မိုက်ကယ်ဂျက်ဆင်ရဲ့ Documentary Thriller 40 မှာ BTS ပါဝင်မယ်

မိုက်ကယ်ဂျက်ဆင်ရဲ့နာမည်ကြီးတေးအယ်လ်ဘမ် Thriller ထွက်ရှိမှု နှစ် ၄၀ ပြည့်အထိမ်းအမှတ်အနေနဲ့ Documentary ရိုက်ကူးမယ့်အကြောင်း အမေရိကန် TV Network ဖြစ်တဲ့ Showtime ကကြေညာသွားပါတယ်။ဒီ Documentary ဟာ မိုက်ကယ်ဂျက်ဆင်ရဲ့အနု ပညာနဲ့သူ့ရဲ့ကြိုးစားမှုတွေ၊ ဖန်တီးမှုတွေဟာဘယ်လောက်ထိကမ္ဘာကိုလွှမ်းမိုးသက်ရောက်နေလဲဆိုတာကို အဓိကဖော်ပြတင်ဆက်မှာပါ။ ဒီအထဲမှာ BTS က Kpop လောကအပေါ် မိုက်ကယ်ဂျက်ဆင်ရဲ့ကကွက်ဖန်တီးမှုတွေကဘယ်လောက်ထိလွှမ်းမိုးခဲ့တယ်ဆိုတာကို ထုတ် ဖော်ပြောပြသွားမှာဖြစ်ပါတယ်။ သူတို့ဟာမိုက်ကယ်ဂျက်ဆင်ရဲ့ ကကွက်တွေအတိုင်းပဲ လှုပ်ရှားကခုန်ကြမှာဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ အဝတ်အစားအပြင်အဆင်၊ ကကွက်ဖန်တီးမှု၊ Stage အပြင်အဆင်၊ Performance တွေက လက်ရှိ Kpop ကမ္ဘာအထိထင်ကျန်နေဆဲဆိုတာကို ပေါ်လွင်အောင်ပြသတင်ဆက်မှာဖြစ်ပါတယ်။မိုက်ကယ်ဂျက်ဆင်ရဲ့Thriller တေးအယ်လ်ဘမ်ဟာ ၁၉၈၂ ခုနစ်ကထွက်ရှိခဲ့တာဖြစ်ပြီးအယ်လ်ဘမ်အချပ်ရေ ၃၂ သန်းအထိရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် Thriller ဟာအရောင်းရဆုံးတေးအယ်လ်ဘမ်အဖြစ်နဲ့ ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

Ju Ju

zawgyi

မိုက္ကယ္ဂ်က္ဆင္ရဲ႕နာမည္ႀကီးေတးအယ္လ္ဘမ္ Thriller ထြက္ရွိမႈ ႏွစ္ ၄၀ ျပည့္အထိမ္းအမွတ္အေနနဲ႔ Documentary ႐ိုက္ကူးမယ့္အေၾကာင္း အေမရိကန္ TV Network ျဖစ္တဲ့ Showtime ကေၾကညာသြားပါတယ္။ဒီ Documentary ဟာ မိုက္ကယ္ဂ်က္ဆင္ရဲ႕အႏု ပညာနဲ႔သူ႔ရဲ႕ႀကိဳးစားမႈေတြ၊ ဖန္တီးမႈေတြဟာဘယ္ေလာက္ထိကမာၻကိုလႊမ္းမိုးသက္ေရာက္ေနလဲဆိုတာကို အဓိကေဖာ္ျပတင္ဆက္မွာပါ။ ဒီအထဲမွာ BTS က Kpop ေလာကအေပၚ မိုက္ကယ္ဂ်က္ဆင္ရဲ႕ကကြက္ဖန္တီးမႈေတြကဘယ္ေလာက္ထိလႊမ္းမိုးခဲ့တယ္ဆိုတာကို ထုတ္ ေဖာ္ေျပာျပသြားမွာျဖစ္ပါတယ္။ သူတို႔ဟာမိုက္ကယ္ဂ်က္ဆင္ရဲ႕ ကကြက္ေတြအတိုင္းပဲ လႈပ္ရွားကခုန္ၾကမွာျဖစ္ပါတယ္။

မိုက္ကယ္ဂ်က္ဆင္ရဲ႕ အဝတ္အစားအျပင္အဆင္၊ ကကြက္ဖန္တီးမႈ၊ Stage အျပင္အဆင္၊ Performance ေတြက လက္ရွိ Kpop ကမာၻအထိထင္က်န္ေနဆဲဆိုတာကို ေပၚလြင္ေအာင္ျပသတင္ဆက္မွာျဖစ္ပါတယ္။မိုက္ကယ္ဂ်က္ဆင္ရဲ႕Thriller ေတးအယ္လ္ဘမ္ဟာ ၁၉၈၂ ခုနစ္ကထြက္ရွိခဲ့တာျဖစ္ၿပီးအယ္လ္ဘမ္အခ်ပ္ေရ ၃၂ သန္းအထိေရာင္းခ်ခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ Thriller ဟာအေရာင္းရဆုံးေတးအယ္လ္ဘမ္အျဖစ္နဲ႔ ဂင္းနစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*