သင့်ရည်းစားဟောင်းက သင့်ကို လွမ်းဆွတ်နေတဲ့ ရိုးရှင်းတဲ့ လက္ခဏာ (၄) ခု

တခါတလေမှာ လမ်းခွဲပြီးနောက်မှာ တိတ်ဆိတ်မှုတွေနဲ့ ရှေ့ဆက်သွားနေသလိုပဲ တခါတလေမှာသူက သင့်ကိုလွမ်းနေသလားလို့ သင်တွေးဖူးတယ်ဆိုရင် ဒါက သင်တယောက်ထဲမဟုတ်ပါဘူး။သင့်ရည်းစားဟောင်းက သင့်ကို လွမ်းနေတယ်ဆိုတာသိနိုင်တဲ့ ရိုးရှင်းတဲ့
လက္ခဏာတွေရှိပါတယ်။

ပိုပြီးဆက်သွယ်လာတာ

တကယ်လို့ သင့်ရည်းစားဟောင်းက သင့်ဆီကို မကြာခဏဆက်သွယ်လာတာ၊ဆိုရှယ်မီဒီယာပို့စ်များမှာ မှတ်ချက်ပေးတာ ဒါမှမဟုတ် အကြောင်းပြချက်မရှိဘဲ့ သင့်ကို SMS ပို့ပေးတာတွေကသင့်ကို လွမ်းဆွတ်နေတဲ့ လက္ခဏာတွေပါပဲ။အဆက်အသွယ်မပြတ်စေဖို့အ တွက် ဒီသေးငယ်တဲ့ ကြိုးစားမှုတွေကို မကြာခဏဆိုသလိုပြတတ်ပြီး သူတို့သင့်ကို စွန့်လွှတ်ဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုလိုပါတယ်။

လွမ်းဆွတ်ဖွယ်အမှတ်တရများကို သယ်ဆောင်လာတာ

နှစ်ယောက်စလုံး မျှဝေခဲ့တဲ့ အချိန်ကောင်းတွေကို မင်းရဲ့ရည်းစားဟောင်းက သတိရနေသလား။မကြာခဏ အမှတ်ရစရာများ ဒါမှမဟုတ် သင်နဲ့အတူရှိခဲ့တဲ့ “ပျော်စရာနေ့စွဲများ အကြောင်းကိုမကြာခဏပြောနေတယ်ဆိုရင် ဒီအချိန်တွေကို လွမ်းဆွတ်မိကြောင်း အချက်ပြနေတာပါ။

မနာလိုတဲ့ လက္ခဏာများ ပြသတာ

သင့်ရည်စားဟောင်းက သင်လူသစ်တယောက်နဲ့ချိန်းတွေ့တဲ့အခါ ဒါမှမဟုတ်တခြားတယောက်နဲ့တွဲတွေ့အခါ စိတ်မသက်မသာဖြစ်နေပုံ ဒါမှမဟုတ် မနာလိုဖြစ်နေတာကိုသတိပြုမိတယ်ဆိုရင် ဒါက သင့်အပေါ်မှာ ခံစားချက်ရှိနေသေးတယ်ဆိုတာရှင်းရှင်းလင်းလင်းသိနိုင် ပါတယ်။

သူတို့က မင်းနဲ့တွေ့ဖို့ ဆင်ခြေတွေပေးတာ

မင်းရဲ့ရည်းစားဟောင်းက မင်းကိုတွေ့ဖို့ အသေးအဖွဲလို့ထင်ရတဲ့ အကြောင်းပြချက်တွေ ရှာပြီးလာတွေ့တတ်သလား။ သူတို့ ချန်ထားခဲ့တဲ့ တစ်ခုခုကို ပြန်ယူဖို့ ဒါမှမဟုတ် မင်းရဲ့ တစ်ခုခုကိုပြန်ပေးဖို့ ဖြစ်နိုင်လား။ ဒီဆင်ခြေလေးတွေက သင့်ပတ်ဝန်းကျင်မှာ ရှိနေတာကိုလွမ်း ဆွတ်နေမယ့် အရိပ်အယောင်တစ်ခုပါပဲ။

MYit

zawgyi

တခါတေလမွာ လမ္းခြဲၿပီးေနာက္မွာ တိတ္ဆိတ္မႈေတြနဲ႔ ေရွ႕ဆက္သြားေနသလိုပဲ တခါတေလမွာသူက သင့္ကိုလြမ္းေနသလားလို႔ သင္ေတြးဖူးတယ္ဆိုရင္ ဒါက သင္တေယာက္ထဲမဟုတ္ပါဘူး။သင့္ရည္းစားေဟာင္းက သင့္ကို လြမ္းေနတယ္ဆိုတာသိႏိုင္တဲ့ ႐ိုးရွင္းတဲ့
လကၡဏာေတြရွိပါတယ္။

ပိုၿပီးဆက္သြယ္လာတာ

တကယ္လို႔ သင့္ရည္းစားေဟာင္းက သင့္ဆီကို မၾကာခဏဆက္သြယ္လာတာ၊ဆိုရွယ္မီဒီယာပို႔စ္မ်ားမွာ မွတ္ခ်က္ေပးတာ ဒါမွမဟုတ္ အေၾကာင္းျပခ်က္မရွိဘဲ့ သင့္ကို SMS ပို႔ေပးတာေတြကသင့္ကို လြမ္းဆြတ္ေနတဲ့ လကၡဏာေတြပါပဲ။အဆက္အသြယ္မျပတ္ေစဖို႔အ တြက္ ဒီေသးငယ္တဲ့ ႀကိဳးစားမႈေတြကို မၾကာခဏဆိုသလိုျပတတ္ၿပီး သူတို႔သင့္ကို စြန႔္လႊတ္ဖို႔ အသင့္မျဖစ္ေသးဘူးလို႔ ဆိုလိုပါတယ္။

လြမ္းဆြတ္ဖြယ္အမွတ္တရမ်ားကို သယ္ေဆာင္လာတာ

ႏွစ္ေယာက္စလုံး မွ်ေဝခဲ့တဲ့ အခ်ိန္ေကာင္းေတြကို မင္းရဲ႕ရည္းစားေဟာင္းက သတိရေနသလား။မၾကာခဏ အမွတ္ရစရာမ်ား ဒါမွမဟုတ္ သင္နဲ႔အတူရွိခဲ့တဲ့ “ေပ်ာ္စရာေန႔စြဲမ်ား အေၾကာင္းကိုမၾကာခဏေျပာေနတယ္ဆိုရင္ ဒီအခ်ိန္ေတြကို လြမ္းဆြတ္မိေၾကာင္း အခ်က္ျပေနတာပါ။

မနာလိုတဲ့ လကၡဏာမ်ား ျပသတာ

သင့္ရည္စားေဟာင္းက သင္လူသစ္တေယာက္နဲ႔ခ်ိန္းေတြ႕တဲ့အခါ ဒါမွမဟုတ္တျခားတေယာက္နဲ႔တြဲေတြ႕အခါ စိတ္မသက္မသာျဖစ္ေနပုံ ဒါမွမဟုတ္ မနာလိုျဖစ္ေနတာကိုသတိျပဳမိတယ္ဆိုရင္ ဒါက သင့္အေပၚမွာ ခံစားခ်က္ရွိေနေသးတယ္ဆိုတာရွင္းရွင္းလင္းလင္းသိႏိုင္ ပါတယ္။

သူတို႔က မင္းနဲ႔ေတြ႕ဖို႔ ဆင္ေျခေတြေပးတာ

မင္းရဲ႕ရည္းစားေဟာင္းက မင္းကိုေတြ႕ဖို႔ အေသးအဖြဲလို႔ထင္ရတဲ့ အေၾကာင္းျပခ်က္ေတြ ရွာၿပီးလာေတြ႕တတ္သလား။ သူတို႔ ခ်န္ထားခဲ့တဲ့ တစ္ခုခုကို ျပန္ယူဖို႔ ဒါမွမဟုတ္ မင္းရဲ႕ တစ္ခုခုကိုျပန္ေပးဖို႔ ျဖစ္ႏိုင္လား။ ဒီဆင္ေျခေလးေတြက သင့္ပတ္ဝန္းက်င္မွာ ရွိေနတာကိုလြမ္း ဆြတ္ေနမယ့္ အရိပ္အေယာင္တစ္ခုပါပဲ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*