FIRE Method ဆိုတာဘာလဲ၊ ဘဝအတွက်ဘယ်လိုအသုံးချနိုင်မလဲ

ငွေကြေးနဲ့ရည်မှန်းချက်တွေပြည့်စုံဖို့အတွက်လူတွေဆီမှာငွေကြေးစီမံခန့်ခွဲမှုနည်းလမ်းကိုယ်စီရှိတတ်ကြပါတယ်။လူတိုင်းကငွေကိုတပင် တပန်းရှာစရာမလိုတော့တဲ့အခြေအနေနဲ့ သက်သောင့်သက်သာနေရတဲ့ဘဝကိုမက်မောကြပါတယ်။ ငွေကြေးလည်းဖူလုံပြီးစောစောစီး စီးအလုပ်ကနေအနားယူနိုင်တဲ့ဘဝမျိုးကိုလူတိုင်းနီးပါးလိုချင်ကြပါတယ်။ FIRE ဆိုတာက Financial Independence, Retire Early (ငွေကြေးဆိုင်ရာအမှီအခိုကင်းခြင်း၊စောစောအငြိမ်းစားယူနိုင်ခြင်း)ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်။ဒီလိုနည်းလမ်းကိုကိုယ်ကသုံးမယ်ဆိုရင် FIRE Method ဘယ်နှမျိုးရှိသလဲဆိုတာကိုလည်းသိထားဖို့လိုပါတယ်။ FIRE 4 မျိုးရှိပါတယ်။ အဲဒါတွေကတော့…

LeanFIRE
LeanFIRE ကတော့ ပြင်းထန်တဲ့ချဥ်းကပ်မှုမျိုးဖြစ်ပါတယ်။အသုံးအစွဲလုံးဝလျှော့ပြီးငွေကိုပိုစုဆောင်းတဲ့နည်းပါ။ ချွေချွေတာတာသုံးစွဲပြီးငွေကိုပိုစုဆောင်းတဲ့နည်းနဲ့ အလုပ်ကနေစောစောအနားယူနိုင်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။

FatFIRE
FatFIRE ကတော့ သုံးစရာရှိတာမှန်မှန်သုံးပြီးဝင်ငွေပိုတိုးအောင်အလုပ်များများလုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။အရွယ်တစ်ခုအထိအ လုပ်တွေအများကြီးကျုံးရုန်းလုပ်တဲ့နည်းနဲ့ ငွေကိုစုဆောင်းတာဖြစ်ပါတယ်။

BaristaFIRE
BaristaFIRE ကတော့ ပိုက်ဆံတွေလည်းအများကြီးမစု၊ ဆင်းဆင်းရဲရဲလည်းမနေတဲ့နည်းလမ်းပါ။ဒါပေမဲ့ အငြိမ်စားယူပြီးချိန်မှာတော့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု၊အချိန်ပိုင်းအလုပ်လေးတွေစသဖြင့်လုပ်ဆောင်ပြီးဘဝကိုအေးအေးသက်သာဖြတ်သန်းမယ့်နည်းလမ်းဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်နိုင်ဖို့ငွေကိုတော့ထိုက်သင့်သလောက်စုဆောင်းထားရမှာဖြစ်ပါတယ်။

CoastFIRE
CoastFIRE ကတော့ ရင်းနှီးမြှုပ်နှံမှုများများလုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ကိုယ်ရင်းနှီးမြှုပ်နှံလိုက်တဲ့အလုပ်က နောင်တစ်ချိန်မှာပိုပြီးကြီးထွားလာမယ်၊အမြတ်တွေအများကြီးရလာမယ်၊ အမြတ်အစွန်းပုံမှန်ရနေမယ်ဆိုရင်အေးအေးဆေးဆေးထိုင်စားဖို့ရည်ရွယ်တာဖြစ်ပါတယ်။

ဒီလိုနည်းလမ်းတွေထဲကကိုယ်နဲ့အဆင်ပြေရာကို သုံးနိုင်ပါတယ်။ ဒီလို FIRE လမ်းစဉ်ကိုသ‌ဘောကျတယ်ဆိုရင် လုပ်သင့်တာတွေက –
ငွေကိုဘယ်လိုသုံးမယ်၊ ဘယ်လိုစုမယ်၊ ဘယ်လိုငွေရှာမယ်ဆိုတဲ့ Plan သေသေချာချာဆွဲပါ၊ငွေကိုချွေတာသုံးပါ (ဘယ် FIRE လမ်းစဉ်ကိုပဲသုံးသုံး ငွေကိုချွေတာဖို့ကလိုပါတယ်)၊တတ်နိုင်သမျှငွေချေးပြီးသုံးတာတွေလျှော့ပါ၊ အကြွေးမတင်ပါစေနဲ့၊ ဝင်ငွေပိုတိုးအောင်လုပ်ပါ၊ငွေကိုစုပါ၊ စုထားတဲ့ငွေကိုရင်းနှီးမြှုပ်နှံပါ စတဲ့အချက်တွေပဲဖြစ်ပါတယ်။အားလုံးပဲ ငွေကြေးလည်းပြည့်စုံ၊ အလုပ်တွေလည်းပင်ပင် ပန်းပန်းလုပ်စရာမလိုတော့တဲ့ဘဝမျိုးကိုအမြန်ဆုံးရောက်ရှိနိုင်ကြပါစေနော်။

Ju Ju

zawgyi

ေငြေၾကးနဲ႔ရည္မွန္းခ်က္ေတြျပည့္စုံဖို႔အတြက္လူေတြဆီမွာေငြေၾကးစီမံခန႔္ခြဲမႈနည္းလမ္းကိုယ္စီရွိတတ္ၾကပါတယ္။လူတိုင္းကေငြကိုတပင္ တပန္းရွာစရာမလိုေတာ့တဲ့အေျခအေနနဲ႔ သက္ေသာင့္သက္သာေနရတဲ့ဘဝကိုမက္ေမာၾကပါတယ္။ ေငြေၾကးလည္းဖူလုံၿပီးေစာေစာစီး စီးအလုပ္ကေနအနားယူႏိုင္တဲ့ဘဝမ်ိဳးကိုလူတိုင္းနီးပါးလိုခ်င္ၾကပါတယ္။ FIRE ဆိုတာက Financial Independence, Retire Early (ေငြေၾကးဆိုင္ရာအမွီအခိုကင္းျခင္း၊ေစာေစာအၿငိမ္းစားယူႏိုင္ျခင္း)ကိုအတိုေကာက္ေရးထားတာျဖစ္ပါတယ္။ဒီလိုနည္းလမ္းကိုကိုယ္ကသုံးမယ္ဆိုရင္ FIRE Method ဘယ္ႏွမ်ိဳးရွိသလဲဆိုတာကိုလည္းသိထားဖို႔လိုပါတယ္။ FIRE 4 မ်ိဳးရွိပါတယ္။ အဲဒါေတြကေတာ့…

LeanFIRE
LeanFIRE ကေတာ့ ျပင္းထန္တဲ့ခ်ဥ္းကပ္မႈမ်ိဳးျဖစ္ပါတယ္။အသုံးအစြဲလုံးဝေလွ်ာ့ၿပီးေငြကိုပိုစုေဆာင္းတဲ့နည္းပါ။ ေခြၽေခြၽတာတာသုံးစြဲၿပီးေငြကိုပိုစုေဆာင္းတဲ့နည္းနဲ႔ အလုပ္ကေနေစာေစာအနားယူႏိုင္ဖို႔ ႀကိဳးစားၾကတာျဖစ္ပါတယ္။

FatFIRE
FatFIRE ကေတာ့ သုံးစရာရွိတာမွန္မွန္သုံးၿပီးဝင္ေငြပိုတိုးေအာင္အလုပ္မ်ားမ်ားလုပ္တဲ့နည္းလမ္းျဖစ္ပါတယ္။အ႐ြယ္တစ္ခုအထိအ လုပ္ေတြအမ်ားႀကီးက်ဳံး႐ုန္းလုပ္တဲ့နည္းနဲ႔ ေငြကိုစုေဆာင္းတာျဖစ္ပါတယ္။

BaristaFIRE
BaristaFIRE ကေတာ့ ပိုက္ဆံေတြလည္းအမ်ားႀကီးမစု၊ ဆင္းဆင္းရဲရဲလည္းမေနတဲ့နည္းလမ္းပါ။ဒါေပမဲ့ အၿငိမ္စားယူၿပီးခ်ိန္မွာေတာ့ ကိုယ္ပိုင္လုပ္ငန္းေလးတစ္ခု၊အခ်ိန္ပိုင္းအလုပ္ေလးေတြစသျဖင့္လုပ္ေဆာင္ၿပီးဘဝကိုေအးေအးသက္သာျဖတ္သန္းမယ့္နည္းလမ္းျဖစ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းေလးေတြလုပ္ႏိုင္ဖို႔ေငြကိုေတာ့ထိုက္သင့္သေလာက္စုေဆာင္းထားရမွာျဖစ္ပါတယ္။

CoastFIRE
CoastFIRE ကေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမ်ားလုပ္တဲ့နည္းလမ္းျဖစ္ပါတယ္။ကိုယ္ရင္းႏွီးျမႇဳပ္ႏွံလိုက္တဲ့အလုပ္က ေနာင္တစ္ခ်ိန္မွာပိုၿပီးႀကီးထြားလာမယ္၊အျမတ္ေတြအမ်ားႀကီးရလာမယ္၊ အျမတ္အစြန္းပုံမွန္ရေနမယ္ဆိုရင္ေအးေအးေဆးေဆးထိုင္စားဖို႔ရည္႐ြယ္တာျဖစ္ပါတယ္။

ဒီလိုနည္းလမ္းေတြထဲကကိုယ္နဲ႔အဆင္ေျပရာကို သုံးႏိုင္ပါတယ္။ ဒီလို FIRE လမ္းစဥ္ကိုသ‌ေဘာက်တယ္ဆိုရင္ လုပ္သင့္တာေတြက –
ေငြကိုဘယ္လိုသုံးမယ္၊ ဘယ္လိုစုမယ္၊ ဘယ္လိုေငြရွာမယ္ဆိုတဲ့ Plan ေသေသခ်ာခ်ာဆြဲပါ၊ေငြကိုေခြၽတာသုံးပါ (ဘယ္ FIRE လမ္းစဥ္ကိုပဲသုံးသုံး ေငြကိုေခြၽတာဖို႔ကလိုပါတယ္)၊တတ္ႏိုင္သမွ်ေငြေခ်းၿပီးသုံးတာေတြေလွ်ာ့ပါ၊ အေႂကြးမတင္ပါေစနဲ႔၊ ဝင္ေငြပိုတိုးေအာင္လုပ္ပါ၊ေငြကိုစုပါ၊ စုထားတဲ့ေငြကိုရင္းႏွီးျမႇဳပ္ႏွံပါ စတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။အားလုံးပဲ ေငြေၾကးလည္းျပည့္စုံ၊ အလုပ္ေတြလည္းပင္ပင္ ပန္းပန္းလုပ္စရာမလိုေတာ့တဲ့ဘဝမ်ိဳးကိုအျမန္ဆုံးေရာက္ရွိႏိုင္ၾကပါေစေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*