Cardi B နဲ့ Shakira တို့ပူးတွဲသီချင်းထုတ်လုပ်မယ်

Cardi B နဲ့ Shakira တို့ပူး‌ပေါင်းထုတ်လုပ်တဲ့သီချင်းတစ်ပုဒ်ထွက်ရှိမယ်လို့ Cardi B ကပြောလာခဲ့ပါတယ်။“ကျွန်မအမြဲတမ်းလို Shakira နဲ့အတူသီချင်းလုပ်ချင်ခဲ့တာပါ။ သူနဲ့အတူ သီချင်းတစ်ပုဒ်ဆိုနိုင်ဖို့ကျွန်မမျှော်လင့်နေခဲ့တာပါ။ အခုတော့ အခွင့်အရေးကကျွန်မဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီ။နောက်တစ်ပတ်မှာ သူမနဲ့တွေ့မယ်။ သီချင်းကိစ္စစီစဥ်မယ်လို့” Cardi B ကပြောခဲ့တာပါ။သူမနဲ့ Shakira ဟာဒီနှစ်ဆန်းက Paris Fashion Week မှာဆုံခဲ့တာဖြစ်ပြီး သူမရဲ့ညီမက Talent Showတစ်ခုမှာ Shakira ရဲ့သီချင်းနဲ့အနိုင်ရခဲ့တာကိုပြောခဲ့တယ်လို့ Cardi B ကဖွင့်ဟပါသေးတယ်။

“အဲဒီအကြောင်းတွေကျွန်မပြောလိုက်ပြီး ကျွန်မသူ့ကိုချစ်ကြောင်း၊ သူမကကျွန်မဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောခဲ့တယ်။ အဲဒီနောက်ပိုင်းသီချင်းအတူလုပ်ဖို့အဆင်ပြေသွားတော့တာပဲ” လို့သူမကပြောပါတယ်။ Shakira နဲ့အတူသီချင်းဖန်တီးရမယ့်ကိစ္စက သူမကိုရင်ခုန်စိတ်လှုပ်ရှားစေပြီး ဒါဟာမှတ်တိုင်တစ်ခုအဖြစ်ထင်ကျန်နေတော့မယ်လို့ Cardi B ကဆိုပါတယ်။ Cardi B ရဲ့မကြာခင်ကထွက်ရှိထားတဲ့ Like What(Freestyle) သီချင်းဟာ Billboard Hot 100 မှာ နံပါတ် 40 ချိတ်ခဲ့ပါတယ်။

Ju Ju

zawgyi

Cardi B နဲ႔ Shakira တို႔ပူး‌ေပါင္းထုတ္လုပ္တဲ့သီခ်င္းတစ္ပုဒ္ထြက္ရွိမယ္လို႔ Cardi B ကေျပာလာခဲ့ပါတယ္။“ကြၽန္မအၿမဲတမ္းလို Shakira နဲ႔အတူသီခ်င္းလုပ္ခ်င္ခဲ့တာပါ။ သူနဲ႔အတူ သီခ်င္းတစ္ပုဒ္ဆိုႏိုင္ဖို႔ကြၽန္မေမွ်ာ္လင့္ေနခဲ့တာပါ။ အခုေတာ့ အခြင့္အေရးကကြၽန္မဆီဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာၿပီ။ေနာက္တစ္ပတ္မွာ သူမနဲ႔ေတြ႕မယ္။ သီခ်င္းကိစၥစီစဥ္မယ္လို႔” Cardi B ကေျပာခဲ့တာပါ။သူမနဲ႔ Shakira ဟာဒီႏွစ္ဆန္းက Paris Fashion Week မွာဆုံခဲ့တာျဖစ္ၿပီး သူမရဲ႕ညီမက Talent Showတစ္ခုမွာ Shakira ရဲ႕သီခ်င္းနဲ႔အႏိုင္ရခဲ့တာကိုေျပာခဲ့တယ္လို႔ Cardi B ကဖြင့္ဟပါေသးတယ္။

“အဲဒီအေၾကာင္းေတြကြၽန္မေျပာလိုက္ၿပီး ကြၽန္မသူ႔ကိုခ်စ္ေၾကာင္း၊ သူမကကြၽန္မဘဝရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း ေျပာခဲ့တယ္။ အဲဒီေနာက္ပိုင္းသီခ်င္းအတူလုပ္ဖို႔အဆင္ေျပသြားေတာ့တာပဲ” လို႔သူမကေျပာပါတယ္။ Shakira နဲ႔အတူသီခ်င္းဖန္တီးရမယ့္ကိစၥက သူမကိုရင္ခုန္စိတ္လႈပ္ရွားေစၿပီး ဒါဟာမွတ္တိုင္တစ္ခုအျဖစ္ထင္က်န္ေနေတာ့မယ္လို႔ Cardi B ကဆိုပါတယ္။ Cardi B ရဲ႕မၾကာခင္ကထြက္ရွိထားတဲ့ Like What(Freestyle) သီခ်င္းဟာ Billboard Hot 100 မွာ နံပါတ္ 40 ခ်ိတ္ခဲ့ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*