Tom Holland သည် သူနဲ့ မင်းသမီး Zendaya ရဲ့ ဆက်ဆံရေးကို ရှားရှားပါးပါးဖွင့်ဟခဲ့

Marvel ကြယ်ပွင့် Tom Holland က မင်းသမီး Zendaya နဲ့ သူ့ရဲ့ဆက်ဆံရေးအကြောင်းဖွင့်ဟခဲ့ပြီး သူမဟာကျနော့်အတွက် အကောင်းဆုံးအရာပဲလို့ ဖွင့်ဟခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ “Dish” ပေါ့တ်ကတ်စ်မှာ သီးသန့် အင်တာဗျူးတစ်ခုမှာ Holland ကသူတို့စုံတွဲက Zendaya ရဲ့ မိသားစုနဲ့အတူ အခုနှစ်ခရစ္စမတ်ကို အတူတကွဖြတ်သန်းဖို့ရည်ရွယ်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ဒီနှစ်မှာ အမေရိကားကို သွားရမယ်၊ ပျော်စရာကောင်းမယ့် ငါ့ရည်းစားမိသားစုနဲ့ အတူရှိမယ်။ငါတို့ရှိရမယ့်နေရာကတော့ လျှို့ဝှက်ချက်ပဲ” လို့ ပေါ့တ်ကတ်စ်ရဲ့ အစီအစဉ်တင်ဆက်သူ Nick Grimshaw နဲ့ Angela Hartnett က ပြောပါတယ်။

“ကျနော်တို့ စပြီးလုပ်ချင်တာက မိသားစုတစ်ခုစီနဲ့ နှစ်တိုင်း အတူရှိတာထက် မိသားစုအားလုံးစုဝေးလာဖို့လို့ထင်ပါတယ်။ အဲဒါကို နောက်တကြိမ်မှာ လုပ်ချင်ပါတယ်”လို့ သူက ပြောပါတယ်။သူက သူ့ရဲ့ ခရစ်စမတ်အစီအစဉ်များကို ဆွေးနွေးပြီးနောက် သူ့ရဲ့ကိုယ်ပိုင်အချက်အ ပြုတ်ကျွမ်းကျင်မှုအကြောင်းပြောနေစဉ်မှာ Zendaya ကသားသတ်လွတ်သမားဖြစ်တာကြောင့် သားသတ်လွတ်ဟင်းများ ချက်ဖို့စတင် လုပ်ဆောင်နေတယ်လို့ ဟော်လန်က ပြောခဲ့ပါတယ်။“Spider-Man: Homecoming” ဇာတ်ကားရိုက်ကူးရင်း တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ကကမ္ဘာ့အကျော်ကြားဆုံး သရုပ်ဆောင်နှစ်ဦးဖြစ်လာပြီး သူတို့ရဲ့ ဆက်ဆံရေးများကိုအင်တာဗျူးများ၊ လူမှုကွန်ရက်များမှာ မျှဝေခဲ့ကြပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*