အသက်ထက်ဝက်ငယ်တဲ့ ချစ်သူအသစ်နဲ့ လူသိရှင်ကြားပွဲတက်လာတဲ့ ဘရတ်ဒ်ပစ်

ဘရတ်ဒ်ပစ်ကတော့ ဂျိုလီနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲပြီးချိန်မှာ ပထမဆုံးအနေနဲ့ချစ်သူအသစ်ကို လူသိရှင်ကြားပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ Brad Pitt နဲ့ ချစ်သူ Ines de Ramon တို့ ပထမဆုံး ချိန်းတွေ့ပြီးနောက် နှစ်နှစ်အကြာတွင်ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်လာပဲဖြစ်ပါတယ်။အသက် ၆၀အရွယ်မင်းသားနဲ့ သူ့ရဲ့အသက် ၃၄နှစ်အရွယ် ချစ်သူတို့ကအသက်ထက်ဝက်နီးပါးကွာပြီး သူ့ရဲ့ချစ်သူက လက်ဝတ်ရတနာဒီဇိုင်နာတဦးဖြစ်ပါတယ်။

မင်းသားနဲ့သူ့ရဲ့ချစ်သူတို့က အီတလီမှာပြုလုပ်တဲ့ ပွဲတော်တခုမှာ လက်ချင်းချိတ်ပြီးပွဲတက်လာခဲ့ကြတာဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၂နှစ်မှာတရားဝင်တွဲခုတ်လာတာလည်းဖြစ်ပါတယ်။ကလေးခြောက်ယောက်ရှိတဲ့ Brad နဲ့ Angelina တို့က ၂၀၁၆ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။အိမ်ထောင်သက် ၁၂နှစ်ကြာပြီးနောက်မှာဘရတ်နဲ့ ဂျိုလီတို့ လမ်းခွဲခဲ့ကြပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*