ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် နေ့စဉ်လုပ်သင့်တဲ့ Positive Affirmation များ – အပိုင်း (၄)

အပြုသဘောဆောင်တဲ့ ကတိသစ္စာပြုခြင်းကို Positive Affirmation လို့ခေါ်ပါတယ်။ ဘယ်သူ့ကိုကတိသစ္စာပြုသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ပါ။ ဒီအပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ကိုယ်ရေး ကိုယ်တာအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကိုယ်ကအဆိုးမြင်တတ်တဲ့သူတယောက်ဆိုရင် ဒီအချက်လေးတွေ ပြောင်းလဲပြီးလုပ်ကြည့်ပါ။အကျိုးရှိလာပါလိမ့်မယ်။ ဒီလိုကတိသစ္စာပြုတာက နှုတ်ကနေ ရွတ်ဆိုရတာပါ။ ကိုယ်ဖြစ်ချင်တဲ့ကောင်းမွန်တဲ့ဆန္ဒလေးတွေကို နှုတ်ကနေရွတ်ဆိုတာက Positive Affirmation ပါပဲ။

ကောင်းမွန်တဲ့ ဘဝအပြောင်းအလဲအတွက် ဒီအချက်လေးတွေကို ရွတ်ဆိုကြည့်ပါ။ ကောင်းတဲ့စကားလုံးတွေ၊ ကောင်းတဲ့အတွေးတွေက ကိုယ့်ကိုရောင်ပြန်ဟပ်ပါတယ်။ အဆိုးမြင်စိတ်တွေ၊အတွေးတွေက သင့်ရဲ့ဘဝကို ပြောင်းလဲပစ်နိုင်သလိုပဲ ကောင်းမွန်တဲ့အတွေးတွေ၊
အပြောတွေကလည်း သင့်ရဲ့ဘဝကို ကောင်းမွန်အောင်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။တကယ်လို့သင်က အပြုသဘောဆောင်တဲ့ ကတိပြုမှုတွေကို စတင်လုပ်ဆောင်ဖို့အဆင်သင့်ပဲဆိုရင် သင့်ရဲ့အဆိုးမြင်မှုတွေးခေါ်မှုပုံစံတွေကို ပြောင်းလဲပြီးဒီမက်ဆေ့ချ်လေးတွေကို အသုံး ပြုပြီး ကောင်းမွန်တဲ့ အပြောင်းအလဲတရပ်ကိုဖော်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို ဦးစားပေးမယ်

ဒီအချက်က သင့်အတွက်စိတ်ပိုင်းဆိုင်ရာကောင်းမွန်စေဖို့ အခိုင်အမာအကူအညီပေးနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ပထမဦးစားပေးလုပ်ဆောင်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး တန်ဖိုးထားမှသင့်ရဲ့တန်ဖိုးက တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို
ပထမဦးစားပေးဖို့အတွက် ဒါလေးကို မကြာခဏရွတ်ဆိုပေးပြီး ကတိသစ္စာပြုသင့်ပါတယ်။သက်တောင့်သက်သာရပ်ဝန်းကနေ ရုန်းထွက်ပြီး ကြောက်ရွံ့မှုတွေကို ကျော်လွှားမယ်ကြောက်ရွံ့မှုတွေကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ကို ရင်ဆိုင်ဖို့ပါပဲ။သင့်အနေနဲ့ ဒီအချက်ကို သေသေချာချာလေး အလေးအနက်ထားသင့်ပါတယ်။ ဒီ Affirmation က သင့်အတွက် သက်သောင့်သက်သာဇုန်ကနေ ရုန်းထွက်ဖို့ ခွန်အားသတ္တိအတွက်ကူညီပေးပါလိမ့်မယ်။

ငါကိုယ်တိုင်က ချစ်ခြင်းမေတ္တာဖြစ်တယ်

အချစ်မခံရဘူးလို့ခံစားရတဲ့နေ့တွေ၊ အထီးကျန်တယ်လို့ခံစားရတဲ့နေ့တွေအတွက် ဒီ Affirmation က ကောင်းမွန်တဲ့ သတိပေးချက်ပါတယ်။ ကိုယ်ကိုယ်တိုင်က ချစ်ခြင်းမေတ္တာဖြစ်တယ်ဆိုတာကိုသတိရပါ။ ကိုယ်ကိုယ်တိုင်က အဲ့လိုခံစားရမှ တခြားသူရဲ့အချစ်ကိုလည်း
ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ငါက ချစ်ခြင်းမေတ္တာဖြစ်တယ်ဆိုတဲ့ ကတိသစ္စာပြုမှုနဲ့ကိုယ်ကိုယ်ကိုယ်ချစ်မြတ်နိုးပါ။

ငါက ကြီးပွားချမ်းသာပြီး အောင်မြင်သူဖြစ်ရမယ်

ဒီအချက်က ကိုယ့်ရဲ့ဘဏ္ဍာရေးတိုးတက်ကောင်းမွန်စေဖို့ဒီအချက်ကကောင်းမွန်တဲ့ကတိပြုချက်တခုပါပဲ။ ဒီအချက်ကိုနေ့စဉ်လေးရွတ်ဆိုပြီးကိုယ့်ကိုယ်ကိုယ် ကတိသစ္စာပြုပါ။ ကောင်းမွန်တဲ့ အတွေးတွေ၊ ပြောဆိုချက်တွေကသင့်ဘဝကိုကောင်းမွန်တဲ့အပြောင်းအလဲတရပ်ဆီ ပို့ဆောင်ပေးနိုင်တာကို သတိပြုဖို့ပါပဲ။

MYit

zawgyi

အျပဳသေဘာေဆာင္တဲ့ ကတိသစၥာျပဳျခင္းကို Positive Affirmation လို႔ေခၚပါတယ္။ ဘယ္သူ႔ကိုကတိသစၥာျပဳသလဲဆိုရင္ ကိုယ့္ကိုယ္ကိုယ္ပါ။ ဒီအျပဳသေဘာေဆာင္တဲ့ကတိသစၥာျပဳျခင္းကေန စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈနဲ႔ ေကာင္းမြန္တဲ့အျပဳသေဘာေဆာင္တဲ့ကိုယ္ေရး ကိုယ္တာအေျခအေနေတြကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ကိုယ္ကအဆိုးျမင္တတ္တဲ့သူတေယာက္ဆိုရင္ ဒီအခ်က္ေလးေတြ ေျပာင္းလဲၿပီးလုပ္ၾကည့္ပါ။အက်ိဳးရွိလာပါလိမ့္မယ္။ ဒီလိုကတိသစၥာျပဳတာက ႏႈတ္ကေန ႐ြတ္ဆိုရတာပါ။ ကိုယ္ျဖစ္ခ်င္တဲ့ေကာင္းမြန္တဲ့ဆႏၵေလးေတြကို ႏႈတ္ကေန႐ြတ္ဆိုတာက Positive Affirmation ပါပဲ။

ေကာင္းမြန္တဲ့ ဘဝအေျပာင္းအလဲအတြက္ ဒီအခ်က္ေလးေတြကို ႐ြတ္ဆိုၾကည့္ပါ။ ေကာင္းတဲ့စကားလုံးေတြ၊ ေကာင္းတဲ့အေတြးေတြက ကိုယ့္ကိုေရာင္ျပန္ဟပ္ပါတယ္။ အဆိုးျမင္စိတ္ေတြ၊အေတြးေတြက သင့္ရဲ႕ဘဝကို ေျပာင္းလဲပစ္ႏိုင္သလိုပဲ ေကာင္းမြန္တဲ့အေတြးေတြ၊
အေျပာေတြကလည္း သင့္ရဲ႕ဘဝကို ေကာင္းမြန္ေအာင္ေျပာင္းလဲေပးႏိုင္စြမ္းရွိပါတယ္။တကယ္လို႔သင္က အျပဳသေဘာေဆာင္တဲ့ ကတိျပဳမႈေတြကို စတင္လုပ္ေဆာင္ဖို႔အဆင္သင့္ပဲဆိုရင္ သင့္ရဲ႕အဆိုးျမင္မႈေတြးေခၚမႈပုံစံေတြကို ေျပာင္းလဲၿပီးဒီမက္ေဆ့ခ်္ေလးေတြကို အသုံး ျပဳၿပီး ေကာင္းမြန္တဲ့ အေျပာင္းအလဲတရပ္ကိုေဖာ္ေဆာင္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

ကိုယ့္ရဲ႕စိတ္ခ်မ္းသာမႈကို ဦးစားေပးမယ္

ဒီအခ်က္က သင့္အတြက္စိတ္ပိုင္းဆိုင္ရာေကာင္းမြန္ေစဖို႔ အခိုင္အမာအကူအညီေပးႏိုင္ပါတယ္။ကိုယ့္ကိုယ္ကိုယ္ခ်စ္ဖို႔ ပထမဦးစားေပးလုပ္ေဆာင္ပါ။ ကိုယ့္ကိုယ္ကိုယ္ခ်စ္ၿပီး တန္ဖိုးထားမွသင့္ရဲ႕တန္ဖိုးက တက္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕စိတ္ခ်မ္းသာမႈကို
ပထမဦးစားေပးဖို႔အတြက္ ဒါေလးကို မၾကာခဏ႐ြတ္ဆိုေပးၿပီး ကတိသစၥာျပဳသင့္ပါတယ္။သက္ေတာင့္သက္သာရပ္ဝန္းကေန ႐ုန္းထြက္ၿပီး ေၾကာက္႐ြံ႕မႈေတြကို ေက်ာ္လႊားမယ္ေၾကာက္႐ြံ႕မႈေတြကို ေက်ာ္လႊားဖို႔ အေကာင္းဆုံးနည္းလမ္းက သူတို႔ကို ရင္ဆိုင္ဖို႔ပါပဲ။သင့္အေနနဲ႔ ဒီအခ်က္ကို ေသေသခ်ာခ်ာေလး အေလးအနက္ထားသင့္ပါတယ္။ ဒီ Affirmation က သင့္အတြက္ သက္ေသာင့္သက္သာဇုန္ကေန ႐ုန္းထြက္ဖို႔ ခြန္အားသတၱိအတြက္ကူညီေပးပါလိမ့္မယ္။

ငါကိုယ္တိုင္က ခ်စ္ျခင္းေမတၱာျဖစ္တယ္

အခ်စ္မခံရဘူးလို႔ခံစားရတဲ့ေန႔ေတြ၊ အထီးက်န္တယ္လို႔ခံစားရတဲ့ေန႔ေတြအတြက္ ဒီ Affirmation က ေကာင္းမြန္တဲ့ သတိေပးခ်က္ပါတယ္။ ကိုယ္ကိုယ္တိုင္က ခ်စ္ျခင္းေမတၱာျဖစ္တယ္ဆိုတာကိုသတိရပါ။ ကိုယ္ကိုယ္တိုင္က အဲ့လိုခံစားရမွ တျခားသူရဲ႕အခ်စ္ကိုလည္း
ခံစားႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ငါက ခ်စ္ျခင္းေမတၱာျဖစ္တယ္ဆိုတဲ့ ကတိသစၥာျပဳမႈနဲ႔ကိုယ္ကိုယ္ကိုယ္ခ်စ္ျမတ္ႏိုးပါ။

ငါက ႀကီးပြားခ်မ္းသာၿပီး ေအာင္ျမင္သူျဖစ္ရမယ္

ဒီအခ်က္က ကိုယ့္ရဲ႕ဘ႑ာေရးတိုးတက္ေကာင္းမြန္ေစဖို႔ဒီအခ်က္ကေကာင္းမြန္တဲ့ကတိျပဳခ်က္တခုပါပဲ။ ဒီအခ်က္ကိုေန႔စဥ္ေလး႐ြတ္ဆိုၿပီးကိုယ့္ကိုယ္ကိုယ္ ကတိသစၥာျပဳပါ။ ေကာင္းမြန္တဲ့ အေတြးေတြ၊ ေျပာဆိုခ်က္ေတြကသင့္ဘဝကိုေကာင္းမြန္တဲ့အေျပာင္းအလဲတရပ္ဆီ ပို႔ေဆာင္ေပးႏိုင္တာကို သတိျပဳဖို႔ပါပဲ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*