သူမရဲ့သား Pax နဲ့ညစာအတူထွက်စားခဲ့တဲ့ အင်ဂျလီနာဂျိုလီ
မင်းသမီး အင်ဂျလီနာဂျိုလီက သူမရဲ့သားနဲ့အတူ West Hollywood ရှိ Sushi Park မှာညစာထွက်စားတာကို ဇူလိုင်လ ၁၂ရက်နေ့က တွေ့ရှိခဲ့ပါတယ်။မင်းသမီးက အနက်ရောင်ဒေါက်ဖိနပ်နဲ့လိုက်ဖက်တဲ့ အနက်ရောင်လက်ကိုင်အိတ်ကိုဝတ်ဆင်ထားပြီး သူမရဲ့သား Pax ကတော့ အပြာရောင်အင်္ကျီကိုဝတ်ဆင်ထားပါတယ်။အသက် ၄၉နှစ်အရွယ်ရှိ မင်းသမီးနဲ့အတူ သူမရဲ့သား Pax တို့ အတူညစာထွက်စားပြီးသူတို့နှစ်ယောက်အတူတွဲလို့ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ သူမရဲ့သားက သူမကို ညစာအတွက်ဝယ်ကျွေးတာကို တွေ့ခဲ့ရပါတယ်။ ကားပါကင်အတွက် ကားခပေးဆောင်ရာမှာလည်း Pax ကသူ့ရဲ့ခရက်ဒစ်ကတ်ကို ထုတ်ယူပြီးပေးဆောင်တာတွေ့ရပါတယ်။
၎င်း၏ American Express ကတ်ကို အသုံးပြု၍ ကားပါကင်ခများကိုကိုင်တွယ်ဆောင်ရွက်သည်ကို တွေ့မြင်ရသည်။ မင်းသမီးနဲ့သူမရဲ့သား ပက်တို့က အခုနှစ်ဇန်နဝါရီတုန်းက တခါနဲ့ အခုဇူလိုင် ၁၂မှာတခါ ညစာစားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ဂျိုလီက သူမရဲ့ခင်ပွန်ဟောင်း အမေရိကန်မင်းသား ဘရတ်ပစ်နဲ့ ကွာရှင်းပြတ်စဲစဉ်အတွင်းမှာလေးများအုပ်ထိန်းခွင့်ကို အတူရရှိထားတာဖြစ်ပါတယ်။ သူမက တော့သားသမီးများနဲ့နှစ်လိုဖွယ်ကောင်းတဲ့သူတဦးအဖြစ် နာမည်ကျော်ကြားပါတယ်။ ပစ်ကတော့သားသမီးများအကြား ဆက်ဆံရေးတင်းလာတာတယ်လို့စွပ်စွဲမှုတွေ ကြုံတွေ့နေရပါတယ်။ Pax က အသက် ၂၁နှစ်ရှိပြီးဖြစ်ပြီး ဟိုချီးမင်းမြို့မှာမွေးပြီးမိခင်ရင်းကနေစွန့်ပစ်ခံရတာဖြစ်ပါတယ်။ မိဘမဲ့ဂေဟာကနေ ဂျိူလီက ၂၀၀၇ခုနှစ်မှာမွေစားခဲ့တာဖြစ်ပါတယ်။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*