Relationship မှာ ပဋိပက္ခများ ကိုင်တွယ်ဖို့ ထိပ်တန်း အကြံပြုချက် (၄) ခု

အချစ်ရေးမှာ ပေါင်းသင်းဆက်ဆံဖူးသူတိုင်းအတွက် ရန်ဖြစ်ခြင်း၊ ပဋိပက္ခနဲ့သဘောထားကွဲလွဲခြင်း သဘောတရားများက လူတိုင်းဖြစ်ဖူးကြမှာပါ။ ဒီလိုမျိုး ငြင်းခုံမှုတွေဖြစ်လာရင် ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့အချက်က အဓိကကျလာပါတယ်။အခုမျှဝေပေးချင်တာကတော့ ချစ်ဆက်ဆံရေးမှာ ပဋိပက္ခတွေကိုကိုင်တွယ်ဖို့ထိပ်တန်းအကြံပြုချက်တွေပဲဖြစ်ပါတယ်။

Passive Aggressive မရှိပါ

ချစ်ဆက်ဆံရေးမှာ ပွင့်လင်းစွာ ပြောဆိုဆက်ဆံမှု၊ လေးစားမှုရှိတဲ့ အတွေးအမြင်များကပျော်ရွှင်တဲ့ ဆက်ဆံရေးအတွက် သော့ချက်ဖြစ်ပါတယ်။ ပဋိပက္ခများအကြောင်းတက်ကြွစွာပြောဆိုခြင်းနဲ့ တက်ကြွစွာနားထောင်ခြင်းက ပြဿနာကိုဖြေရှင်းနိုင်ပြီးအချစ်ရေးတွင် ပျော်ရွှင်မှုကို ထိန်းသိမ်းနိုင်ပါတယ်။ ဒါ့အပြင်တယောက်ကိုတယောက်အပြစ်တင်တတ်တဲ့ အပြစ်တင်ဂိမ်းကိုရှောင်ပါ။ သင့်ချစ်သူနဲ့စကား ပြောပြီး သင့်ပြဿနာတွေအတွက် သူတို့ကိုအပြစ်မတင်ဘဲ ပြောပြပါ။

Relationship ရှိ အကြောင်းရင်းကို ရှာပါ

ဆက်ဆံရေးတိုင်းမှာ တစုံတခုက ဒီဆက်ဆံရေးကိုရပ်တန့်သွားစေတယ်လို့ လူတိုင်းခံစားရတဲ့အဆင့်တခုရှိပါတယ်။ ငွေကြေးပြဿနာများ၊ ဆန္ဒများနဲ့ ကျန်းမာရေးပြဿနာများလိုပြဿနာများကို ပွင့်ပွင့်လင်းလင်းပြောတာဆိုမျိုးမရှိတဲ့အတွက်ကြောင့် ဒီဆက်ဆံရေးက
အဖုအထစ်တွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ပြဿနာရဲ့မူလဇစ်မြစ်ကိုသိဖို့လိုပါတယ်။တော်တော်များများက ပြဿနာရဲ့မူလဇစ်မြစ်ကိုမရှာဖွေကြဘဲ ပြဿနာများကိုဂငယ်ကွေ့မောင်းသွားကြတာများပါတယ်။ ဒါက ရေရှည်အတွက် အဆင်မပြေနိုင်တဲ့ဆက်ဆံရေးကို ဖြစ်စေပါတယ်။

လစ်ဘရယ်နဲ့ တည်ငြိမ်တဲ့ စကားဝိုင်း

ဒီနေ့ခေတ်မှာ ကျိန်ဆဲတဲ့စကားလုံးများ၊ ဘန်းစကားများနဲ့ ရိုင်းစိုင်းတဲ့လေသံများကိုအမိုက်စားလို့ ယူဆလေ့ရှိကြပါတယ်။ ဒါပေမဲ့ နှုတ်နဲ့အလွဲသုံးစားလုပ်တာကဆက်ဆံရေးတခုမှာ ရုပ်ပိုင်းဆိင်ရာအလွဲသုံးစားလုပ်တာနဲ့ ညီမျှပါတယ်။ ဒါကြောင့်စကားပြောဆိုတဲ့အခါမှာ တတ်နိုင်သမျှ တည်ငြိမ်တဲ့ စကားဝိုင်းဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။

အရေးမပါသော အကြောင်းပြချက်များကို ရှောင်ပါ

သဘောားကွဲလွဲမှုများကို ကြိုဆိုလို့ရပေမဲ့ သင်ရဲ့တိုက်ပွဲများကို ပညာရှိနဲ့နဲ့ရွေးချယ်ပါ။အသေးအမွှားကိစ္စတွေကို ရင်ဆိုင်ဖို့အတွက် အမြဲအဆင်သင့်ဖြစ်မနေပါနဲ့။ တခါတလေမှာပြုံးပြီး လျစ်လျူရှုလိုက်ပါ။ အငြင်းအခုံမစတင်ပြီးဒီအငြင်းအခုံနဲ့ပတ်သက်တဲ့စိတ်ခံစားချက်များကို တွန်လှန်ပြီး အမှိုက်ပုံးထဲထည့်လိုက်ပါ။

MYit

zawgyi

အခ်စ္ေရးမွာ ေပါင္းသင္းဆက္ဆံဖူးသူတိုင္းအတြက္ ရန္ျဖစ္ျခင္း၊ ပဋိပကၡနဲ႔သေဘာထားကြဲလြဲျခင္း သေဘာတရားမ်ားက လူတိုင္းျဖစ္ဖူးၾကမွာပါ။ ဒီလိုမ်ိဳး ျငင္းခုံမႈေတြျဖစ္လာရင္ ဘယ္လိုမ်ိဳး ကိုင္တြယ္ေျဖရွင္းမလဲဆိုတဲ့အခ်က္က အဓိကက်လာပါတယ္။အခုမွ်ေဝေပးခ်င္တာကေတာ့ ခ်စ္ဆက္ဆံေရးမွာ ပဋိပကၡေတြကိုကိုင္တြယ္ဖို႔ထိပ္တန္းအႀကံျပဳခ်က္ေတြပဲျဖစ္ပါတယ္။

Passive Aggressive မရွိပါ

ခ်စ္ဆက္ဆံေရးမွာ ပြင့္လင္းစြာ ေျပာဆိုဆက္ဆံမႈ၊ ေလးစားမႈရွိတဲ့ အေတြးအျမင္မ်ားကေပ်ာ္႐ႊင္တဲ့ ဆက္ဆံေရးအတြက္ ေသာ့ခ်က္ျဖစ္ပါတယ္။ ပဋိပကၡမ်ားအေၾကာင္းတက္ႂကြစြာေျပာဆိုျခင္းနဲ႔ တက္ႂကြစြာနားေထာင္ျခင္းက ျပႆနာကိုေျဖရွင္းႏိုင္ၿပီးအခ်စ္ေရးတြင္ ေပ်ာ္႐ႊင္မႈကို ထိန္းသိမ္းႏိုင္ပါတယ္။ ဒါ့အျပင္တေယာက္ကိုတေယာက္အျပစ္တင္တတ္တဲ့ အျပစ္တင္ဂိမ္းကိုေရွာင္ပါ။ သင့္ခ်စ္သူနဲ႔စကား ေျပာၿပီး သင့္ျပႆနာေတြအတြက္ သူတို႔ကိုအျပစ္မတင္ဘဲ ေျပာျပပါ။

Relationship ရွိ အေၾကာင္းရင္းကို ရွာပါ

ဆက္ဆံေရးတိုင္းမွာ တစုံတခုက ဒီဆက္ဆံေရးကိုရပ္တန႔္သြားေစတယ္လို႔ လူတိုင္းခံစားရတဲ့အဆင့္တခုရွိပါတယ္။ ေငြေၾကးျပႆနာမ်ား၊ ဆႏၵမ်ားနဲ႔ က်န္းမာေရးျပႆနာမ်ားလိုျပႆနာမ်ားကို ပြင့္ပြင့္လင္းလင္းေျပာတာဆိုမ်ိဳးမရွိတဲ့အတြက္ေၾကာင့္ ဒီဆက္ဆံေရးက
အဖုအထစ္ေတြရွိလာႏိုင္ပါတယ္။ ဒါေၾကာင့္ ျပႆနာရဲ႕မူလဇစ္ျမစ္ကိုသိဖို႔လိုပါတယ္။ေတာ္ေတာ္မ်ားမ်ားက ျပႆနာရဲ႕မူလဇစ္ျမစ္ကိုမရွာေဖြၾကဘဲ ျပႆနာမ်ားကိုဂငယ္ေကြ႕ေမာင္းသြားၾကတာမ်ားပါတယ္။ ဒါက ေရရွည္အတြက္ အဆင္မေျပႏိုင္တဲ့ဆက္ဆံေရးကို ျဖစ္ေစပါတယ္။

လစ္ဘရယ္နဲ႔ တည္ၿငိမ္တဲ့ စကားဝိုင္း

ဒီေန႔ေခတ္မွာ က်ိန္ဆဲတဲ့စကားလုံးမ်ား၊ ဘန္းစကားမ်ားနဲ႔ ႐ိုင္းစိုင္းတဲ့ေလသံမ်ားကိုအမိုက္စားလို႔ ယူဆေလ့ရွိၾကပါတယ္။ ဒါေပမဲ့ ႏႈတ္နဲ႔အလြဲသုံးစားလုပ္တာကဆက္ဆံေရးတခုမွာ ႐ုပ္ပိုင္းဆိင္ရာအလြဲသုံးစားလုပ္တာနဲ႔ ညီမွ်ပါတယ္။ ဒါေၾကာင့္စကားေျပာဆိုတဲ့အခါမွာ တတ္ႏိုင္သမွ် တည္ၿငိမ္တဲ့ စကားဝိုင္းျဖစ္ဖို႔ ႀကိဳးစားသင့္ပါတယ္။

အေရးမပါေသာ အေၾကာင္းျပခ်က္မ်ားကို ေရွာင္ပါ

သေဘာားကြဲလြဲမႈမ်ားကို ႀကိဳဆိုလို႔ရေပမဲ့ သင္ရဲ႕တိုက္ပြဲမ်ားကို ပညာရွိနဲ႔နဲ႔ေ႐ြးခ်ယ္ပါ။အေသးအမႊားကိစၥေတြကို ရင္ဆိုင္ဖို႔အတြက္ အၿမဲအဆင္သင့္ျဖစ္မေနပါနဲ႔။ တခါတေလမွာၿပဳံးၿပီး လ်စ္လ်ဴရႈလိုက္ပါ။ အျငင္းအခုံမစတင္ၿပီးဒီအျငင္းအခုံနဲ႔ပတ္သက္တဲ့စိတ္ခံစားခ်က္မ်ားကို တြန္လွန္ၿပီး အမႈိက္ပုံးထဲထည့္လိုက္ပါ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*