တေလာဆွပ်ဖ်ရဲ့အယ်လ်ဘမ်အသစ်အပေါ် ချစ်သူဟောင်းလေး Matty ဘယ်လိုတုံ့ပြန်သလဲ

တေလာဆွပ်ဖ်ရဲ့မကြာခင်ကဖြန့်ချိခဲ့တဲ့ The Tortured Poets Department (TTPD) အယ်လ်ဘမ်ဟာသီချင်း 31 ပုဒ်ပါဝင်ပြီး တစ်ရက်အတွင်း Stream အများဆုံးအယ်လ်ဘမ်အဖြစ်စံချိန်တင်သွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ 10ချပ်မြောက်အယ်လ်ဘမ်ဖြစ်တဲ့ Midnights ထက် Stream စံချိန်ချိုးသွားခဲ့ပြီး pre-order မှာယူမှုအများဆုံးအဖြစ်လည်းစံချိန်တင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့စိတ်ခံစားချက်၊ အတွေးအမြင်၊အချစ်ရေး အားလုံးကို သီချင်းထဲထည့်ရေးလေ့ရှိတဲ့ တေလာကသူမရဲ့အယ်လ်ဘမ်အသစ်မှာ ရောချစ်သူဟောင်းတွေနဲ့ပတ်သက်ပြီး ဘာတွေထည့်ရေးထားမလဲဆိုတာ ပရိသတ်တွေကစိတ်ဝင်စားလေ့ရှိကြတာသဘာဝပါ။

လက်ရှိမှာလည်း တေလာနဲ့Post Malone တို့သီဆိုထားတဲ့ Fortnight သီချင်းဟာ ခဏတာသာတွဲလိုက်တဲ့ချစ်သူဟောင်း Matty Healy ကိုရည်ညွှန်းထားတာလို့လူတွေကပြောဆိုနေကြတာဖြစ်ပါတယ်။တေလာအနေနဲ့ Joe Alwyn နဲ့ပြတ်စဲပြီး Travis Kelce နဲ့တရားဝင်မတွဲခင်ကြားမှာ Matty Healy နဲ့ချစ်သူဖြစ်ခဲ့ပါသေးတယ်။ သူတို့နှစ်ဦးဟာ ခင်မင်သိကျွမ်းလာတဲ့သက်တမ်း 10 နှစ်ကျော်ခန့်ကြာပြီဖြစ်ပေမယ့် ချစ်သူတွေအဖြစ်အချိန်ခဏပဲတွဲလိုက်ကြတာပါ။လောလောလတ်လတ်ချစ်သူဟောင်းလို့ဆိုရမယ့် Matty Healy ကတော့တေလာဆွပ်ဖ်ရဲ့သီချင်းသစ်တွေနဲ့ပတ်သက်ပြီး ဘာမှအံ့သြစရာမရှိဘူးလို့ ပြောခဲ့ပါတယ်တဲ့။သူရော သူမရောက ဖြစ်ပျက်ခဲ့တာတွေကိုအကုန်သိပြီးသားမို့ သီချင်းတွေကိုမအံ့သြဘူးလို့ပြောခဲ့တာဖြစ်တယ်လို့ Matty Healy ရဲ့အဒေါ်ဖြစ်သူက ဖွင့်ပြောလာတာပါ။ Matty Healy ဟာလည်းလက်ရှိမှာမော်ဒယ်လ် Gabbriette Bechtel နဲ့ချစ်သူတွေဖြစ်နေပြီးသာယာတဲ့ချစ်သူဘဝကိုရရှိနေပြီလို့သိရပါတယ်။

Ju Ju

zawgyi

ေတလာဆြပ္ဖ္ရဲ႕မၾကာခင္ကျဖန႔္ခ်ိခဲ့တဲ့ The Tortured Poets Department (TTPD) အယ္လ္ဘမ္ဟာသီခ်င္း 31 ပုဒ္ပါဝင္ၿပီး တစ္ရက္အတြင္း Stream အမ်ားဆုံးအယ္လ္ဘမ္အျဖစ္စံခ်ိန္တင္သြားခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ 10ခ်ပ္ေျမာက္အယ္လ္ဘမ္ျဖစ္တဲ့ Midnights ထက္ Stream စံခ်ိန္ခ်ိဳးသြားခဲ့ၿပီး pre-order မွာယူမႈအမ်ားဆုံးအျဖစ္လည္းစံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။ သူမရဲ႕စိတ္ခံစားခ်က္၊ အေတြးအျမင္၊အခ်စ္ေရး အားလုံးကို သီခ်င္းထဲထည့္ေရးေလ့ရွိတဲ့ ေတလာကသူမရဲ႕အယ္လ္ဘမ္အသစ္မွာ ေရာခ်စ္သူေဟာင္းေတြနဲ႔ပတ္သက္ၿပီး ဘာေတြထည့္ေရးထားမလဲဆိုတာ ပရိသတ္ေတြကစိတ္ဝင္စားေလ့ရွိၾကတာသဘာဝပါ။

လက္ရွိမွာလည္း ေတလာနဲ႔Post Malone တို႔သီဆိုထားတဲ့ Fortnight သီခ်င္းဟာ ခဏတာသာတြဲလိုက္တဲ့ခ်စ္သူေဟာင္း Matty Healy ကိုရည္ၫႊန္းထားတာလို႔လူေတြကေျပာဆိုေနၾကတာျဖစ္ပါတယ္။ေတလာအေနနဲ႔ Joe Alwyn နဲ႔ျပတ္စဲၿပီး Travis Kelce နဲ႔တရားဝင္မတြဲခင္ၾကားမွာ Matty Healy နဲ႔ခ်စ္သူျဖစ္ခဲ့ပါေသးတယ္။ သူတို႔ႏွစ္ဦးဟာ ခင္မင္သိကြၽမ္းလာတဲ့သက္တမ္း 10 ႏွစ္ေက်ာ္ခန႔္ၾကာၿပီျဖစ္ေပမယ့္ ခ်စ္သူေတြအျဖစ္အခ်ိန္ခဏပဲတြဲလိုက္ၾကတာပါ။ေလာေလာလတ္လတ္ခ်စ္သူေဟာင္းလို႔ဆိုရမယ့္ Matty Healy ကေတာ့ေတလာဆြပ္ဖ္ရဲ႕သီခ်င္းသစ္ေတြနဲ႔ပတ္သက္ၿပီး ဘာမွအံ့ၾသစရာမရွိဘူးလို႔ ေျပာခဲ့ပါတယ္တဲ့။သူေရာ သူမေရာက ျဖစ္ပ်က္ခဲ့တာေတြကိုအကုန္သိၿပီးသားမို႔ သီခ်င္းေတြကိုမအံ့ၾသဘူးလို႔ေျပာခဲ့တာျဖစ္တယ္လို႔ Matty Healy ရဲ႕အေဒၚျဖစ္သူက ဖြင့္ေျပာလာတာပါ။ Matty Healy ဟာလည္းလက္ရွိမွာေမာ္ဒယ္လ္ Gabbriette Bechtel နဲ႔ခ်စ္သူေတြျဖစ္ေနၿပီးသာယာတဲ့ခ်စ္သူဘဝကိုရရွိေနၿပီလို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*