မဟာဘွဲ့အတွက် ကိုရီးယားထိပ်တန်းတက္ကသိုလ်မှာ တက်ရောက်ခွင့်ရခဲ့တဲ့ မင်းသမီး Koo Hye Sun

မြန်မာပရိသတ်တွေကြားမှာ F4 မင်းသမီးလို့နာမည်ကြီးတဲ့ မင်းသမီး Koo Hye Sun ကတော့မာစတာပရိုဂရမ်အတွက် ကျော်ကြားတဲ့ Advanced Institute of Science and Technology (KAIST)က လက်ခံထားတယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။မင်းသမီးက အင်ဂျင်နီယာမဟာဘွဲ့အတွက် ဒီတက္ကသိုလ်ကလက်ခံခဲ့တာလို့ ဇွန်လ ၂၀ရက်နေ့မှာသူမရဲ့အင်စတာဂရမ်အကောင့်ကနေ မျှဝေခဲ့တာဖြစ်ပါတယ်။ဒီတက္ကသိုလ်က ဝင်ခွင့်ရရှိဖို့ အခက်ခဲဆုံးကိုရီးယားတက္ကသိုလ်တွေထဲက တခုလို့သတ်မှတ်ခံထားတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ပြည်တွင်းကျောင်းသားများအတွက်လက်ခံမှုနှုန်းက ၁၄ဒဿမ ၉ရာခိုင်နှုန်းဝန်းကျင်သာရှိပြီး နိုင်ငံတကာကျောင်းသားများအတွက် ၁၃ ဒဿမ ၂ရာခိုင်နှုန်းဖြစ်ပါတယ်။

ဒီတက္ကသိုလ်က ကိုရီးယားနိုင်ငံမှာအကောင်းဆုံးတက္ကသိုလ်အဖြစ် အဆင့်သတ်မှတ်ခံထားရပါတယ်။မင်းသမီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ Sungkyukwna တက္ကသိုလ်ကနေဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။ သူမက ၂၀၁၁ခုနှစ်ကတည်းက တက်ရောက်ခဲ့တာဖြစ်ပေမဲ့သူမရဲ့များပြားလှတဲ့အချိန်ဇယားတွေကြောင့် သူမရဲ့ဘွဲ့ကိုပြီးမြောက်အောင်မတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။သူမရဲ့အမှတ်ရစရာအကောင်းဆုံးဇာတ် ကားကတော့ “Boys Over Flowers” ဇာတ်ကားဖြစ်ပြီးလီမင်ဟိုနဲ့ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*