနဲ့ အခြေအနေတွေကိုအောင်အောင်မြင်မြင်ကျော်လွှားနိုင်ပြီလားဆိုတာ ဒီအချက်တွေနဲ့ နှိုင်းယှဉ် သုံးသပ်ကြည့်နိုင်ပါတယ်။

ကိုယ့်ကမ္ဘာနဲ့ကိုယ်ပျော်နေပြီဆိုရင်
ကိုယ်ဟာဘယ်သူမှမရှိလည်း ပျော်နေတယ်၊ ကိုယ်လုပ်ရမယ့်အလုပ်တွေကိုလုပ်ရင်း၊ကိုယ်ဝါသနာပါရာတွေကို အချိန်ပေးရင်းပျော်နေတတ်ပြီဆိုရင်တော့ဒါဟာသင်စိတ်ထိခိုက်မနေတော့ဘူးဆိုတဲ့သက်သေပြချက်တစ်ခုပါ။

အရင်ကဝါသနာဟောင်းတွေပြန်စတင်နိုင်ပြီဆိုရင်
အရင်ကစာဖတ်ဝါသနာပါခဲ့သူ၊ ရုပ်ရှင်ကြည့်ရတာကြိုက်ခဲ့သူ၊ အစားအသောက်စားရတာကိုနှစ်သက်တဲ့သူဖြစ်ခဲ့ရင်တောင် တစ်ခုခုကြောင့် စိတ်ထိခိုက်မှုကြုံရတဲ့အခါ ဒီဝါသနာတွေကိုမလုပ်နိုင်တော့တာတွေ့ရမှာပါ။ စိတ်ထိခိုက်နေတဲ့အချိန်မှာ စာမဖတ်ချင်တော့ဘူး၊
ရုပ်ရှင်မကြည့်တော့ဘူး၊ ဘာပဲစားစားအရသာမရှိဘူးဆိုတာတွေကို တွေ့ကြုံဖူးမှာပါ။ မိမိအနေနဲ့ဝါသနာဟောင်းတွေကို လိုလိုလားလားပြန်လုပ်လာနိုင်ပြီဆိုရင်တော့ဒါဟာသင့်စိတ်ပြန်လည်ကျန်းမာသွားလို့ဖြစ်ပါတယ်။

သူတို့ဘာတွေလုပ်နေလဲသွားမကြည့်တော့ဘူး
ကိုယ့်ကိုစိတ်ထိခိုက်စေခဲ့တဲ့လူတွေကို သွားပတ်သက်နေမိသေးရင်၊ သူတို့ဘာတွေလုပ်နေလဲ၊ဘာတွေရေးနေလဲဆိုတာကို သွားချောင်းမိနေရင် ဒါဟာကိုယ်တကယ်မလွတ်မြောက်သေးလို့ပါ။တကယ်လို့သာ ကိုယ်ဟာသူတို့ကိုအနိုင်ရသွားပြီဆိုရင် သူတို့ဘာတွေလုပ်လုပ် ဘာတွေရေးရေးကိုယ့်ကိုစိတ်ထိခိုက်စေတော့မှာမဟုတ်သလို သူတို့အကြောင်းကိုလည်းလုံးဝလစ်လျူရှုနိုင်သွားမှာဖြစ်ပါတယ်။ပိုပြီးအဆင့်မြင့်သွားရင်တော့ သူတို့အဆင်ပြေပါစေလို့ပါ ဆုမွန်ကောင်းတောင်းနိုင်သွားမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်တော့ဘူး
ငါကိုက အသုံးမကျဘူး၊ စိတ်ကလည်းပျော့လိုက်တာစတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာတွေရပ်တန့်သွားမှာဖြစ်ပါတယ်။ ငါနာကျင်ခွင့်ရှိတယ်၊ ဒါပေမဲ့ရုန်းထနိုင်ရမယ်ဆိုတဲ့စိတ်မျိုးတွေနဲ့ကိုယ်ကိုယ်ကိုယ် ပြန်ထူမတ်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုထူမတ်လာချိန်မှာ ကိုယ့်ဘေးမှာရှိနေသူတွေဘာလုပ်နေတယ်၊ ဘယ်သူကတော့ဘယ်လိုအလုပ်တွေလုပ်နေတယ်ဆိုတာကိုပြန်ပြီးသတိထားမိလာတော့မှာဖြစ်ပါတယ်။

ရယ်မောချိန်တွေပိုများလာမယ်
ကိုယ်ဟာ စိတ်ထိခိုက်ရတဲ့အခြေအနေကိုကျော်လွှားနိုင်ပြီဆိုတာနဲ့ ရယ်မောတဲ့အချိန်တွေပိုများလာမှာဖြစ်ပါတယ်။ တစ်ချိန်လုံးငိုခဲ့ရာကနေ ရယ်တဲ့အချိန်လေးတွေရှိလာပြီးတော်တော်လေးဒဏ်ရာကျက်သွားချိန်မှာတော့ ရယ်မောချိန်တွေကပိုပြီးများလာတော့မှာဖြစ်ပါတယ်။ဒီအချက်တွေကို လုပ်ဆောင်လာနိုင်ပြီဆိုရင် ကိုယ့်ကိုစိတ်ထိခိုက်စေသူတွေကိုအောင်နိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ် ယောက်ယောက်ကြောင့်လဲကျရတဲ့အခါအခုအခြေအနေတွေကိုမြန်မြန်ရောက်လာအောင် ကြိုးစားရင်းပိုပြီးရင့်ကျက်သထက်ရင့်ကျက်သူတွေဖြစ်လာနိုင်စေဖို့ မျှ‌‌ဝေလိုက်ပါတယ်။

Ju Ju

zawgyi

ကြၽန္မတို႔ေတြဟာ ေက်ာင္းၿပီးလို႔လုပ္ငန္းခြင္စဝင္ခ်ိန္မွာ အလုပ္ကလူေတြေၾကာင့္စိတ္ထိခိုက္မႈႀကဳံရႏိုင္သလို ဘဝတစ္ေလွ်ာက္လုံး ကိုယ့္ကိုစိတ္ထိခိုက္ေအာင္လုပ္သူေတြနဲ႔တစ္ေကြ႕မဟုတ္တစ္ေကြ႕မွာ ႀကဳံရဦးမွာပဲျဖစ္ပါတယ္။ ရင့္က်က္လာတဲ့တစ္ေန႔မွာေတာ့ ကြၽန္မတို႔ေတြဟာပတ္ဝန္းက်င္ေၾကာင့္စိတ္ထိခိုက္ရမႈနည္းပါးလာမွာျဖစ္သလို အရင္ေလာက္အခ်ိန္ၾကာၾကာစိတ္ထိခိုက္ခံစားမေနေတာ့တာကိုလည္း သတိျပဳမိလာမွာပါ။ ကိုယ္ဟာဒီလိုကိုယ့္ကိုစိတ္ထိခိုက္ေစခဲ့တဲ့လူေတြနဲ႔ အေျခအေနေတြကိုေအာင္ေအာင္ျမင္ျမင္ေက်ာ္လႊားႏိုင္ၿပီလားဆိုတာ ဒီအခ်က္ေတြနဲ႔ ႏႈိင္းယွဥ္ သုံးသပ္ၾကည့္ႏိုင္ပါတယ္။

ကိုယ့္ကမာၻနဲ႔ကိုယ္ေပ်ာ္ေနၿပီဆိုရင္
ကိုယ္ဟာဘယ္သူမွမရွိလည္း ေပ်ာ္ေနတယ္၊ ကိုယ္လုပ္ရမယ့္အလုပ္ေတြကိုလုပ္ရင္း၊ကိုယ္ဝါသနာပါရာေတြကို အခ်ိန္ေပးရင္းေပ်ာ္ေနတတ္ၿပီဆိုရင္ေတာ့ဒါဟာသင္စိတ္ထိခိုက္မေနေတာ့ဘူးဆိုတဲ့သက္ေသျပခ်က္တစ္ခုပါ။

အရင္ကဝါသနာေဟာင္းေတြျပန္စတင္ႏိုင္ၿပီဆိုရင္
အရင္ကစာဖတ္ဝါသနာပါခဲ့သူ၊ ႐ုပ္ရွင္ၾကည့္ရတာႀကိဳက္ခဲ့သူ၊ အစားအေသာက္စားရတာကိုႏွစ္သက္တဲ့သူျဖစ္ခဲ့ရင္ေတာင္ တစ္ခုခုေၾကာင့္ စိတ္ထိခိုက္မႈႀကဳံရတဲ့အခါ ဒီဝါသနာေတြကိုမလုပ္ႏိုင္ေတာ့တာေတြ႕ရမွာပါ။ စိတ္ထိခိုက္ေနတဲ့အခ်ိန္မွာ စာမဖတ္ခ်င္ေတာ့ဘူး၊
႐ုပ္ရွင္မၾကည့္ေတာ့ဘူး၊ ဘာပဲစားစားအရသာမရွိဘူးဆိုတာေတြကို ေတြ႕ႀကဳံဖူးမွာပါ။ မိမိအေနနဲ႔ဝါသနာေဟာင္းေတြကို လိုလိုလားလားျပန္လုပ္လာႏိုင္ၿပီဆိုရင္ေတာ့ဒါဟာသင့္စိတ္ျပန္လည္က်န္းမာသြားလို႔ျဖစ္ပါတယ္။

သူတို႔ဘာေတြလုပ္ေနလဲသြားမၾကည့္ေတာ့ဘူး
ကိုယ့္ကိုစိတ္ထိခိုက္ေစခဲ့တဲ့လူေတြကို သြားပတ္သက္ေနမိေသးရင္၊ သူတို႔ဘာေတြလုပ္ေနလဲ၊ဘာေတြေရးေနလဲဆိုတာကို သြားေခ်ာင္းမိေနရင္ ဒါဟာကိုယ္တကယ္မလြတ္ေျမာက္ေသးလို႔ပါ။တကယ္လို႔သာ ကိုယ္ဟာသူတို႔ကိုအႏိုင္ရသြားၿပီဆိုရင္ သူတို႔ဘာေတြလုပ္လုပ္ ဘာေတြေရးေရးကိုယ့္ကိုစိတ္ထိခိုက္ေစေတာ့မွာမဟုတ္သလို သူတို႔အေၾကာင္းကိုလည္းလုံးဝလစ္လ်ဴရႈႏိုင္သြားမွာျဖစ္ပါတယ္။ပိုၿပီးအဆင့္ျမင့္သြားရင္ေတာ့ သူတို႔အဆင္ေျပပါေစလို႔ပါ ဆုမြန္ေကာင္းေတာင္းႏိုင္သြားမွာျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္အျပစ္မတင္ေတာ့ဘူး
ငါကိုက အသုံးမက်ဘူး၊ စိတ္ကလည္းေပ်ာ့လိုက္တာစတဲ့ ကိုယ့္ကိုယ္ကိုယ္အျပစ္တင္တာေတြရပ္တန႔္သြားမွာျဖစ္ပါတယ္။ ငါနာက်င္ခြင့္ရွိတယ္၊ ဒါေပမဲ့႐ုန္းထႏိုင္ရမယ္ဆိုတဲ့စိတ္မ်ိဳးေတြနဲ႔ကိုယ္ကိုယ္ကိုယ္ ျပန္ထူမတ္လာႏိုင္မွာျဖစ္ပါတယ္။ ဒီလိုထူမတ္လာခ်ိန္မွာ ကိုယ့္ေဘးမွာရွိေနသူေတြဘာလုပ္ေနတယ္၊ ဘယ္သူကေတာ့ဘယ္လိုအလုပ္ေတြလုပ္ေနတယ္ဆိုတာကိုျပန္ၿပီးသတိထားမိလာေတာ့မွာျဖစ္ပါတယ္။

ရယ္ေမာခ်ိန္ေတြပိုမ်ားလာမယ္
ကိုယ္ဟာ စိတ္ထိခိုက္ရတဲ့အေျခအေနကိုေက်ာ္လႊားႏိုင္ၿပီဆိုတာနဲ႔ ရယ္ေမာတဲ့အခ်ိန္ေတြပိုမ်ားလာမွာျဖစ္ပါတယ္။ တစ္ခ်ိန္လုံးငိုခဲ့ရာကေန ရယ္တဲ့အခ်ိန္ေလးေတြရွိလာၿပီးေတာ္ေတာ္ေလးဒဏ္ရာက်က္သြားခ်ိန္မွာေတာ့ ရယ္ေမာခ်ိန္ေတြကပိုၿပီးမ်ားလာေတာ့မွာျဖစ္ပါတယ္။ဒီအခ်က္ေတြကို လုပ္ေဆာင္လာႏိုင္ၿပီဆိုရင္ ကိုယ့္ကိုစိတ္ထိခိုက္ေစသူေတြကိုေအာင္ႏိုင္ၿပီလို႔ဆိုရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ ေယာက္ေယာက္ေၾကာင့္လဲက်ရတဲ့အခါအခုအေျခအေနေတြကိုျမန္ျမန္ေရာက္လာေအာင္ ႀကိဳးစားရင္းပိုၿပီးရင့္က်က္သထက္ရင့္က်က္သူေတြျဖစ္လာႏိုင္ေစဖို႔ မွ်‌‌ေဝလိုက္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*