အစ္စရေး-ပါလက်စတိုင်းစစ်ပွဲကြောင့် ဖျော်ဖြေပွဲဖျက်လိုက်တဲ့ ဘရူနိုမားစ်

အစ္စရေးမှာပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့ ဘရူနိုမားစ်ရဲ့ဖျော်ဖြေပွဲကို အခုဖြစ်ပေါ်နေတဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲကြောင့်ဖျက်သိမ်းလိုက်ရပါတယ်။သူဟာ အောက်တိုဘာ ၄ ရက်နေ့ကပထမဆုံး Concert ကိုကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့ကပွဲကိုတော့ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ဘရူနိုမားစ်ရဲ့ဖျော်ဖြေပွဲကို Tel Aviv မြို့ရဲ့ HaYarkon ဥယျာဉ်မှာကျင်းပခဲ့ပြီး ဒုတိယပွဲအတွက်လူ ၆‌ သောင်းကျော်ကိုလက်မှတ်တွေရောင်းချပြီးခဲ့ပါပြီ။

ဒါတွေအားလုံးအတွက်ငွေပြန်အမ်းပေးမှာဖြစ်တယ်လို့ Live Nation Israel ကကြေညာခဲ့ပါတယ်။အောက်တိုဘာ ၄ ရက်နေ့ကပွဲစဉ်မှာတော့ ဘရူနိုမားစ်နဲ့ပရိသတ်တွေဟာအပေးအယူမျှမျှနဲ့ပျော်ရွှင်တက်ကြွနေခဲ့ကြပြီး “ဒီနေရာရဲ့ပုံပြင်တွေအကြောင်းကိုငါကြားတယ်၊
မင်းတို့ရဲ့ချွေးနဲ့မင်းတို့ရဲ့အကတွေအကြောင်းကိုငါသိရတယ်၊ခုလိုဖျော်ဖြေဖို့အချိန်တွေအကြာကြီးစောင့်နေခဲ့တာ” “Tel Aviv ငါမင်းကိုလက်ထပ်ချင်တယ်လို့ထင်မိတယ်” လို့ ဖျော်ဖြေနေချိန်အတွင်း သူကပြောဆိုခဲ့ပါသေးတယ်။

Ju Ju

zawgyi

အစၥေရးမွာပထမဦးဆုံးအႀကိမ္ျပဳလုပ္တဲ့ ဘ႐ူႏိုမားစ္ရဲ႕ေဖ်ာ္ေျဖပြဲကို အခုျဖစ္ေပၚေနတဲ့ အစၥေရး-ပါလက္စတိုင္းစစ္ပြဲေၾကာင့္ဖ်က္သိမ္းလိုက္ရပါတယ္။သူဟာ ေအာက္တိုဘာ ၄ ရက္ေန႔ကပထမဆုံး Concert ကိုက်င္းပႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့စေနေန႔ကပြဲကိုေတာ့ဖ်က္သိမ္းခဲ့ရတာျဖစ္ပါတယ္။ဘ႐ူႏိုမားစ္ရဲ႕ေဖ်ာ္ေျဖပြဲကို Tel Aviv ၿမိဳ႕ရဲ႕ HaYarkon ဥယ်ာဥ္မွာက်င္းပခဲ့ၿပီး ဒုတိယပြဲအတြက္လူ ၆‌ ေသာင္းေက်ာ္ကိုလက္မွတ္ေတြေရာင္းခ်ၿပီးခဲ့ပါၿပီ။

ဒါေတြအားလုံးအတြက္ေငြျပန္အမ္းေပးမွာျဖစ္တယ္လို႔ Live Nation Israel ကေၾကညာခဲ့ပါတယ္။ေအာက္တိုဘာ ၄ ရက္ေန႔ကပြဲစဥ္မွာေတာ့ ဘ႐ူႏိုမားစ္နဲ႔ပရိသတ္ေတြဟာအေပးအယူမွ်မွ်နဲ႔ေပ်ာ္႐ႊင္တက္ႂကြေနခဲ့ၾကၿပီး “ဒီေနရာရဲ႕ပုံျပင္ေတြအေၾကာင္းကိုငါၾကားတယ္၊
မင္းတို႔ရဲ႕ေခြၽးနဲ႔မင္းတို႔ရဲ႕အကေတြအေၾကာင္းကိုငါသိရတယ္၊ခုလိုေဖ်ာ္ေျဖဖို႔အခ်ိန္ေတြအၾကာႀကီးေစာင့္ေနခဲ့တာ” “Tel Aviv ငါမင္းကိုလက္ထပ္ခ်င္တယ္လို႔ထင္မိတယ္” လို႔ ေဖ်ာ္ေျဖေနခ်ိန္အတြင္း သူကေျပာဆိုခဲ့ပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*