မင်းသမီးကြီး ဘေဒူနာကိုပြန်လည်မြင်တွေ့ရမယ့် Family Plan

ကိုရီးယားမင်းသမီးတော်တော်များများမှာတွေ့ရနိုင်တဲ့ အလှအပနဲ့သရုပ်ဆောင်ပုံတွေကနေကွဲထွက်ပြီးကျရာဇာတ်ရုပ်မှာပီပြင်အောင်သရုပ်ဆောင်တတ်တဲ့ဘေဒူနာကမြန်မာပရိသတ်နဲ့ရင်းနှီးပြီးသား အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သူမက Take care of my cat ၊ A girl at my door လိုဇာတ်ကားမျိုးတွေနဲ့သရုပ်ဆောင်ပိုင်းမှာအောင်မြင်မှုတွေရခဲ့သလို ဒရာမာစီးရီး ၁၉ ခုထိရိုက်ကူးပြီးစီးခဲ့သူလည်းဖြစ်ပါတယ်။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့သူမကလက်ရှိအချိန်မှာလည်းအနုပညာအလုပ်တွေလုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အောက်တိုဘာလ၊ ၅ ရက်နေ့က ဘေဒူနာရဲ့အေဂျင်စီဖြစ်တဲ့ Goodman Story ကသူမဟာနောက်ထပ်ဇာတ်လမ်းတွဲသစ်တစ်ခုမှာပါဝင်နိုင်ဖို့ ပြင်ဆင်နေပြီလို့သိရပါတယ်။သူမဟာ Family Plan လို့နာမည်ပေးထားတဲ့ စိတ်လှုပ်ရှားဖွယ် Thriller အမျိုးအစားဇာတ်လမ်းတွဲမှာပါဝင်နိုင်ခြေရှိနေပါတယ်။ဒီဇာတ်လမ်းတွဲဟာ ပြစ်မှုကျူးလွန်သူတွေကိုအပြစ်ပေးရာမှာနစ်နာသူတွေခံစားခဲ့ရတဲ့အတိုင်းပြန်သိမြင်ခံစားစေဖို့အတွက် Brain Hacking ကိုအသုံးပြုတဲ့အကြောင်းအဓိကရိုက်ကူးမှာဖြစ်ပါတယ်။ Family Plan ဇာတ်လမ်းတွဲမှာမင်းသား ကြီး Ryoo Seung Bum လည်းပါဝင်ဖို့ရှိနေပါတယ်။

Ju Ju

zawgyi

ကိုရီးယားမင္းသမီးေတာ္ေတာ္မ်ားမ်ားမွာေတြ႕ရႏိုင္တဲ့ အလွအပနဲ႔သ႐ုပ္ေဆာင္ပုံေတြကေနကြဲထြက္ၿပီးက်ရာဇာတ္႐ုပ္မွာပီျပင္ေအာင္သ႐ုပ္ေဆာင္တတ္တဲ့ေဘဒူနာကျမန္မာပရိသတ္နဲ႔ရင္းႏွီးၿပီးသား အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။သူမက Take care of my cat ၊ A girl at my door လိုဇာတ္ကားမ်ိဳးေတြနဲ႔သ႐ုပ္ေဆာင္ပိုင္းမွာေအာင္ျမင္မႈေတြရခဲ့သလို ဒရာမာစီးရီး ၁၉ ခုထိ႐ိုက္ကူးၿပီးစီးခဲ့သူလည္းျဖစ္ပါတယ္။ အသက္ ၄၃ ႏွစ္ရွိၿပီျဖစ္တဲ့သူမကလက္ရွိအခ်ိန္မွာလည္းအႏုပညာအလုပ္ေတြလုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

ေအာက္တိုဘာလ၊ ၅ ရက္ေန႔က ေဘဒူနာရဲ႕ေအဂ်င္စီျဖစ္တဲ့ Goodman Story ကသူမဟာေနာက္ထပ္ဇာတ္လမ္းတြဲသစ္တစ္ခုမွာပါဝင္ႏိုင္ဖို႔ ျပင္ဆင္ေနၿပီလို႔သိရပါတယ္။သူမဟာ Family Plan လို႔နာမည္ေပးထားတဲ့ စိတ္လႈပ္ရွားဖြယ္ Thriller အမ်ိဳးအစားဇာတ္လမ္းတြဲမွာပါဝင္ႏိုင္ေျခရွိေနပါတယ္။ဒီဇာတ္လမ္းတြဲဟာ ျပစ္မႈက်ဴးလြန္သူေတြကိုအျပစ္ေပးရာမွာနစ္နာသူေတြခံစားခဲ့ရတဲ့အတိုင္းျပန္သိျမင္ခံစားေစဖို႔အတြက္ Brain Hacking ကိုအသုံးျပဳတဲ့အေၾကာင္းအဓိက႐ိုက္ကူးမွာျဖစ္ပါတယ္။ Family Plan ဇာတ္လမ္းတြဲမွာမင္းသား ႀကီး Ryoo Seung Bum လည္းပါဝင္ဖို႔ရွိေနပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*