သူ့မှာ အူမကြီးကင်ဆာရှိတယ်လို့ အသိပေးလိုက်တဲ့ James Van Der Beek

James Van Der Beek က သူ့ရဲ့ ကျန်းမာရေးတိုက်ပွဲအကြောင်းကို ဖွင့်ဟလာပါတယ်။ သူ့မှာအူမကြီးကင်ဆာရှိနေကြောင်း CNN ကိုတနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ကျွန်ုပ်က ဒီရောဂါရှာဖွေတွေ့ရှိမှုကို သီးသန့်လုပ်ဆောင်နေပြီး မယုံနိုင်စရာမိသားစုရဲ့ပံ့ပိုးမှုနဲ့ဒီရောကို ဖြေရှင်းဖို့ စတင်လုပ်ဆောင်နေပါတယ်လို့သူ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အသက် ၄၇ နှစ်အရွယ် Van Der Beek က “ကျွန် တော် နေလို့ကောင်းတယ်တဲ့အတွက်အကောင်းမြင်ဖို့ အကြောင်းပြချက်ရှိပါတယ်”People မဂ္ဂဇင်းကနေ ဒီသတင်းကို ဦးဆုံးဖော်ပြထားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသား ၂၃ ဦးမှာ ၁ ဦးနဲ့ အမျိုးသမီး ၂၅ ဦးမှာ ၁ ဦးခန့်ကသူတို့ရဲ့တသက်သာမှာ အူမကြီးကင်ဆာဖြစ်နိုင်ကြောင်း အမေရိကန်ကင်ဆာအသင်းရဲ့အဆိုအရ သိရပါတယ်။သူ့ရဲ့ ကနဦးထုတ်ပြန်ချက်ကိုထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာမှာအင် စတာဂရမ်အကောင့်မှာလည်း ပို့စ်တင်ခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်လုပ်ရမယ့် အချိန်ဇယားမှာ ဘာမှပြောင်းလဲမသွားပါဘူးလို့ ရေးသားခဲ့ပါတယ်။သူက သူ့မိသားစုရဲ့ မေတ္တာနဲ့ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။Van Der Beek က ဇနီးဖြစ်သူ Kimberly နဲ့ သားသမီး ခြောက်ဦးရှိပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*