သရုပ်ဆောင် Kwak Si Yang နဲ့ Im Hyeon Joo တို့က သူတို့ရဲ့ အချစ်ရေးကိုလူသိရှင်ကြားထုတ်ဖော်ပြောကြားပြီးနောက် တနှစ်အကြာမှာ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့သူတို့ရဲ့အေဂျင်စီကပြောပါတယ်။ “Kwak Si-yang က မကြာသေးခင်ကမှ Lim Hyeon-joo နဲ့ သူ့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းအဖြစ်ဖေးမကူညီနေကြတာပါ။”လို့ Kwak ရဲ့အေဂျင်စီ Drawing Entertainment ကဖော်ပြထားပါတယ်။ Kwak Si Yang နဲ့ Im Hyeon Joo တို့ နှစ်ဦးက မကြာသေးခင်ကပဲ သူတို့ရဲ့ အချစ်ရေးကိုအဆုံးသတ်လိုက်ပြီလို့ မီဒီယာတစ်ခုက နိုဝင်ဘာ ၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အစီရင်ခံစာကို တုံ့ပြန်တဲ့အနေဖြင့် သရုပ်ဆောင်နှစ်ဦးစလုံးရဲ့အေဂျင်စီများက မကြာသေးမီကလမ်းခွဲခဲ့ကြပြီး သူတို့အချင်းချင်း တယောက်ကိုတယောက် အနာဂတ်မှာ ပံ့ပိုးပေးပြီးလုပ်ဖော်ကိုင်ဖက်ကောင်းများအဖြစ် ဆက်ရှိနေကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။သူတို့နှစ်ဦးက အပြန်အလှန်အသိအကျွမ်းများကတဆင့် တွေ့ဆုံခဲ့ကြပြီးချစ်သူတွေဖြစ်သွားကြတာလို့ သူတို့ရဲ့အေဂျင်စီတွေက ပြီးခဲ့တဲ့နှစ်မှာထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက Kwak Si Yang နဲ့ Im Hyeon Joo တို့ရဲ့ အချစ်ရေးကို
လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
MYit
zawgyi
သ႐ုပ္ေဆာင္ Kwak Si Yang နဲ႔ Im Hyeon Joo တို႔က သူတို႔ရဲ႕ အခ်စ္ေရးကိုလူသိရွင္ၾကားထုတ္ေဖာ္ေျပာၾကားၿပီးေနာက္ တႏွစ္အၾကာမွာ လမ္းခြဲလိုက္ၿပီျဖစ္တယ္လို႔သူတို႔ရဲ႕ေအဂ်င္စီကေျပာပါတယ္။ “Kwak Si-yang က မၾကာေသးခင္ကမွ Lim Hyeon-joo နဲ႔ သူ႔ရဲ႕ဆက္ဆံေရးကိုအဆုံးသတ္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ သူငယ္ခ်င္းအျဖစ္ေဖးမကူညီေနၾကတာပါ။”လို႔ Kwak ရဲ႕ေအဂ်င္စီ Drawing Entertainment ကေဖာ္ျပထားပါတယ္။ Kwak Si Yang နဲ႔ Im Hyeon Joo တို႔ ႏွစ္ဦးက မၾကာေသးခင္ကပဲ သူတို႔ရဲ႕ အခ်စ္ေရးကိုအဆုံးသတ္လိုက္ၿပီလို႔ မီဒီယာတစ္ခုက ႏိုဝင္ဘာ ၅ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။
အစီရင္ခံစာကို တုံ႔ျပန္တဲ့အေနျဖင့္ သ႐ုပ္ေဆာင္ႏွစ္ဦးစလုံးရဲ႕ေအဂ်င္စီမ်ားက မၾကာေသးမီကလမ္းခြဲခဲ့ၾကၿပီး သူတို႔အခ်င္းခ်င္း တေယာက္ကိုတေယာက္ အနာဂတ္မွာ ပံ့ပိုးေပးၿပီးလုပ္ေဖာ္ကိုင္ဖက္ေကာင္းမ်ားအျဖစ္ ဆက္ရွိေနၾကဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။သူတို႔ႏွစ္ဦးက အျပန္အလွန္အသိအကြၽမ္းမ်ားကတဆင့္ ေတြ႕ဆုံခဲ့ၾကၿပီးခ်စ္သူေတြျဖစ္သြားၾကတာလို႔ သူတို႔ရဲ႕ေအဂ်င္စီေတြက ၿပီးခဲ့တဲ့ႏွစ္မွာထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလတုန္းက Kwak Si Yang နဲ႔ Im Hyeon Joo တို႔ရဲ႕ အခ်စ္ေရးကို
လူသိရွင္ၾကား ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။
MYit
Leave a Reply