ကံကောင်းခြင်း သင်္ကေတများနဲ့ လက္ခဏာများ (အပိုင်း ၄ )

ဘဝမှာ ကံကောင်းတယ်လို့ ခံစားဖူးပါသလား။ ကံကောင်းမှုတွေက ကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးခံစားရတဲ့အချိန်တွေရှိပါလိမ့်မယ်။ လူတွေက တချိန်လုံးကံဆိုးမနေနိုင်တာပါဘူး။ ကံကောင်းခြင်းမှာ သင်္ကေတတွေ၊ လက္ခဏာတွေရှိတတ်ပါတယ်။အဲဒါက ပုံစံမျိုးစုံနဲ့ ကိုယ်အနားမှာ နိမိတ်ပြတတ်ပါတယ်။ ကံကောင်းစေဖို့အတွက်ပထမဆုံးလုပ်ရမယ့်အချက်ကတော့ အဆိုးမြင်စိတ်တွေ၊ အ တွေးတွေကို ကိုယ့်စိတ်ထဲကနေမောင်းထုတ်တာပါပဲ။ ကောင်းမွန်တဲ့အရာ၊ ကံကောင်းခြင်းတွေ ကိုယ့်ဆီကိုလာနေပြီလို့တွေးကြည့်ပါ။ သဘာဝတရားတွေ၊ အပင်တွေ၊ အင်ဆက်ပိုးမွှားတွေ၊တိရစ္ဆာန်တွေစတဲ့အရာတွေကနေ ကံကောင်းခြင်းသင်္ကေတတွေ တွေ့ရနိုင်ပါတယ်။
တချို့ကလည်း အရာဝတ္တုတွေ၊ နံပါတ်တွေ၊ အိပ်မက်တွေ၊ သဘာဝဖြစ်ရပ်တွေ၊ အရောင်တွေနဲ့တွေ့မြင်ရတတ်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာတဝန်းက ကံကောင်းစေတဲ့ နမိတ်လက္ခဏာတွေကိုအပိုင်း (၅)အနေနဲ့ ပြောပြချင်ပါတယ်။ နောက်အပိုင်းတွေမှာ ဘယ်အရာတွေက
ကံကောင်းခြင်းနိမိတ်တွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ဖို့ မမေ့နဲ့နော်။

မီးအိမ်နီများ

အနီရောင်မီးပုံးများကို တရုတ်ယဉ်ကျေးမှုတွင် နှစ်ထောင်ပေါင်းများစွာကတည်းကအသုံးပြုခဲ့ကြပါတယ်။ မီးပုံတွေက ကံကောင်းခြင်းကို ကိုယ်စားပြုကြပါတယ်။ အနီရောင်ကပျော်ရွှင်မှု၊ ကံကြမ္မာနဲ့ စွမ်းအင်တွေကို ညွှန်ပြပါတယ်။ အနီရောင်မီးပုံးတွေကိုအထိမ်းအမှတ်ပွဲတွေမှာတွေ့ရလေ့ရှိပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတွေ၊ မင်္ဂလာဆောင်တွေ၊မွေးနေ့ပွဲတွေမှာ အနီရောင်မီးပုံများကိုတွေ့နိုင်ပါတယ်။

နှလုံး

ယဉ်ကျေးမှုများစွာမှာ နှလုံးသားက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်။ ဂရိလူမျိုးများကစိတ်နှလုံးဆိုတာ ဆင်ခြင်တုံတရား၊ တွေး ခေါ်မှုနဲ့ စိတ်ခံစားမှုတို့ရဲ့ ဗဟိုချက်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ သဘာဝတွင်ရှိသော နှလုံးသားတွေက—တိမ်များ၊ သစ်သီးများ၊အ ရာဝတ္တုများမှာ မြင်ရခြင်းက သင့်နှလုံးသားကိုဖွင့်ဖို့အတွက် အပြုသဘောဆောင်တဲ့နိမိတ်ခုဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ရွှေအိုး

ရွှေအိုးကို မျှော်လင့်ချက်၊ အိပ်မက်များနဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုတယ်လို့ယုံကြည်ယူဆကြပါတယ်။ ပစ္စည်းဥစ္စာ သို့မဟုတ် ထီပေါက်ခြင်းဖြစ်စေတယ်လို့ယုံကြည်ကြပါတယ်။ နတ်သမီးများက ကြီးကျယ်တဲ့ စည်းစိမ်ဥစ္စာများကို သက်တံ့အဆုံးမှာမြှုပ်နှံထားကြတယ်လို့ အိုက်ယာလန်ပုံပြင်တွေက ယူဆကြပါတယ်။

သော့

သော့များကို ကံကောင်းခြင်းနဲ့ ဆွဲဆောင်မှုလို့ ယူဆကြပြီး နှလုံးသားကို သော့ဖွင့်ခြင်းရဲ့သင်္ကေတလည်းဖြစ်ပါတယ်။ သော့သုံးချောင်းက ချမ်းသာခြင်း၊ ကျန်းမာခြင်းနဲ့အချစ်ကိုကိုယ်စားပြုပါတယ်။ သော့များကို အိပ်မက်မက်ပါက အခွင့်အလမ်းသစ်များနဲ့စိတ်ကူးစိတ်သန်းများကို ဖွင့်ထားကြောင်း အနက်အဓိပ္ပာယ်ဖြစ်ပါတယ်။ဂျူးသားဖွားဆရာမတွေကတော့ မွေးဖွားနေတဲ့ ကိုယ်ဝန်ဆောင်တွေလက်ထဲကို
သော့တချောင်းထည့်ပေးထားတာက ကလေးတွေကို အန္တရာယ်ကင်းကင်းမွေးစေနိုင်တယ်လို့အယူရှိကြပါတယ်။ ဥရောပယဉ်ကျေးမှုမှာတော့ အိပ်မက်ဆိုးများကို တားဆီးနိုင်ဖို့အတွက်သော့များကို ဆောင်ထားကြပါတယ်။

MYit

zawgyi

ဘဝမွာ ကံေကာင္းတယ္လို႔ ခံစားဖူးပါသလား။ ကံေကာင္းမႈေတြက ကိုယ့္ဆီကိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာၿပီးခံစားရတဲ့အခ်ိန္ေတြရွိပါလိမ့္မယ္။ လူေတြက တခ်ိန္လုံးကံဆိုးမေနႏိုင္တာပါဘူး။ ကံေကာင္းျခင္းမွာ သေကၤတေတြ၊ လကၡဏာေတြရွိတတ္ပါတယ္။အဲဒါက ပုံစံမ်ိဳးစုံနဲ႔ ကိုယ္အနားမွာ နိမိတ္ျပတတ္ပါတယ္။ ကံေကာင္းေစဖို႔အတြက္ပထမဆုံးလုပ္ရမယ့္အခ်က္ကေတာ့ အဆိုးျမင္စိတ္ေတြ၊ အ ေတြးေတြကို ကိုယ့္စိတ္ထဲကေနေမာင္းထုတ္တာပါပဲ။ ေကာင္းမြန္တဲ့အရာ၊ ကံေကာင္းျခင္းေတြ ကိုယ့္ဆီကိုလာေနၿပီလို႔ေတြးၾကည့္ပါ။ သဘာဝတရားေတြ၊ အပင္ေတြ၊ အင္ဆက္ပိုးမႊားေတြ၊တိရစာၦန္ေတြစတဲ့အရာေတြကေန ကံေကာင္းျခင္းသေကၤတေတြ ေတြ႕ရႏိုင္ပါတယ္။
တခ်ိဳ႕ကလည္း အရာဝတၱဳေတြ၊ နံပါတ္ေတြ၊ အိပ္မက္ေတြ၊ သဘာဝျဖစ္ရပ္ေတြ၊ အေရာင္ေတြနဲ႔ေတြ႕ျမင္ရတတ္ပါတယ္။ ဒီေန႔မွာေတာ့ ကမာၻတဝန္းက ကံေကာင္းေစတဲ့ နမိတ္လကၡဏာေတြကိုအပိုင္း (၅)အေနနဲ႔ ေျပာျပခ်င္ပါတယ္။ ေနာက္အပိုင္းေတြမွာ ဘယ္အရာေတြက
ကံေကာင္းျခင္းနိမိတ္ေတြျဖစ္မလဲဆိုတာ ဆက္ဖတ္ၾကည့္ဖို႔ မေမ့နဲ႔ေနာ္။

မီးအိမ္နီမ်ား

အနီေရာင္မီးပုံးမ်ားကို တ႐ုတ္ယဥ္ေက်းမႈတြင္ ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းကအသုံးျပဳခဲ့ၾကပါတယ္။ မီးပုံေတြက ကံေကာင္းျခင္းကို ကိုယ္စားျပဳၾကပါတယ္။ အနီေရာင္ကေပ်ာ္႐ႊင္မႈ၊ ကံၾကမၼာနဲ႔ စြမ္းအင္ေတြကို ၫႊန္ျပပါတယ္။ အနီေရာင္မီးပုံးေတြကိုအထိမ္းအမွတ္ပြဲေတြမွာေတြ႕ရေလ့ရွိပါတယ္။ တ႐ုတ္ႏွစ္သစ္ကူးပြဲေတြ၊ မဂၤလာေဆာင္ေတြ၊ေမြးေန႔ပြဲေတြမွာ အနီေရာင္မီးပုံမ်ားကိုေတြ႕ႏိုင္ပါတယ္။

ႏွလုံး

ယဥ္ေက်းမႈမ်ားစြာမွာ ႏွလုံးသားက ခ်စ္ျခင္းေမတၱာကို ကိုယ္စားျပဳပါတယ္။ ဂရိလူမ်ိဳးမ်ားကစိတ္ႏွလုံးဆိုတာ ဆင္ျခင္တုံတရား၊ ေတြး ေခၚမႈနဲ႔ စိတ္ခံစားမႈတို႔ရဲ႕ ဗဟိုခ်က္ျဖစ္တယ္လို႔ယုံၾကည္ၾကပါတယ္။ သဘာဝတြင္ရွိေသာ ႏွလုံးသားေတြက—တိမ္မ်ား၊ သစ္သီးမ်ား၊အ ရာဝတၱဳမ်ားမွာ ျမင္ရျခင္းက သင့္ႏွလုံးသားကိုဖြင့္ဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့နိမိတ္ခုျဖစ္တယ္လို႔ ယုံၾကည္ၾကပါတယ္။

ေ႐ႊအိုး

ေ႐ႊအိုးကို ေမွ်ာ္လင့္ခ်က္၊ အိပ္မက္မ်ားနဲ႔ ေပ်ာ္႐ႊင္မႈကို ကိုယ္စားျပဳတယ္လို႔ယုံၾကည္ယူဆၾကပါတယ္။ ပစၥည္းဥစၥာ သို႔မဟုတ္ ထီေပါက္ျခင္းျဖစ္ေစတယ္လို႔ယုံၾကည္ၾကပါတယ္။ နတ္သမီးမ်ားက ႀကီးက်ယ္တဲ့ စည္းစိမ္ဥစၥာမ်ားကို သက္တံ့အဆုံးမွာျမႇဳပ္ႏွံထားၾကတယ္လို႔ အိုက္ယာလန္ပုံျပင္ေတြက ယူဆၾကပါတယ္။

ေသာ့

ေသာ့မ်ားကို ကံေကာင္းျခင္းနဲ႔ ဆြဲေဆာင္မႈလို႔ ယူဆၾကၿပီး ႏွလုံးသားကို ေသာ့ဖြင့္ျခင္းရဲ႕သေကၤတလည္းျဖစ္ပါတယ္။ ေသာ့သုံးေခ်ာင္းက ခ်မ္းသာျခင္း၊ က်န္းမာျခင္းနဲ႔အခ်စ္ကိုကိုယ္စားျပဳပါတယ္။ ေသာ့မ်ားကို အိပ္မက္မက္ပါက အခြင့္အလမ္းသစ္မ်ားနဲ႔စိတ္ကူးစိတ္သန္းမ်ားကို ဖြင့္ထားေၾကာင္း အနက္အဓိပၸာယ္ျဖစ္ပါတယ္။ဂ်ဴးသားဖြားဆရာမေတြကေတာ့ ေမြးဖြားေနတဲ့ ကိုယ္ဝန္ေဆာင္ေတြလက္ထဲကို
ေသာ့တေခ်ာင္းထည့္ေပးထားတာက ကေလးေတြကို အႏၲရာယ္ကင္းကင္းေမြးေစႏိုင္တယ္လို႔အယူရွိၾကပါတယ္။ ဥေရာပယဥ္ေက်းမႈမွာေတာ့ အိပ္မက္ဆိုးမ်ားကို တားဆီးႏိုင္ဖို႔အတြက္ေသာ့မ်ားကို ေဆာင္ထားၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*