အလုပ်လျှောက်ချိန်ကြုံရနိုင်တဲ့ Personality Test တွေကိုဘယ်လိုကျော်လွှားမလဲ

တချို့သောအလုပ်တွေ၊ အဖွဲ့အစည်းတွေမှာ အလုပ်လျှောက်သူကို Personality Test သီးသန့်စစ်လေ့ရှိကြပါတယ်။ ဒီလိုကိုယ်ရည်ကိုယ်သွေးစစ်ဆေးတာမျိုးကို ကြုံလာခဲ့မယ်ဆိုရင်ဘယ်လိုမေးခွန်းတွေကိုဘယ်လိုဖြေဆိုကြမလဲ၊ သတိလက်လွတ်အမှားမပါသွားစေဖို့ဘယ်အချက်တွေကိုသိထားရမလဲဆိုတာ အတွေ့အကြုံရှိသူတွေက အခုလိုအကြံပြုထားကြပါတယ်။

Personality Test ဆိုတာဘာလဲ
အလုပ်ရှင်တွေက ကိုယ့်ကိုအလုပ်မခန့်ခင် ကိုယ်ဟာဘယ်လိုလူစားလဲ၊ဘယ်လိုဝန်ထမ်းမျိုးဖြစ်မလဲဆိုတာကို သိရှိနိုင်ဖို့အတွက်ပြင်ဆင် ထားတဲ့မေးခွန်းတွေကိုဖြေခိုင်းခြင်းဖြစ်ပါတယ်။ကိုယ်ပေးလိုက်တဲ့အဖြေတွေက လုပ်ငန်းခွင်အတွင်းကြုံလာရနိုင်တဲ့ကိစ္စရပ်တွေအပေါ်
ကိုယ်ဘယ်လိုတုံ့ပြန်မလဲ၊ ကိုင်တွယ်မလဲဆိုတာကိုဖော်ပြနေပြီးပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်နေတတ်သူ၊ ဆက်သွယ်ပြောဆိုရာမှာတော်သူ၊ဝန်ထမ်းကောင်းစိတ်ဓာတ်ရှိသူဟုတ်၊မဟုတ်ကိုလည်းပြသနေတာဖြစ်ပါတယ်။ Personality Test စတိုင်လ်တွေကအမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာကိုယ်ပေးလိုက်တဲ့အဖြေတွေကမှန်တယ်၊ မှားတယ်၊ အောင်တယ်၊ ကျတယ်ဆိုတာမျိုးမရှိဘဲရလာတဲ့အချက်တွေအပေါ်ကိုအခြေခံပြီးတော့ပဲ သုံးသပ်အကဲဖြတ်ကြတာဖြစ်ပါတယ်။

Personality Test ဖြေမယ်ဆိုဒီအချက်တွေကို သတိပြုပါ
ရိုးရိုးသားသားဖြေဆိုပါ
မေးခွန်းတွေမှာ ကိုယ့်ထင်မြင်ချက်အဖြေကိုတောင်းခံတဲ့မေးခွန်းတွေ အများကြီးပါဝင်လေ့ရှိပါတယ်။အဆင့်သတ်မှတ်ချက် 1 ကနေ 5 အထိပါတာမျိုးရှိပါတယ်။ ဒီအချက်ကိုဘယ်လောက်ထိသဘောတူပါသလဲ။ သဘောတူရုံလေးတူတာလား၊ပြင်းပြင်းထန်ထန်သဘောတူတာလား ဆိုတာမျိုးတွေဖြစ်ပါတယ်။ ဒါကိုကိုယ်က စိတ်ထဲရှိတဲ့အတိုင်းအရိုးသားဆုံးဖြေဖို့လိုပါတယ်။

တူညီတဲ့အဖြေတွေအများကြီးမပေးပါနဲ့
အဖြေကိုအရိုးသားဆုံးဖြေဆိုရမှာမှန်ပေမယ့်ကိုယ်ဟာအစွန်းရောက်သူတစ်ယောက်ဖြစ်နေမလားဆိုတာကိုတော့ ပြန်သုံးသပ်ဖို့လိုပါတယ်။အလုပ်ရှင်တွေကရော မေးခွန်းအားလုံးကိုတူညီတဲ့အဖြေတွေလိုချင်ပါ့မလား။ကိုယ့်ကိုစိတ်ဓာတ်ပြင်းထန်လွန်းတဲ့လူတစ်ယောက်အဖြစ် အလုပ်ရှင်ကမြင်သွားပြီးသဘောမကျတာမျိုးလည်း ရှိနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်
Google ကနေလေ့လာရင် Personality Test နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုရှာတွေ့နိုင်ပါတယ်။မေးတတ်တဲ့မေးခွန်းတွေကို အစမ်းဖြေဆိုကြည့်ပြီးပြင်ဆင်တာက ကိုယ့်ကိုစိတ်ဖိစီးမှုနည်းစေသလိုအမှားလည်းနည်းစေပါတယ်။

အချိန်ယူပါ
အဖြေတွေကိုမြန်မြန်ပြီးရင်ပြီးတာပဲဆိုတဲ့စိတ်မျိုးနဲ့မဖြေဘဲကိုယ့်ထင်မြင်ချက်ကိုအထပ်ထပ်စဥ်းစားပြီးမှ ဖြေဆိုသင့်ပါတယ်။ ငါဘယ် လိုလူလဲ၊ငါ့တန်ဖိုးထားမှုကဘာလဲဆိုတာကို အမြဲသတိကပ်ထားပြီး မေးခွန်းတွေကိုဖြေဆိုနိုင်ပါတယ်။မေးခွန်းထဲမှာ ကိုယ့်ရဲ့ရိုးသားမှုနဲ့သမာဓိကို စမ်းသပ်တဲ့မေးခွန်းမျိုးတွေပါလာနိုင်တယ်ဆိုတာကိုလည်းမျှော်လင့်ထားဖို့လိုပါတယ်။ Personality Test ဟာ အဓိအားဖြင့်  ကိုယ့်ရဲ့ Interpersonal Skill ၊ Motivation ၊ Judgement တွေကိုအကဲဖြတ်တာမို့ သေသေချာချာလေးအာရုံစိုက်သင့်ပါတယ်နော်။

Ju Ju

zawgyi

တခ်ိဳ႕ေသာအလုပ္ေတြ၊ အဖြဲ႕အစည္းေတြမွာ အလုပ္ေလွ်ာက္သူကို Personality Test သီးသန႔္စစ္ေလ့ရွိၾကပါတယ္။ ဒီလိုကိုယ္ရည္ကိုယ္ေသြးစစ္ေဆးတာမ်ိဳးကို ႀကဳံလာခဲ့မယ္ဆိုရင္ဘယ္လိုေမးခြန္းေတြကိုဘယ္လိုေျဖဆိုၾကမလဲ၊ သတိလက္လြတ္အမွားမပါသြားေစဖို႔ဘယ္အခ်က္ေတြကိုသိထားရမလဲဆိုတာ အေတြ႕အႀကဳံရွိသူေတြက အခုလိုအႀကံျပဳထားၾကပါတယ္။

Personality Test ဆိုတာဘာလဲ
အလုပ္ရွင္ေတြက ကိုယ့္ကိုအလုပ္မခန႔္ခင္ ကိုယ္ဟာဘယ္လိုလူစားလဲ၊ဘယ္လိုဝန္ထမ္းမ်ိဳးျဖစ္မလဲဆိုတာကို သိရွိႏိုင္ဖို႔အတြက္ျပင္ဆင္ ထားတဲ့ေမးခြန္းေတြကိုေျဖခိုင္းျခင္းျဖစ္ပါတယ္။ကိုယ္ေပးလိုက္တဲ့အေျဖေတြက လုပ္ငန္းခြင္အတြင္းႀကဳံလာရႏိုင္တဲ့ကိစၥရပ္ေတြအေပၚ
ကိုယ္ဘယ္လိုတုံ႔ျပန္မလဲ၊ ကိုင္တြယ္မလဲဆိုတာကိုေဖာ္ျပေနၿပီးပတ္ဝန္းက်င္နဲ႔သဟဇာတျဖစ္ေအာင္ေနတတ္သူ၊ ဆက္သြယ္ေျပာဆိုရာမွာေတာ္သူ၊ဝန္ထမ္းေကာင္းစိတ္ဓာတ္ရွိသူဟုတ္၊မဟုတ္ကိုလည္းျပသေနတာျဖစ္ပါတယ္။ Personality Test စတိုင္လ္ေတြကအမ်ိဳးမ်ိဳးရွိပါတယ္။ ဒီေနရာမွာကိုယ္ေပးလိုက္တဲ့အေျဖေတြကမွန္တယ္၊ မွားတယ္၊ ေအာင္တယ္၊ က်တယ္ဆိုတာမ်ိဳးမရွိဘဲရလာတဲ့အခ်က္ေတြအေပၚကိုအေျခခံၿပီးေတာ့ပဲ သုံးသပ္အကဲျဖတ္ၾကတာျဖစ္ပါတယ္။

Personality Test ေျဖမယ္ဆိုဒီအခ်က္ေတြကို သတိျပဳပါ
႐ိုး႐ိုးသားသားေျဖဆိုပါ
ေမးခြန္းေတြမွာ ကိုယ့္ထင္ျမင္ခ်က္အေျဖကိုေတာင္းခံတဲ့ေမးခြန္းေတြ အမ်ားႀကီးပါဝင္ေလ့ရွိပါတယ္။အဆင့္သတ္မွတ္ခ်က္ 1 ကေန 5 အထိပါတာမ်ိဳးရွိပါတယ္။ ဒီအခ်က္ကိုဘယ္ေလာက္ထိသေဘာတူပါသလဲ။ သေဘာတူ႐ုံေလးတူတာလား၊ျပင္းျပင္းထန္ထန္သေဘာတူတာလား ဆိုတာမ်ိဳးေတြျဖစ္ပါတယ္။ ဒါကိုကိုယ္က စိတ္ထဲရွိတဲ့အတိုင္းအ႐ိုးသားဆုံးေျဖဖို႔လိုပါတယ္။

တူညီတဲ့အေျဖေတြအမ်ားႀကီးမေပးပါနဲ႔
အေျဖကိုအ႐ိုးသားဆုံးေျဖဆိုရမွာမွန္ေပမယ့္ကိုယ္ဟာအစြန္းေရာက္သူတစ္ေယာက္ျဖစ္ေနမလားဆိုတာကိုေတာ့ ျပန္သုံးသပ္ဖို႔လိုပါတယ္။အလုပ္ရွင္ေတြကေရာ ေမးခြန္းအားလုံးကိုတူညီတဲ့အေျဖေတြလိုခ်င္ပါ့မလား။ကိုယ့္ကိုစိတ္ဓာတ္ျပင္းထန္လြန္းတဲ့လူတစ္ေယာက္အျဖစ္ အလုပ္ရွင္ကျမင္သြားၿပီးသေဘာမက်တာမ်ိဳးလည္း ရွိႏိုင္ပါတယ္။

ႀကိဳတင္ျပင္ဆင္ထားႏိုင္ပါတယ္
Google ကေနေလ့လာရင္ Personality Test နဲ႔ပတ္သက္တဲ့ေမးခြန္းေတြကိုရွာေတြ႕ႏိုင္ပါတယ္။ေမးတတ္တဲ့ေမးခြန္းေတြကို အစမ္းေျဖဆိုၾကည့္ၿပီးျပင္ဆင္တာက ကိုယ့္ကိုစိတ္ဖိစီးမႈနည္းေစသလိုအမွားလည္းနည္းေစပါတယ္။

အခ်ိန္ယူပါ
အေျဖေတြကိုျမန္ျမန္ၿပီးရင္ၿပီးတာပဲဆိုတဲ့စိတ္မ်ိဳးနဲ႔မေျဖဘဲကိုယ့္ထင္ျမင္ခ်က္ကိုအထပ္ထပ္စဥ္းစားၿပီးမွ ေျဖဆိုသင့္ပါတယ္။ ငါဘယ္ လိုလူလဲ၊ငါ့တန္ဖိုးထားမႈကဘာလဲဆိုတာကို အၿမဲသတိကပ္ထားၿပီး ေမးခြန္းေတြကိုေျဖဆိုႏိုင္ပါတယ္။ေမးခြန္းထဲမွာ ကိုယ့္ရဲ႕႐ိုးသားမႈနဲ႔သမာဓိကို စမ္းသပ္တဲ့ေမးခြန္းမ်ိဳးေတြပါလာႏိုင္တယ္ဆိုတာကိုလည္းေမွ်ာ္လင့္ထားဖို႔လိုပါတယ္။ Personality Test ဟာ အဓိအားျဖင့္  ကိုယ့္ရဲ႕ Interpersonal Skill ၊ Motivation ၊ Judgement ေတြကိုအကဲျဖတ္တာမို႔ ေသေသခ်ာခ်ာေလးအာ႐ုံစိုက္သင့္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*