ကိုယ်လုံးတီးအပျော်စီးသင်္ဘော ဖလော်ရီဒါကနေ ၂၀၂၅ခုနှစ်မှာ ၁၁ရက်ကြာရွက်လွှင့်ရန်စီစဉ်

ပေါ့ပေါ့ပါးပါးခရီးသွားရတာကို ကြိုက်လား။ ဖလော်ရီဒါကနေ ရွက်လွှင့်ရန်အတွက်ကိုယ်လုံးတီးအပျော်စီးသင်္ဘောတစီးဖြစ်တဲ့ The Big Nude Boat က ကြေညာထားပါတယ်။အဆိုပါကြေညာချက်မှာ မိုင်ယာမီကနေ ကာရေဘီယံသို့ ၁၁ရက်ကြာစွန့်စားမှုတခုဖြစ်ကြောင်း
ဝက်ဆိုက်မှာဖော်ပြထားပါတယ်။ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့မှ ချစ်သူများနေ့အထိ ရွက်လွှင့်မယ့် အဆိုပါခရီးစဉ်မှာခရီးသည် ၂၃၀၀အထိ ဝတ်လစ်စားလစ်ဖြင့် ပင်လယ်ပြင်မှာ “စိတ်ဖိစီးမှုကင်းစင်ပြီးအဝတ်အစားမပါတဲ့အတွေ့အကြုံ”ကို ခံစားနိုင်မယ်လို့ ဖော်ပြထားပါတယ်။ဘာဝတ်ရမယ်ဆိုတာ ဆုံးဖြတ်စရာမလိုဘဲ ဇိမ်ကျကျနဲ့သွားနိုင်ဖို့ဝန်ဆောင်မှုပေးရတာဝမ်းသာပါတယ်လို့ Bare Necessities Tour and Travel က ပြောကြားခဲ့ပါတယ်။သင်္ဘောဆိုက်ကပ်တဲ့အခါမှာ ခရီးသည်များကို ကိုယ်လုံးတီးဝတ်ဆင်ခွင့်မပြုပေမဲ့ကျောက်ချရပ်နားတာ ဒါမှမဟုတ် ရေထဲမှာဆိုရင်တော့ ကိုယ်လုံးတီးနေခွင့်ရှိပါတယ်။ဒါ့အပြင် ဒီခရီးစဉ်ကိုလိုက်ပါမယ်ဆိုရင် စံနာမူနာပြ ကျင့်ဝတ်တွေကိုလည်း လိုက်နာရမယ်လို့ဝက်ဆိုက်က ပြောပြထားပါတယ်။

ရေကူးကန်ကုန်းပတ်ရှိကိုယ်တိုင်ဘူးဖေးနေရာကအဝတ်မပါဘဲ ခွင့်ပြုထားပေမဲ့ ထမင်းစားခန်းမှာတော့ အစားအသောက်စားတဲ့အခါအ ဝတ်အစားဝတ်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။ Social nudity က လိင်ပိုင်းဆိုင်ရာအပြုအမူတခုမဟုတ်ပါဘူးလို့ ကုမ္ပဏီက ဖော်ပြထားပါတယ်။ဆိပ်ကမ်းရှိ အခြားသင်္ဘောများရှေ့တွင် ကိုယ်တုံးလုံးဖြင့် ပွတ်သပ်ခြင်း သို့မဟုတ်မသင့်လျော်သော ထိတွေ့ခြင်းကို တား မြစ်ထားပါတယ်။ဆိုရှယ်မီဒီယာမှာ အကြောက်လွန်သူတွေကို စိတ်အေးချမ်းစေမယ့် နောက်ထပ်အရေးကြီးတဲ့စည်းမျဉ်းတစ်ခုကတော့ ခရီးသည်တွေရဲ့ သဘောဆန္ဒမပါဘဲ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ခြင်းကိုတားမြစ်ထားတယ်လို့ ခရီးသွားကုမ္ပဏီက ဆိုပါတယ်။

MYit

zawgyi

ေပါ့ေပါ့ပါးပါးခရီးသြားရတာကို ႀကိဳက္လား။ ဖေလာ္ရီဒါကေန ႐ြက္လႊင့္ရန္အတြက္ကိုယ္လုံးတီးအေပ်ာ္စီးသေဘၤာတစီးျဖစ္တဲ့ The Big Nude Boat က ေၾကညာထားပါတယ္။အဆိုပါေၾကညာခ်က္မွာ မိုင္ယာမီကေန ကာေရဘီယံသို႔ ၁၁ရက္ၾကာစြန႔္စားမႈတခုျဖစ္ေၾကာင္း
ဝက္ဆိုက္မွာေဖာ္ျပထားပါတယ္။ ၂၀၂၅ခုႏွစ္ ေဖေဖာ္ဝါရီလ ၃ရက္ေန႔မွ ခ်စ္သူမ်ားေန႔အထိ ႐ြက္လႊင့္မယ့္ အဆိုပါခရီးစဥ္မွာခရီးသည္ ၂၃၀၀အထိ ဝတ္လစ္စားလစ္ျဖင့္ ပင္လယ္ျပင္မွာ “စိတ္ဖိစီးမႈကင္းစင္ၿပီးအဝတ္အစားမပါတဲ့အေတြ႕အႀကဳံ”ကို ခံစားႏိုင္မယ္လို႔ ေဖာ္ျပထားပါတယ္။ဘာဝတ္ရမယ္ဆိုတာ ဆုံးျဖတ္စရာမလိုဘဲ ဇိမ္က်က်နဲ႔သြားႏိုင္ဖို႔ဝန္ေဆာင္မႈေပးရတာဝမ္းသာပါတယ္လို႔ Bare Necessities Tour and Travel က ေျပာၾကားခဲ့ပါတယ္။သေဘၤာဆိုက္ကပ္တဲ့အခါမွာ ခရီးသည္မ်ားကို ကိုယ္လုံးတီးဝတ္ဆင္ခြင့္မျပဳေပမဲ့ေက်ာက္ခ်ရပ္နားတာ ဒါမွမဟုတ္ ေရထဲမွာဆိုရင္ေတာ့ ကိုယ္လုံးတီးေနခြင့္ရွိပါတယ္။ဒါ့အျပင္ ဒီခရီးစဥ္ကိုလိုက္ပါမယ္ဆိုရင္ စံနာမူနာျပ က်င့္ဝတ္ေတြကိုလည္း လိုက္နာရမယ္လို႔ဝက္ဆိုက္က ေျပာျပထားပါတယ္။

ေရကူးကန္ကုန္းပတ္ရွိကိုယ္တိုင္ဘူးေဖးေနရာကအဝတ္မပါဘဲ ခြင့္ျပဳထားေပမဲ့ ထမင္းစားခန္းမွာေတာ့ အစားအေသာက္စားတဲ့အခါအ ဝတ္အစားဝတ္ဆင္ရမယ္လို႔ ေဖာ္ျပထားပါတယ္။ Social nudity က လိင္ပိုင္းဆိုင္ရာအျပဳအမူတခုမဟုတ္ပါဘူးလို႔ ကုမၸဏီက ေဖာ္ျပထားပါတယ္။ဆိပ္ကမ္းရွိ အျခားသေဘၤာမ်ားေရွ႕တြင္ ကိုယ္တုံးလုံးျဖင့္ ပြတ္သပ္ျခင္း သို႔မဟုတ္မသင့္ေလ်ာ္ေသာ ထိေတြ႕ျခင္းကို တား ျမစ္ထားပါတယ္။ဆိုရွယ္မီဒီယာမွာ အေၾကာက္လြန္သူေတြကို စိတ္ေအးခ်မ္းေစမယ့္ ေနာက္ထပ္အေရးႀကီးတဲ့စည္းမ်ဥ္းတစ္ခုကေတာ့ ခရီးသည္ေတြရဲ႕ သေဘာဆႏၵမပါဘဲ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြ ႐ိုက္ျခင္းကိုတားျမစ္ထားတယ္လို႔ ခရီးသြားကုမၸဏီက ဆိုပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*