2023 ခုနစ် MAMA Awards မှာဆုအကြီးကြီးဆွတ်ခူးနိုင်ခဲ့တဲ့ New Jeans

အာရှအဆိုတော်တွေနဲ့ အဆိုတော်အဖွဲ့တွေကြား တန်ဖိုးထားရတဲ့ MAMA Awards ပွဲကို Music Channel ဖြစ်တဲ့ Mnet နဲ့ CJENM တို့ကနေဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ MAMA ရဲ့အဓိပ္ပါယ်အရှည်က Mnet Asian Music Awards ဖြစ်ပြီး ဒီပွဲကြီးကိုကျင်းပလာတာ ၂၄ နှစ်ရှိပြီဖြစ်ပါတယ်။ အာရှနိုင်ငံတွေထဲမှာမှတောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ ဗီယက်နမ်၊ ဟောင်ကောင် ၊ မကာအိုကအဆိုရှင်တွေကိုရွေးချယ်ဆုပေးတာဖြစ်ပါတယ်။ဒီနှစ် MAMA Awards ဆုပေးပွဲကြီးကိုတော့ ဂျပန်နိုင်ငံ၊ Tokyo Dome မှာပြုလုပ်တာဖြစ်ပါတယ်။ New Jeans အနေနဲ့ ဒီပွဲကြီးမှာ Samsung Galaxy Song of The Year ဆုကို သူတို့ရဲ့ Ditto သီချင်းနဲ့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီသီချင်းဟာ (G)I-DLE ရဲ့ Queencard၊ IVE ရဲ့ I am ၊ Jisoo ရဲ့ Flower၊ Jungkook ရဲ့ Seven စတဲ့သီချင်းတွေကိုကျော်ဖြတ်ပြီး ဒီဆုကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။ သူမတို့ရဲ့ Ditto သီချင်းဟာ နားထောင်သူ သန်း ၄၀၀ ကျော်ရှိခဲ့ပြီး Billboard 200 ထဲမှာလည်းထိပ်ဆုံးရောက်ခဲ့တာဖြစ်ပါတယ်။New Jeans ဟာဒီပွဲကြီးမှာ Song Of The Year ဆု ၊ Best Female Group ဆု ၊ Best Dance Performance Female Group ဆု စတဲ့ဆုကြီးသုံးဆုကိုဆွတ်ခူးနိုင်ခဲ့တာပါ။New Jeans အနေနဲ့ စတင်ပွဲထွက်လာတဲ့သက်တမ်းတစ်နှစ်အတွင်းမှာအခုလိုအောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*