ပထမဆုံးအကြိမ်စင်ပေါ်မှာပြန်ဖျော်ဖြေတဲ့ ဂျပ်စတင်ဘီဘာ

2022 ခုနစ်၊ ဇွန်လကနေစပြီး ဂျပ်စတင်ဘီဘာဟာသူ့ရဲ့ Justice World Tour ကိုဖျက်သိမ်းခဲ့ပြီးကျန်းမာရေးအတွက်အနားယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ 1 ရက်နေ့မှာတော့ NHL All-Star Player Draft မှာဖျော်ဖြေရင်း စင်ပေါ်ပြန်လည်ရောက်ရှိလာခဲ့တာတွေ့ရပါတယ်။သူ့ရဲ့ဇနီးဖြစ်တဲ့ ဟေလီဘီဘာက သူမရဲ့အင်စတာဂရမ်မှာ‘ဂျေဘီတစ်ခေတ်ပြန်လည်ရောက်ရှိလာပါပြီ’ လို့ ပို့စ်တင်ထားခဲ့ပါတယ်။ ဂျပ်စတင်ဘီဘာဟာသူရဲ့နာမည်ကြီးသီချင်းတွေဖြစ်တဲ့ Eenie Meenie ၊ Baby ၊ Peaches ၊ Ghost၊ Hold On စတဲ့သီချင်းတွေကိုဖျော်ဖြေခဲ့တာတွေ့ရပါတယ်။ ဒါတွေအပြင်သူနဲ့ SZA တို့ပူးတွဲသီဆိုထားတဲ့ Snooze သီချင်းကိုလည်းဖျော်ဖြေခဲ့တာတွေ့ရပါတယ်။

ဘီဘာဟာ 2023ခုနစ်၊ ဇန်နဝါရီလမှာ OBB Media ဖွင့်ပွဲမှာဖျော်ဖြေခဲ့ဖူးတာမို့ တစ်နှစ်ကျော်အကြာမှသူဟာစင်ပေါ်ပြန်တက်လာတာဖြစ်ပါတယ်။ NHL ပွဲရဲ့ လူ 2500 ဆံ့တဲ့စင်ပေါ်မှာဖျော်ဖြေခဲ့တဲ့သူဟာ စင်ပေါ်ကနေမဆင်းခင်မှာအားလုံးကိုအများကြီးချစ်ပါတယ် လို့ပြောခဲ့ပါသေးတယ်။ ဘီဘာဟာအပြာရောင်နဲ့ရွှေရောင် Limited Edition NHL ဂျာစီကိုဝတ်ဆင်ထားခဲ့ပြီး သူ့ကိုကြည့်ရတာကျန်းမာရွှင်လန်းနေပုံရတယ်လို့မီဒီယာတွေမှာဖော်ပြကြပါတယ်။ ဒီပွဲဟာ ဂျပ်စတင်ဘီဘာရဲ့ဖျော်ဖြေပွဲကြီးတွေပြန်လည်စတင်ဖို့အစပြုခြင်းဖြစ်နိုင်တယ်လို့ မီဒီယာတွေကသုံးသပ်ကြပါတယ်။

Ju Ju

zawgyi

2022 ခုနစ္၊ ဇြန္လကေနစၿပီး ဂ်ပ္စတင္ဘီဘာဟာသူ႔ရဲ႕ Justice World Tour ကိုဖ်က္သိမ္းခဲ့ၿပီးက်န္းမာေရးအတြက္အနားယူခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ 1 ရက္ေန႔မွာေတာ့ NHL All-Star Player Draft မွာေဖ်ာ္ေျဖရင္း စင္ေပၚျပန္လည္ေရာက္ရွိလာခဲ့တာေတြ႕ရပါတယ္။သူ႔ရဲ႕ဇနီးျဖစ္တဲ့ ေဟလီဘီဘာက သူမရဲ႕အင္စတာဂရမ္မွာ‘ေဂ်ဘီတစ္ေခတ္ျပန္လည္ေရာက္ရွိလာပါၿပီ’ လို႔ ပို႔စ္တင္ထားခဲ့ပါတယ္။ ဂ်ပ္စတင္ဘီဘာဟာသူရဲ႕နာမည္ႀကီးသီခ်င္းေတြျဖစ္တဲ့ Eenie Meenie ၊ Baby ၊ Peaches ၊ Ghost၊ Hold On စတဲ့သီခ်င္းေတြကိုေဖ်ာ္ေျဖခဲ့တာေတြ႕ရပါတယ္။ ဒါေတြအျပင္သူနဲ႔ SZA တို႔ပူးတြဲသီဆိုထားတဲ့ Snooze သီခ်င္းကိုလည္းေဖ်ာ္ေျဖခဲ့တာေတြ႕ရပါတယ္။

ဘီဘာဟာ 2023ခုနစ္၊ ဇန္နဝါရီလမွာ OBB Media ဖြင့္ပြဲမွာေဖ်ာ္ေျဖခဲ့ဖူးတာမို႔ တစ္ႏွစ္ေက်ာ္အၾကာမွသူဟာစင္ေပၚျပန္တက္လာတာျဖစ္ပါတယ္။ NHL ပြဲရဲ႕ လူ 2500 ဆံ့တဲ့စင္ေပၚမွာေဖ်ာ္ေျဖခဲ့တဲ့သူဟာ စင္ေပၚကေနမဆင္းခင္မွာအားလုံးကိုအမ်ားႀကီးခ်စ္ပါတယ္ လို႔ေျပာခဲ့ပါေသးတယ္။ ဘီဘာဟာအျပာေရာင္နဲ႔ေ႐ႊေရာင္ Limited Edition NHL ဂ်ာစီကိုဝတ္ဆင္ထားခဲ့ၿပီး သူ႔ကိုၾကည့္ရတာက်န္းမာ႐ႊင္လန္းေနပုံရတယ္လို႔မီဒီယာေတြမွာေဖာ္ျပၾကပါတယ္။ ဒီပြဲဟာ ဂ်ပ္စတင္ဘီဘာရဲ႕ေဖ်ာ္ေျဖပြဲႀကီးေတြျပန္လည္စတင္ဖို႔အစျပဳျခင္းျဖစ္ႏိုင္တယ္လို႔ မီဒီယာေတြကသုံးသပ္ၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*