American Idol ကနေထွက်တော့မယ့် ကေတီပယ်ရီ

ကေတီပယ်ရီဟာ American Idol မှာ ဒိုင်အဖြစ်နဲ့လုပ်ဆောင်လာတာ Seasons 7 ခုစာရှိပြီဖြစ်ပါတယ်။လက်ရှိထုတ်လွှင့်မယ့် 22 ကြိမ်မြောက် American Idol ဟာကေတီပယ်ရီအနေနဲ့ဒိုင်အဖြစ်နောက်ဆုံးပါဝင်မယ့် Episode လည်းဖြစ်ပါတယ်။သူမဟာ American Idol မှာ ဒိုင်အဖြစ်လုပ်ဆောင်ခဲ့တာ 2018 ခုနစ်ကတည်းကဖြစ်ပါတယ်။ကေတီပယ်ရီက သူမ American Idol ကနေထွက်ခွာတော့မယ့်အ ကြောင်းကို 12 ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ Jimmy Kimmel Live! မှာပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်မက ဒီနှစ်စက်တင်ဘာလမှာ ဘရာဇီးမှာ Music Festival ကြီးတစ်ခုလုပ်ဖို့ရှိတယ်။အဲဒီအတွက်အရမ်းစိတ်လှုပ်ရှားနေတယ်။ အဲဒါကြောင့်လည်း American Idol ကနေထွက်ဖို့ဆုံးဖြတ်လိုက်တာပါ။ တကယ်တော့ကျွန်မက အဲဒီအစီအစဉ်ကိုအရမ်းကြိုက်ပါတယ်။အမေရိကန်ရဲ့အသဲနှလုံးနဲ့ကျွန်မချိတ်ဆက်ထားရတယ်လို့လည်းဆိုနိုင်ပါတယ်။ဒါပေမဲ့ကျွန်မကိုယ်တိုင်ရဲ့နှလုံးသားကိုလည်း အချိန်ပေးဖို့လိုလာပြီလေ” လို့ပြောခဲ့တာဖြစ်ပါတယ်။သူမရဲ့ခုလိုထွက်ခွာမယ့်အစီအစဉ်ကို Richie နဲ့ Bryan ကတော့မသိသေးဘူးလို့ဆိုပါတယ်။သူမဟာ 2020 မှာ Smile Music Album ကိုထုတ်ခဲ့ပြီး ပြီးခဲ့တဲ့2 နှစ်လုံးမှာတော့ သူမနေထိုင်ရာ LA မှာဖျော်ဖြေပွဲလေးတွေပြုလုပ်တာလွဲလို့ ဂီတနဲ့ပတ်သက်တဲ့ဘာလှုပ်ရှားမှုမှမလုပ်ခဲ့ပါဘူး။

Ju Ju

zawgyi

ေကတီပယ္ရီဟာ American Idol မွာ ဒိုင္အျဖစ္နဲ႔လုပ္ေဆာင္လာတာ Seasons 7 ခုစာရွိၿပီျဖစ္ပါတယ္။လက္ရွိထုတ္လႊင့္မယ့္ 22 ႀကိမ္ေျမာက္ American Idol ဟာေကတီပယ္ရီအေနနဲ႔ဒိုင္အျဖစ္ေနာက္ဆုံးပါဝင္မယ့္ Episode လည္းျဖစ္ပါတယ္။သူမဟာ American Idol မွာ ဒိုင္အျဖစ္လုပ္ေဆာင္ခဲ့တာ 2018 ခုနစ္ကတည္းကျဖစ္ပါတယ္။ေကတီပယ္ရီက သူမ American Idol ကေနထြက္ခြာေတာ့မယ့္အ ေၾကာင္းကို 12 ရက္ေန႔ကထုတ္လႊင့္ခဲ့တဲ့ Jimmy Kimmel Live! မွာေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္မက ဒီႏွစ္စက္တင္ဘာလမွာ ဘရာဇီးမွာ Music Festival ႀကီးတစ္ခုလုပ္ဖို႔ရွိတယ္။အဲဒီအတြက္အရမ္းစိတ္လႈပ္ရွားေနတယ္။ အဲဒါေၾကာင့္လည္း American Idol ကေနထြက္ဖို႔ဆုံးျဖတ္လိုက္တာပါ။ တကယ္ေတာ့ကြၽန္မက အဲဒီအစီအစဥ္ကိုအရမ္းႀကိဳက္ပါတယ္။အေမရိကန္ရဲ႕အသဲႏွလုံးနဲ႔ကြၽန္မခ်ိတ္ဆက္ထားရတယ္လို႔လည္းဆိုႏိုင္ပါတယ္။ဒါေပမဲ့ကြၽန္မကိုယ္တိုင္ရဲ႕ႏွလုံးသားကိုလည္း အခ်ိန္ေပးဖို႔လိုလာၿပီေလ” လို႔ေျပာခဲ့တာျဖစ္ပါတယ္။သူမရဲ႕ခုလိုထြက္ခြာမယ့္အစီအစဥ္ကို Richie နဲ႔ Bryan ကေတာ့မသိေသးဘူးလို႔ဆိုပါတယ္။သူမဟာ 2020 မွာ Smile Music Album ကိုထုတ္ခဲ့ၿပီး ၿပီးခဲ့တဲ့2 ႏွစ္လုံးမွာေတာ့ သူမေနထိုင္ရာ LA မွာေဖ်ာ္ေျဖပြဲေလးေတြျပဳလုပ္တာလြဲလို႔ ဂီတနဲ႔ပတ္သက္တဲ့ဘာလႈပ္ရွားမႈမွမလုပ္ခဲ့ပါဘူး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*