၂၀၂၄၊ မေလမှာ ရုံတင်မယ့် Garfield ရုပ်ရှင်ကားသစ်

The Garfield Movie ရုပ်ရှင်ဇာတ်ကားသစ်ကို ၂၀၂၄ ခုနစ်၊ မေလမှာ ရုံတင်ပြသမယ်လို့သိရပါတယ်။ Monday တိုင်းကိုမုန်းတဲ့၊ အိမ်မှာပဲခွေနေချင်တဲ့ လိမ္မော်ရောင်ကြောင်တစ်ကောင်ကအခုဆိုရင်နယ်မြေသစ်တွေဆီ စွန့်စားခန်းထွက်ပါတော့မယ်လို့ Sony Picturesကအညွှန်းစာရေးခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားအတွက် အသံသရုပ်ဆောင်များအဖြစ် Samuel L.Jackson ၊ Hannah Waddlingham ၊ Brett Goldstein ၊ Ving Rhames ၊ Nicholas Hoult နဲ့ Bowen Yang တို့ကပါဝင်ထားတယ်လို့သိရပါတယ်။

Garfield ဟာနှစ်ပေါင်းများစွာဝေးကွာနေခဲ့ရတဲ့အဖေဖြစ်သူနဲ့ အမှတ်မထင်ပြန်ဆုံပြီးနောက်ပိုင်းသူ့ရဲ့သူငယ်ချင်း Odie နဲ့အတူ သူ့ဖေဖေလမ်းဘေးကြောင်ကြီးရဲ့ဘဝထဲတိုးဝင်ကြမှာဖြစ်တယ်လို့ဇာတ်လမ်းကျောရိုးကို ဖွင့်ဟထားပါတယ်။ဒီရုပ်ရှင်ကို ဒါရိုက်တာ Mark Dindal ကရိုက်ကူးထားပြီး သူဟာ Chicken Little နဲ့ The Emperor’s New Groove ကာတွန်းရုပ်ရှင်တွေကိုဖန်တီးခဲ့သူဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*