အလုပ်အင်တာဗျူး မအောင်နိုင်ဘူးဆိုတာ သိသာစေတဲ့ အချက် (၅) ချက်

အလုပ်အင်တာဗျူးတခုဝင်ရတဲ့အခါမှာ ဒီအင်တာဗျူးက အောင်နိုင်မလား၊ကျရှုံးနိုင်မလားဆိုတဲ့ သိချင်စိတ်တွေနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ကိုယ်က သူတို့မေးသမျှကိုအဆင်ပြေစွာ၊ အောင်မြင်စွာနဲ့ဖြေဆိုနိုင်ပေမဲ့လည်း အလုပ်ကမ်းလှမ်းခံရမလားဆိုတဲ့အချက်ကမသေ ချာသေးပါဘူး။ ဒီအချက်တွေကတော့ သင်ရဲ့အင်တာဗျူးက မအောင်မြင်ဘူးဆိုတာကိုသိနိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။

အင်တာဗျူး သို့မဟုတ် စုံစမ်းစစ်ဆေးရေး

အလုပ်အင်တာဗျူးတခုမှာ စကားပြောဆိုမှုတခုလို အင်တာဗျူးသူနဲ့ အင်တာဗျူးခံရသူကြားပြောဆိုခံစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ စစ်ဆေးမေးမြန်းတဲ့ပုံစံနဲ့တဖက်သတ်ပြောဆိုမှုတွေက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ တကယ်လို့ သင်ကအင် တာဗျူးနေချိန်အတွင်းမှာ အဲဒီလိုခံစားနေရပြီဆိုရင် ငါးစားကနေ ရှောင်ရှားသင့်ပါတယ်။စိတ်အေးအေးထားပြီး မေးခွန်းတွေကို သက် သောင့်သက်သာဖြေဆိုပါ။ဖြေရခက်တဲ့မေးခွန်းတွေမေးခံရရင်တောင်မှ အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကိုတွေးထားပါ။ တချို့အင်တာဗျူးတွေက အင်တာဗျူးနဲ့မတူဘဲစစ်ကြောရေးရောက်နေသလို စုံစမ်းစစ်ဆေးနေတဲ့ပုံပေါက်ပါတယ်။ဒါကိုအကောင်းဆုံးရှောင်ထွက်နိုင်ဖို့လိုပါတယ်။

မင်းရဲ့ အရည်အချင်းတွေအကြောင်း မပြောဘဲ မနေပါနဲ့

အင်တာဗျူးမှာ အရည်အချင်းတွေ၊ အလုပ်အတွေ့အကြုံတွေမေးမြန်းရန်မကြိုးစားဘဲကုမ္ပဏီအကြောင်းကို ယေဘုယျပြောဆိုပြီး ဒီအင် တာဗျူးက ကိုယ့်အတွက်အောင်မြင်နိုင်ချေနည်းပါတယ်။ သူတို့က တခြားလူတယောက်ကို ဒီရာထူးအတွက်ခန့်အပ်ထားပြီးသားဖြစ်နိုင်သလို၊ ခန့်ဖို့ ရည်ရွယ်ထားပြီးသားလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဒီလိုကြုံလာရတဲ့အခါမှာ သူတို့က မေးခွန်းမမေးသည့်တိုင်အောင် ကိုယ့်ဘက်ကတော့ကိုယ့်ရဲ့အရည်အချင်းနဲ့ကျွမ်းကျင်မှုတွေကို သူတို့ သိသာမြင်သာအောင်ပြောဆိုပြသသင့်ပါတယ်။

အင်တာဗျူးသူက အာရုံမစိုက်တာ

သင့်ကို အလုပ်ခန့်ဖို့ အမှန်တကယ်စိတ်ပါဝင်စားတဲ့ အလုပ်ရှင်၊ သို့မဟုတ်အလုပ်ခန့်ထားရေးဆိုင်ရာတာဝန်ရှိသူတွေက သင့်အကြောင်းပိုမိုသိရှိနားလည်ဖို့စိတ်အားထက်သန်နေပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အာရုံပျံ့လွင့်တာ ဒါမှမဟုတ် အင်တာဗျူးရင်းအခန်းအတွင်း မကြာ ခဏဝင်ထွက်သွားလာနေတာက ဒီအင်တာဗျူးအပေါ်မှာအာရုံစူးစိုက်မှုမရှိတာကို ပေါ်လွင်စေပါတယ်။ ဒါကြောင့် ဒီအင်တာဗျူးကနေ သင့်အနေနဲ့မျှော်လင့်လို့မရနိုင်ပါဘူး။

အင်တာဗျုးအချိန် မြန်လွန်းတာ

ပုံမှန်အင်တာဗျူးတခုက မိနစ် ၃၀လောက်ကြာသင့်တယ်ဆိုတာ အားလုံးအသိပါပဲ။တကယ်စိတ်ပါဝင်စားမှုရှိတဲ့ အင်တာဗျူးတခုက ဒီထက်ပိုကြာနိုင်ပါတယ်။ အင်တာဗျူးမှာသင့်ကိုအလုပ်ခန့်ဖို့ ထည့်သွင်းစဉ်းစားနေတယ်ဆိုတာ သိသာစေတဲ့အချက်ကတော့သင့်အ ကြောင်းကို ပိုမိုသိရှိအောင်လုပ်တာပါပဲ။ ဒီလိုမှမဟုတ်ဘဲ အင်တာဗျူးအချိန်က၁၅မိနစ်အောက်နည်းနေပြီဆိုရင်တော့ အလုပ်အင်တာ ဗျူးက တခုခုတော့မှားယွင်းနေတယ်ဆိုတာ သိသာစေပါတယ်။ ဒီအချက်ကလည်းအလုပ်အင်တာဗျူးမအောင်နိုင်ဘူးဆိုတာ သိသာစေတဲ့အချက်ဖြစ်ပါတယ်။

တခြားသူတွေကိုလည်း ဒီအပတ်ထဲမှာ အင်တာဗျူးနေတုန်းပဲလို့ပြောဆိုတာ

ဒီအချက်ကလည်း အင်တာဗျူးအခြေအနေကို အကဲခတ်နိုင်ပါတယ်။ ငါတို့တခြားသူတွေကိုလည်း ဒီအပတ်ထဲမှာ အင်တာဗျူးနေတုန်းပဲလို့ပြောဆိုလိုက်တာကသင့်နည်းတူပဲ တခြားပြိုင်ဘက်တွေအကြောင်းကို အရိပ်အမြွတ်ပြောဆိုတာဖြစ်ပြီးအင်တာဗျူးအခြေအနေနဲ့ပတ်သက်ပြီး ငါတို့မင်းကိုဖုန်းခေါ်လိုက်မယ်လို့ပြောတာက သင့်ကိုလေးလေးနက်နက်မစဉ်းစားတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို အင်တာဗျူးတွေကသင့်အလုပ်အတွက်အခြေအနေမကောင်းခဲ့ရင်တောင်မှ စိတ်ဓာတ်မကျပါနဲ့။ အနည်းဆုံးတော့အင်တာဗျူးအတွေ့ အကြုံရယ်၊ သင်ဘာတွေလိုအပ်နေသေးလဲဆိုတာကို သိရှိနိုင်ပါတယ်။

အလုပ်အင်တာဗျူးခံရပြီး အလုပ်မခန့်တာမျိုးကြုံရတဲ့အခါ ဖြစ်တတ်တာကစိတ်ဓာတ်ကျလာတာပါ။ ဒါပေမဲ့ ဒါကသင်တယောက်ထဲမ ဟုတ်ဘူးဆိုတာကိုသတိရပါ။ သင်ကဒီအခွင့်အရေးတွေ၊ အတွေ့အကြုံတွေကနေ သင်ကြုံစာယူပြီး နောက်အင်တာဗျူးတွေမှာပိုမိုလွယ် ကူစေဖို့အတွက် အတွေ့အကြုံတွေ၊ အသိပညာတွေအများကြီးရရှိနိုင်ပါတယ်။

MYit

zawgyi

အလုပ္အင္တာဗ်ဴးတခုဝင္ရတဲ့အခါမွာ ဒီအင္တာဗ်ဴးက ေအာင္ႏိုင္မလား၊က်ရႈံးႏိုင္မလားဆိုတဲ့ သိခ်င္စိတ္ေတြနဲ႔ အဆုံးသတ္ေလ့ရွိပါတယ္။ ကိုယ္က သူတို႔ေမးသမွ်ကိုအဆင္ေျပစြာ၊ ေအာင္ျမင္စြာနဲ႔ေျဖဆိုႏိုင္ေပမဲ့လည္း အလုပ္ကမ္းလွမ္းခံရမလားဆိုတဲ့အခ်က္ကမေသ ခ်ာေသးပါဘူး။ ဒီအခ်က္ေတြကေတာ့ သင္ရဲ႕အင္တာဗ်ဴးက မေအာင္ျမင္ဘူးဆိုတာကိုသိႏိုင္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

အင္တာဗ်ဴး သို႔မဟုတ္ စုံစမ္းစစ္ေဆးေရး

အလုပ္အင္တာဗ်ဴးတခုမွာ စကားေျပာဆိုမႈတခုလို အင္တာဗ်ဴးသူနဲ႔ အင္တာဗ်ဴးခံရသူၾကားေျပာဆိုခံစားရမွာျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီလိုမဟုတ္ဘဲ စစ္ေဆးေမးျမန္းတဲ့ပုံစံနဲ႔တဖက္သတ္ေျပာဆိုမႈေတြက ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး။ တကယ္လို႔ သင္ကအင္ တာဗ်ဴးေနခ်ိန္အတြင္းမွာ အဲဒီလိုခံစားေနရၿပီဆိုရင္ ငါးစားကေန ေရွာင္ရွားသင့္ပါတယ္။စိတ္ေအးေအးထားၿပီး ေမးခြန္းေတြကို သက္ ေသာင့္သက္သာေျဖဆိုပါ။ေျဖရခက္တဲ့ေမးခြန္းေတြေမးခံရရင္ေတာင္မွ အေကာင္းဆုံးျဖစ္ေအာင္လုပ္မယ္ဆိုတဲ့စိတ္ကိုေတြးထားပါ။ တခ်ိဳ႕အင္တာဗ်ဴးေတြက အင္တာဗ်ဴးနဲ႔မတူဘဲစစ္ေၾကာေရးေရာက္ေနသလို စုံစမ္းစစ္ေဆးေနတဲ့ပုံေပါက္ပါတယ္။ဒါကိုအေကာင္းဆုံးေရွာင္ထြက္ႏိုင္ဖို႔လိုပါတယ္။

မင္းရဲ႕ အရည္အခ်င္းေတြအေၾကာင္း မေျပာဘဲ မေနပါနဲ႔

အင္တာဗ်ဴးမွာ အရည္အခ်င္းေတြ၊ အလုပ္အေတြ႕အႀကဳံေတြေမးျမန္းရန္မႀကိဳးစားဘဲကုမၸဏီအေၾကာင္းကို ေယဘုယ်ေျပာဆိုၿပီး ဒီအင္ တာဗ်ဴးက ကိုယ့္အတြက္ေအာင္ျမင္ႏိုင္ေခ်နည္းပါတယ္။ သူတို႔က တျခားလူတေယာက္ကို ဒီရာထူးအတြက္ခန႔္အပ္ထားၿပီးသားျဖစ္ႏိုင္သလို၊ ခန႔္ဖို႔ ရည္႐ြယ္ထားၿပီးသားလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ဒီလိုႀကဳံလာရတဲ့အခါမွာ သူတို႔က ေမးခြန္းမေမးသည့္တိုင္ေအာင္ ကိုယ့္ဘက္ကေတာ့ကိုယ့္ရဲ႕အရည္အခ်င္းနဲ႔ကြၽမ္းက်င္မႈေတြကို သူတို႔ သိသာျမင္သာေအာင္ေျပာဆိုျပသသင့္ပါတယ္။

အင္တာဗ်ဴးသူက အာ႐ုံမစိုက္တာ

သင့္ကို အလုပ္ခန႔္ဖို႔ အမွန္တကယ္စိတ္ပါဝင္စားတဲ့ အလုပ္ရွင္၊ သို႔မဟုတ္အလုပ္ခန႔္ထားေရးဆိုင္ရာတာဝန္ရွိသူေတြက သင့္အေၾကာင္းပိုမိုသိရွိနားလည္ဖို႔စိတ္အားထက္သန္ေနပါလိမ့္မယ္။ ဒီလိုမဟုတ္ဘဲ အာ႐ုံပ်ံ႕လြင့္တာ ဒါမွမဟုတ္ အင္တာဗ်ဴးရင္းအခန္းအတြင္း မၾကာ ခဏဝင္ထြက္သြားလာေနတာက ဒီအင္တာဗ်ဴးအေပၚမွာအာ႐ုံစူးစိုက္မႈမရွိတာကို ေပၚလြင္ေစပါတယ္။ ဒါေၾကာင့္ ဒီအင္တာဗ်ဴးကေန သင့္အေနနဲ႔ေမွ်ာ္လင့္လို႔မရႏိုင္ပါဘူး။

အင္တာဗ်ဳးအခ်ိန္ ျမန္လြန္းတာ

ပုံမွန္အင္တာဗ်ဴးတခုက မိနစ္ ၃၀ေလာက္ၾကာသင့္တယ္ဆိုတာ အားလုံးအသိပါပဲ။တကယ္စိတ္ပါဝင္စားမႈရွိတဲ့ အင္တာဗ်ဴးတခုက ဒီထက္ပိုၾကာႏိုင္ပါတယ္။ အင္တာဗ်ဴးမွာသင့္ကိုအလုပ္ခန႔္ဖို႔ ထည့္သြင္းစဥ္းစားေနတယ္ဆိုတာ သိသာေစတဲ့အခ်က္ကေတာ့သင့္အ ေၾကာင္းကို ပိုမိုသိရွိေအာင္လုပ္တာပါပဲ။ ဒီလိုမွမဟုတ္ဘဲ အင္တာဗ်ဴးအခ်ိန္က၁၅မိနစ္ေအာက္နည္းေနၿပီဆိုရင္ေတာ့ အလုပ္အင္တာ ဗ်ဴးက တခုခုေတာ့မွားယြင္းေနတယ္ဆိုတာ သိသာေစပါတယ္။ ဒီအခ်က္ကလည္းအလုပ္အင္တာဗ်ဴးမေအာင္ႏိုင္ဘူးဆိုတာ သိသာေစတဲ့အခ်က္ျဖစ္ပါတယ္။

တျခားသူေတြကိုလည္း ဒီအပတ္ထဲမွာ အင္တာဗ်ဴးေနတုန္းပဲလို႔ေျပာဆိုတာ

ဒီအခ်က္ကလည္း အင္တာဗ်ဴးအေျခအေနကို အကဲခတ္ႏိုင္ပါတယ္။ ငါတို႔တျခားသူေတြကိုလည္း ဒီအပတ္ထဲမွာ အင္တာဗ်ဴးေနတုန္းပဲလို႔ေျပာဆိုလိုက္တာကသင့္နည္းတူပဲ တျခားၿပိဳင္ဘက္ေတြအေၾကာင္းကို အရိပ္အႁမြတ္ေျပာဆိုတာျဖစ္ၿပီးအင္တာဗ်ဴးအေျခအေနနဲ႔ပတ္သက္ၿပီး ငါတို႔မင္းကိုဖုန္းေခၚလိုက္မယ္လို႔ေျပာတာက သင့္ကိုေလးေလးနက္နက္မစဥ္းစားတာလည္း ျဖစ္ႏိုင္ပါတယ္။ တကယ္လို အင္တာဗ်ဴးေတြကသင့္အလုပ္အတြက္အေျခအေနမေကာင္းခဲ့ရင္ေတာင္မွ စိတ္ဓာတ္မက်ပါနဲ႔။ အနည္းဆုံးေတာ့အင္တာဗ်ဴးအေတြ႕ အႀကဳံရယ္၊ သင္ဘာေတြလိုအပ္ေနေသးလဲဆိုတာကို သိရွိႏိုင္ပါတယ္။

အလုပ္အင္တာဗ်ဴးခံရၿပီး အလုပ္မခန႔္တာမ်ိဳးႀကဳံရတဲ့အခါ ျဖစ္တတ္တာကစိတ္ဓာတ္က်လာတာပါ။ ဒါေပမဲ့ ဒါကသင္တေယာက္ထဲမ ဟုတ္ဘူးဆိုတာကိုသတိရပါ။ သင္ကဒီအခြင့္အေရးေတြ၊ အေတြ႕အႀကဳံေတြကေန သင္ႀကဳံစာယူၿပီး ေနာက္အင္တာဗ်ဴးေတြမွာပိုမိုလြယ္ ကူေစဖို႔အတြက္ အေတြ႕အႀကဳံေတြ၊ အသိပညာေတြအမ်ားႀကီးရရွိႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*