ကလေးလူနာများကုသဖို့ ဝမ်သန်း သုံးရာကို လှူဒါန်းခဲ့တဲ့ Byeon Woo Seok

Byeon Woo Seok က ကလေးလူနာများကို ကူညီရန်အတွက် အဓိပ္ပါယ်ရှိတဲ့ အလှူတစ်ခုပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာ ၅ ရက်က Byeon Woo Seok ကလေးလူနာများကို ကုသဖို့အတွက် Severance ဆေးရုံကို ဝမ်သန်း ၃၀၀ (ခန့်မှန်းခြေဒေါ်လာ ၂၁၇၅၃၃) ကို တိတ်တဆိတ် လှူဒါန်းခဲ့တယ်လို့မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။Severance ဆေးရုံက ကိုယ်စားလှယ်တစ်ဦးက "ရက်ရောတဲ့ လှူဒါန်းမှုကြောင့် ကလေးလူနာများစွာကို ကုသပေးနိုင်ခဲ့ပါတယ်" လို့ ပြောကြားပြီး ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။

ဒီသတင်းကို တုံ့ပြန်တဲ့အနေနဲ့ Byeon Woo Seok ရဲ့အေဂျင်စီ VARO Entertainment က “Byeon Woo Seok က လှူဒါန်းခဲ့တာ အမှန်ပါပဲ။ ဒါက ကိုယ်ချင်းစာမှုအပြည့်နဲ့ ပုဂ္ဂိုလ်ရေးအရလုပ်ခဲ့တာပါ။” Byeon Woo Seok က “Lovely Runner” မှ Ryu Sun Jae အဖြစ် သရုပ်ဆောင်ခဲ့ပြီး အခုနှစ်မှာကျော်ကြားခဲ့ပါတယ်။ ဒရာမာဇာတ်သိမ်းပြီးနောက်မှာ မင်းသားက သူရဲ့အာရှပရိသတ်တွေ့ဆုံပွဲခရီးစဉ်ကို မြို့ကြီးရှစ်မြို့မှာ ကျင်းပခဲ့ပြီး ပရိသတ်တွေ့ဆုံပွဲ ဖျော်ဖြေပွဲ ၁၂ ကြိမ်လုံး လက်မှတ်အားလုံး ကုန်အောင် ရောင်းချနိုင်ခဲ့ပါတယ်။မကြာသေးမီက အီတလီဇိမ်ခံဖက်ရှင် အမှတ်တံဆိပ် Prada ရဲ့အမှတ်တံဆိပ်သံတမန်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*