
ဒီကနေ့ခေတ်မှာ နည်းပညာအပြောင်းအလဲများနဲ့ကမ္ဘာအနှံ့ဆက်သွယ်မှုများမြင့်တက်လာတာတွေနဲ့ စီးပွားရေးအခြေအနေများ ပြောင်းလဲလာတာတွေကြောင့်လုပ်ငန်းခွင်အပြောင်းအလဲတွေကလည်း လျင်မြန်စွာ ပြောင်းလဲလျက်ရှိနေပါတယ်။အနာဂတ်လုပ်ငန်းခွင်က အခုထက်ပိုပြီး ပြောင်းလဲသွားဖို့ရှိပြီး ဒီအပြောင်းအလဲကိုရင်ဆိုင်နိုင်ဖို့အတွက် ဝန်ထမ်းများနဲ့ အလုပ်ရှင် နှစ်ဖက်စလုံးမှာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားဖို့ လိုအပ်လာပါတယ်။အနာဂတ်လုပ်ငန်းခွင်က ဘယ်လိုမျိုး ပြောင်းလဲလာမလဲဆိုတဲ့ အချက်တွေကို စုစည်းပြီးဖော်ပြ ပေးချင်ပါတယ်။
နည်းပညာ အသုံးပြုမှု မြင့်မားလာမှု
အနာဂတ်မှာ အလိုအလျောက်စနစ် (automation)၊ စက်ရုပ် (robotics) နဲ့ AI (Artificial Intelligence) တို့က လုပ်ငန်းခွင်တွေမှာ ပိုမို အရေးပါတဲ့ အခန်းကဏ္ဍတွေကနေပါဝင်လာမှာဖြစ်ပါတယ်။ လက်ရှိမှာတောင် AI တွေ၊ အလိုအလျောက်စနစ်တွေ၊ စက်ရုပ်တွေရဲ့လုပ် ငန်းခွင်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်လာမှုကိုအတော်များများမြင်တွေ့လာရပြီဖြစ်ပါတယ်။ ဒီနည်းပညာများက လုပ်ငန်းများကို
ပိုမိုထိရောက်စေပြီး ကုန်ကျစရိတ်ကိုလျှော့ချပေးနိုင်တယ်ဆိုပေမဲ့ အလုပ်အကိုင်တချို့ကိုလည်းဖယ်ရှားပေးသွားနိုင်ပါတယ်။ ဒါကြောင့်ပဲ ၂၀၃၀ခုနှစ်မှာ ပျောက်ကွယ်နိုင်သွားတဲ့အလုပ်အကိုင်များဆိုပြီး အလုပ်အကိုင်တော်တော်များများကို ဖော်ပြထားပါတယ်။ ဒါကိုစိတ်ဝင် စားတယ်ဆိုရင် ရှာဖွေဖတ်ရှုကြည့်လို့ရပါတယ်။
Remote အလုပ်များ ပိုမိုတွင်ကျယ်လာမှု
အင်တာနက်နဲ့ ဆက်သွယ်ရေး နည်းပညာများ တိုးတက်လာတာကြောင့် အနာဂတ်မှာ remoteအလုပ်တွေ ပိုမိုတွင်ကျယ်လာမယ်ဆိုတာ ခန့်မှန်းစရာမလိုအောင် တိကျတဲ့ကိစ္စဖြစ်လာပါတယ်။ဒီလိုအလုပ်လုပ်တာက ဝန်ထမ်းများအတွက် flexibility ပိုမိုရရှိစေပြီးအလုပ်ရှင် များအတွက်လည်း ရုံးခန်းစရိတ်ကို သက်သာစေပါတယ်။
ကျွမ်းကျင်မှု လိုအပ်ချက် ပြောင်းလဲလာမှု
နည်းပညာ အပြောင်းအလဲများကြောင့် အနာဂတ်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုများကလည်းပြောင်းလဲလာမှာဖြစ်ပါတယ်။ နည်းပညာနဲ့သက်ဆိုင်တဲ့ ကျွမ်းကျင်မှုများ၊ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုနဲ့ ဆက်သွယ်ရေးကျွမ်းကျင်မှုများက အနာဂတ်မှာပိုမိုအရေးပါ လာမှာဖြစ်ပါတယ်။
စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုများ အရေးပါလာမှု
နည်းပညာများ အရေးပါလာပေမဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများကလည်းအနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာပဲဖြစ်ပါတယ်။ တခြားသူများနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှု၊ စိတ်ခံစားမှုကို စီမံခန့်ခွဲနိုင်မှုနဲ့ စိတ်ဖိစီးမှုဒဏ်ကို ကိုင်တွယ်နိုင်မှုတို့ကအ နာဂတ်အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းများဖြစ်လာမှာဖြစ်ပါတယ်။
ဒီတော့ အနာဂတ်လုပ်ငန်းခွင်အတွက် ကြိုတင်ပြင်ဆင်ကြဖို့လိုလာပါပြီ။ဒီလိုကြိုတင်ပြင်ဆင်တဲ့နေရာမှာ ဝန်ထမ်းတွေအတွက်ရော၊ အ လုပ်ရှင်များအတွက်ပါလိုအပ်မှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်ကတော့စဉ်ဆက်မပြတ်သင်ယူလေ့လာနေဖို့လိုအပ်ပါတယ်။ နည်းပညာဆိုင်ရာ သင်တန်းတွေ၊လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုမြှင့်တင်နိုင်ပါတယ်။အလုပ်ရှင်တွေအတွက်ကတော့ အ နာဂတ်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားတဲ့ဝန်ထမ်းများကိုခန့်အပ်ဖို့၊ လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။
ဝန်ထမ်းတွေကိုသင်ယူလေ့လာဖို့အားပေးတာ၊ လေ့ကျင့်ရေးအစီအစဉ်များလုပ်ဆောင်ပေးတာ၊အလုပ်ခွင်မှာ နည်းပညာအသစ်များကို မိတ်ဆက်ပေးတာစတာတွေနဲ့ အနာဂတ်ကိုကြိုတင်ပြင်ဆင်နိုင်ပါတယ်။ တချို့အလုပ်ရှင်တွေက ဝန်ထမ်းတွေကို သင်ယူလေ့လာဖို့အားမ ပေးတာမျိုးတွေ့ရပါတယ်။ ဒါကလည်း သတိထားစရာကိစ္စတရပ်ဖြစ်ပါတယ်။ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့ သင်ယူလေ့လာမှုတွေကိုအားမပေးဘူးဆိုရင် ကိုယ့်ဆီမှာကျွမ်းကျင်ဝန်ထမ်းတွေ ရှိလာနိုင်မှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် ပြိုင်ဆိုင်နေတဲ့အနာဂတ်အလုပ်ပတ်ဝန်းကျင်မှာကိုယ့် လုပ်ငန်းက နောက်ကောက်ကျပြီးကျန်ခဲ့မှာအသေအချာပါပဲ။
အနာဂတ် လုပ်ငန်းခွင်တွေက စိန်ခေါ်မှုများစွာ ရှိပေမဲ့ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားမယ်ဆိုရင် အခွင့်အလမ်းများစွာလည်း ရှိနေပါတယ်။ ဝန်ထမ်းရော၊ အလုပ်ရှင်ရောနှစ်ဦးစလုံးက အပြောင်းအလဲကို လက်ခံပြီး အနာဂတ်အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုများကိုပြင်ဆင်ထားတာက အနာဂတ်လုပ်ငန်းခွင်မှာအောင်မြင်မှုကိုအရယူနိုင်မှာလည်းဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
ဒီကေန႔ေခတ္မွာ နည္းပညာအေျပာင္းအလဲမ်ားနဲ႔ကမာၻအႏွံ႔ဆက္သြယ္မႈမ်ားျမင့္တက္လာတာေတြနဲ႔ စီးပြားေရးအေျခအေနမ်ား ေျပာင္းလဲလာတာေတြေၾကာင့္လုပ္ငန္းခြင္အေျပာင္းအလဲေတြကလည္း လ်င္ျမန္စြာ ေျပာင္းလဲလ်က္ရွိေနပါတယ္။အနာဂတ္လုပ္ငန္းခြင္က အခုထက္ပိုၿပီး ေျပာင္းလဲသြားဖို႔ရွိၿပီး ဒီအေျပာင္းအလဲကိုရင္ဆိုင္ႏိုင္ဖို႔အတြက္ ဝန္ထမ္းမ်ားနဲ႔ အလုပ္ရွင္ ႏွစ္ဖက္စလုံးမွာ ႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ထားဖို႔ လိုအပ္လာပါတယ္။အနာဂတ္လုပ္ငန္းခြင္က ဘယ္လိုမ်ိဳး ေျပာင္းလဲလာမလဲဆိုတဲ့ အခ်က္ေတြကို စုစည္းၿပီးေဖာ္ျပ ေပးခ်င္ပါတယ္။
နည္းပညာ အသုံးျပဳမႈ ျမင့္မားလာမႈ
အနာဂတ္မွာ အလိုအေလ်ာက္စနစ္ (automation)၊ စက္႐ုပ္ (robotics) နဲ႔ AI (Artificial Intelligence) တို႔က လုပ္ငန္းခြင္ေတြမွာ ပိုမို အေရးပါတဲ့ အခန္းက႑ေတြကေနပါဝင္လာမွာျဖစ္ပါတယ္။ လက္ရွိမွာေတာင္ AI ေတြ၊ အလိုအေလ်ာက္စနစ္ေတြ၊ စက္႐ုပ္ေတြရဲ႕လုပ္ ငန္းခြင္ေတြမွာ ထဲထဲဝင္ဝင္ပါဝင္ပတ္သက္လာမႈကိုအေတာ္မ်ားမ်ားျမင္ေတြ႕လာရၿပီျဖစ္ပါတယ္။ ဒီနည္းပညာမ်ားက လုပ္ငန္းမ်ားကို
ပိုမိုထိေရာက္ေစၿပီး ကုန္က်စရိတ္ကိုေလွ်ာ့ခ်ေပးႏိုင္တယ္ဆိုေပမဲ့ အလုပ္အကိုင္တခ်ိဳ႕ကိုလည္းဖယ္ရွားေပးသြားႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ ၂၀၃၀ခုႏွစ္မွာ ေပ်ာက္ကြယ္ႏိုင္သြားတဲ့အလုပ္အကိုင္မ်ားဆိုၿပီး အလုပ္အကိုင္ေတာ္ေတာ္မ်ားမ်ားကို ေဖာ္ျပထားပါတယ္။ ဒါကိုစိတ္ဝင္ စားတယ္ဆိုရင္ ရွာေဖြဖတ္ရႈၾကည့္လို႔ရပါတယ္။
Remote အလုပ္မ်ား ပိုမိုတြင္က်ယ္လာမႈ
အင္တာနက္နဲ႔ ဆက္သြယ္ေရး နည္းပညာမ်ား တိုးတက္လာတာေၾကာင့္ အနာဂတ္မွာ remoteအလုပ္ေတြ ပိုမိုတြင္က်ယ္လာမယ္ဆိုတာ ခန႔္မွန္းစရာမလိုေအာင္ တိက်တဲ့ကိစၥျဖစ္လာပါတယ္။ဒီလိုအလုပ္လုပ္တာက ဝန္ထမ္းမ်ားအတြက္ flexibility ပိုမိုရရွိေစၿပီးအလုပ္ရွင္ မ်ားအတြက္လည္း ႐ုံးခန္းစရိတ္ကို သက္သာေစပါတယ္။
ကြၽမ္းက်င္မႈ လိုအပ္ခ်က္ ေျပာင္းလဲလာမႈ
နည္းပညာ အေျပာင္းအလဲမ်ားေၾကာင့္ အနာဂတ္မွာ လိုအပ္တဲ့ ကြၽမ္းက်င္မႈမ်ားကလည္းေျပာင္းလဲလာမွာျဖစ္ပါတယ္။ နည္းပညာနဲ႔သက္ဆိုင္တဲ့ ကြၽမ္းက်င္မႈမ်ား၊ျပႆနာေျဖရွင္းႏိုင္မႈ၊ တီထြင္ဖန္တီးႏိုင္မႈနဲ႔ ဆက္သြယ္ေရးကြၽမ္းက်င္မႈမ်ားက အနာဂတ္မွာပိုမိုအေရးပါ လာမွာျဖစ္ပါတယ္။
စိတ္ခံစားမႈဆိုင္ရာ ကြၽမ္းက်င္မႈမ်ား အေရးပါလာမႈ
နည္းပညာမ်ား အေရးပါလာေပမဲ့ လူမႈေရးနဲ႔ စိတ္ပိုင္းဆိုင္ရာကြၽမ္းက်င္မႈမ်ားကလည္းအနာဂတ္မွာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ေနမွာပဲျဖစ္ပါတယ္။ တျခားသူမ်ားနဲ႔ပူးေပါင္းေဆာင္႐ြက္ႏိုင္မႈ၊ စိတ္ခံစားမႈကို စီမံခန႔္ခြဲႏိုင္မႈနဲ႔ စိတ္ဖိစီးမႈဒဏ္ကို ကိုင္တြယ္ႏိုင္မႈတို႔ကအ နာဂတ္ေအာင္ျမင္မႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ အရည္အခ်င္းမ်ားျဖစ္လာမွာျဖစ္ပါတယ္။
ဒီေတာ့ အနာဂတ္လုပ္ငန္းခြင္အတြက္ ႀကိဳတင္ျပင္ဆင္ၾကဖို႔လိုလာပါၿပီ။ဒီလိုႀကိဳတင္ျပင္ဆင္တဲ့ေနရာမွာ ဝန္ထမ္းေတြအတြက္ေရာ၊ အ လုပ္ရွင္မ်ားအတြက္ပါလိုအပ္မွာျဖစ္ပါတယ္။ ဝန္ထမ္းေတြအတြက္ကေတာ့စဥ္ဆက္မျပတ္သင္ယူေလ့လာေနဖို႔လိုအပ္ပါတယ္။ နည္းပညာဆိုင္ရာ သင္တန္းေတြ၊ေလ့က်င့္ေရးအစီအစဥ္ေတြနဲ႔ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈကိုျမႇင့္တင္ႏိုင္ပါတယ္။အလုပ္ရွင္ေတြအတြက္ကေတာ့ အ နာဂတ္မွာ လိုအပ္တဲ့ ကြၽမ္းက်င္မႈမ်ားကို ပိုင္ဆိုင္ထားတဲ့ဝန္ထမ္းမ်ားကိုခန႔္အပ္ဖို႔၊ ေလ့က်င့္ေပးဖို႔လိုအပ္ပါတယ္။
ဝန္ထမ္းေတြကိုသင္ယူေလ့လာဖို႔အားေပးတာ၊ ေလ့က်င့္ေရးအစီအစဥ္မ်ားလုပ္ေဆာင္ေပးတာ၊အလုပ္ခြင္မွာ နည္းပညာအသစ္မ်ားကို မိတ္ဆက္ေပးတာစတာေတြနဲ႔ အနာဂတ္ကိုႀကိဳတင္ျပင္ဆင္ႏိုင္ပါတယ္။ တခ်ိဳ႕အလုပ္ရွင္ေတြက ဝန္ထမ္းေတြကို သင္ယူေလ့လာဖို႔အားမ ေပးတာမ်ိဳးေတြ႕ရပါတယ္။ ဒါကလည္း သတိထားစရာကိစၥတရပ္ျဖစ္ပါတယ္။ကိုယ့္ရဲ႕ဝန္ထမ္းေတြရဲ႕ သင္ယူေလ့လာမႈေတြကိုအားမေပးဘူးဆိုရင္ ကိုယ့္ဆီမွာကြၽမ္းက်င္ဝန္ထမ္းေတြ ရွိလာႏိုင္မွာမဟုတ္ပါဘူး။ ဒီလိုဆိုရင္ ၿပိဳင္ဆိုင္ေနတဲ့အနာဂတ္အလုပ္ပတ္ဝန္းက်င္မွာကိုယ့္ လုပ္ငန္းက ေနာက္ေကာက္က်ၿပီးက်န္ခဲ့မွာအေသအခ်ာပါပဲ။
အနာဂတ္ လုပ္ငန္းခြင္ေတြက စိန္ေခၚမႈမ်ားစြာ ရွိေပမဲ့ ႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ထားမယ္ဆိုရင္ အခြင့္အလမ္းမ်ားစြာလည္း ရွိေနပါတယ္။ ဝန္ထမ္းေရာ၊ အလုပ္ရွင္ေရာႏွစ္ဦးစလုံးက အေျပာင္းအလဲကို လက္ခံၿပီး အနာဂတ္အတြက္လိုအပ္တဲ့ကြၽမ္းက်င္မႈမ်ားကိုျပင္ဆင္ထားတာက အနာဂတ္လုပ္ငန္းခြင္မွာေအာင္ျမင္မႈကိုအရယူႏိုင္မွာလည္းျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply