ဂါဇာက ကလေးတွေအတွက်အမေရိကန်ဒေါ်လာ ၄၅၀၀၀ လှူဒါန်းခဲ့တဲ့ချန်ဂင်

နန်းတွင်းရတနာဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေအချစ်ပိုခဲ့တဲ့ ချန်ဂင်(လီယောင်အေး) က ဂါဇာကကလေးတွေအတွက် ဒေါ်လာ ၄၅၀၀၀ လှူဒါန်းလိုက်တယ်လို့သိရပါတယ်။ ဒေါ်လာ ၄၅၀၀၀ ဟာကိုရီးယားဝမ် သန်း ၅၀ နဲ့ညီမျှပါတယ်။သူမဟာ Korea Red Cross မှာတဆင့်ဒီအလှူငွေတွေကိုလှူဒါန်းခဲ့တာဖြစ်ပြီး ဂါဇာပဋိပက္ခအတွင်းအရေးပေါ်ကုသဖို့လိုအပ်နေတဲ့ကလေးများအတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လီယောင်အေးက “ဒီပဋိပက္ခစစ်ပွဲကနေ နေ့တိုင်းမြင်တွေ့နေရတဲ့သတင်းတွေကကျွန်မကိုအရမ်းကိုစိတ်ထိခိုက်စေပါတယ်။ ကျွန်မရဲ့လှူ ဒါန်းမှုလေးကမိသားစုဝင်ဆုံးရှုံးသွားရတဲ့ကလေးတွေ၊ တုန်လှုပ်ချောက်ချားစရာဖြစ်ရပ်ကနေစိတ်ရောကိုယ်ပါထိခိုက်ခံစားနေရတဲ့က လေးတွေအတွက် အကူအညီတစ်ခုဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ပြောခဲ့ပါတယ်။သူမဟာပြီးခဲ့တဲ့ဩဂုတ်လကလည်း ဟာဝိုင်အီမှာရှိတဲ့ Maui Island ကတောမီးဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုလုပ်ခဲ့ပါသေးတယ်။အနုပညာလှုပ်ရှားမှုအနေနဲ့လီယောင်အေးဟာ ဒီ ဇင်ဘာလ ၉ ရက်နေ့မှာစတင်ထုတ်လွှင့်မယ့် Maestro ဆိုတဲ့ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ထားပါတယ်။

Ju Ju

zawgyi

နန္းတြင္းရတနာဇာတ္လမ္းတြဲနဲ႔ ျမန္မာပရိသတ္ေတြအခ်စ္ပိုခဲ့တဲ့ ခ်န္ဂင္(လီေယာင္ေအး) က ဂါဇာကကေလးေတြအတြက္ ေဒၚလာ ၄၅၀၀၀ လႉဒါန္းလိုက္တယ္လို႔သိရပါတယ္။ ေဒၚလာ ၄၅၀၀၀ ဟာကိုရီးယားဝမ္ သန္း ၅၀ နဲ႔ညီမွ်ပါတယ္။သူမဟာ Korea Red Cross မွာတဆင့္ဒီအလႉေငြေတြကိုလႉဒါန္းခဲ့တာျဖစ္ၿပီး ဂါဇာပဋိပကၡအတြင္းအေရးေပၚကုသဖို႔လိုအပ္ေနတဲ့ကေလးမ်ားအတြက္ ရည္႐ြယ္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

လီေယာင္ေအးက “ဒီပဋိပကၡစစ္ပြဲကေန ေန႔တိုင္းျမင္ေတြ႕ေနရတဲ့သတင္းေတြကကြၽန္မကိုအရမ္းကိုစိတ္ထိခိုက္ေစပါတယ္။ ကြၽန္မရဲ႕လႉ ဒါန္းမႈေလးကမိသားစုဝင္ဆုံးရႈံးသြားရတဲ့ကေလးေတြ၊ တုန္လႈပ္ေခ်ာက္ခ်ားစရာျဖစ္ရပ္ကေနစိတ္ေရာကိုယ္ပါထိခိုက္ခံစားေနရတဲ့က ေလးေတြအတြက္ အကူအညီတစ္ခုျဖစ္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ေျပာခဲ့ပါတယ္။သူမဟာၿပီးခဲ့တဲ့ဩဂုတ္လကလည္း ဟာဝိုင္အီမွာရွိတဲ့ Maui Island ကေတာမီးေဘးသင့္ျပည္သူေတြအတြက္ လႉဒါန္းမႈလုပ္ခဲ့ပါေသးတယ္။အႏုပညာလႈပ္ရွားမႈအေနနဲ႔လီေယာင္ေအးဟာ ဒီ ဇင္ဘာလ ၉ ရက္ေန႔မွာစတင္ထုတ္လႊင့္မယ့္ Maestro ဆိုတဲ့ဇာတ္လမ္းတြဲမွာ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ပါဝင္ထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*