နှစ်ကုန်ပိုင်းမှာထုတ်လွှင့်မယ့် Emily in Paris Season 4

Netflix ရဲ့အောင်မြင်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Emily in Paris Season 4 ကို အောက်တိုဘာသို့မဟုတ် နိုဝင်ဘာလလောက်မှထုတ် လွှင့်မှာဖြစ်တယ်လို့သိရပါတယ်။အရင်က 2025 ခုနစ်ကျမှထုတ်လွှင့်နိုင်မယ်လို့မှန်းဆခဲ့ပေမယ့် လက်ရှိမှာတော့ ဒီနှစ်အတွင်းမှာပဲကြည့် ရှုခွင့်ရတော့မှာဖြစ်ပါတယ်။ Netflix အနေနဲ့ နာမည်ကြီးစီးရီးတွေကို တစ်ပြိုင်တည်းထုတ်ပြတာမျိုးမလုပ်တဲ့အတွက် Emily in Paris က တချို့စီးရီးတွေကိုရှောင်ရှားရင်းထုတ်လွှင့်ချိန်နောက်ကျရတာမျိုးတွေ ရှိဖူးပါတယ်။ Lily Collins ပါဝင်သရုပ်ဆောင်ထားတဲ့ Emily in Paris ဟာ Season 3 မှာတော့ Gabriel ကသူ့ကောင်မလေးမှာကိုယ်ဝန်ရှိနေပြီဆိုတာကိုဖွင့်ပြောရင်းနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

Season 4 မှာတော့ ဘယ်လိုဇာတ်လမ်းဆက်မယ်ဆိုတာကို Lily Collins က“အဆုံးသတ်တွေကိုပဲကြားထားပေမယ့် တကယ်အဆုံး သတ်ချင်မှသတ်တာပါ။ Wedding ကျင်းပမယ်ဆိုတိုင်းလည်း Wedding ကအောင်မြင်တာမျိုးမဟုတ်ဘဲပျက်သွားတာမျိုးလည်းဖြစ်နိုင်တယ်လေ။ စေ့စပ်တယ်ဆိုပေမယ့်လည်း Wedding လုပ်ဖြစ်တာရှိတယ်၊မလုပ်ဖြစ်တာလည်းရှိတယ်။ ကိုယ်ဝန်ရှိကြောင်းထုတ်ဖော်တဲ့ပွဲလည်းဖြစ်သွားနိုင်တယ်” ဆိုပြီးသူမကဖြေခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း Emily in Paris Season 4 ဟာ ထင်မှတ်မထားတဲ့ဘယ် လိုအပြောင်းအလဲတွေနဲ့ပရိသတ်ကိုဆွဲဆောင်ဦးမလဲဆိုတာစောင့်ကြည့်ရမှာပါ။

Ju Ju

zawgyi

Netflix ရဲ႕ေအာင္ျမင္တဲ့ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Emily in Paris Season 4 ကို ေအာက္တိုဘာသို႔မဟုတ္ ႏိုဝင္ဘာလေလာက္မွထုတ္ လႊင့္မွာျဖစ္တယ္လို႔သိရပါတယ္။အရင္က 2025 ခုနစ္က်မွထုတ္လႊင့္ႏိုင္မယ္လို႔မွန္းဆခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဒီႏွစ္အတြင္းမွာပဲၾကည့္ ရႈခြင့္ရေတာ့မွာျဖစ္ပါတယ္။ Netflix အေနနဲ႔ နာမည္ႀကီးစီးရီးေတြကို တစ္ၿပိဳင္တည္းထုတ္ျပတာမ်ိဳးမလုပ္တဲ့အတြက္ Emily in Paris က တခ်ိဳ႕စီးရီးေတြကိုေရွာင္ရွားရင္းထုတ္လႊင့္ခ်ိန္ေနာက္က်ရတာမ်ိဳးေတြ ရွိဖူးပါတယ္။ Lily Collins ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Emily in Paris ဟာ Season 3 မွာေတာ့ Gabriel ကသူ႔ေကာင္မေလးမွာကိုယ္ဝန္ရွိေနၿပီဆိုတာကိုဖြင့္ေျပာရင္းနဲ႔ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

Season 4 မွာေတာ့ ဘယ္လိုဇာတ္လမ္းဆက္မယ္ဆိုတာကို Lily Collins က“အဆုံးသတ္ေတြကိုပဲၾကားထားေပမယ့္ တကယ္အဆုံး သတ္ခ်င္မွသတ္တာပါ။ Wedding က်င္းပမယ္ဆိုတိုင္းလည္း Wedding ကေအာင္ျမင္တာမ်ိဳးမဟုတ္ဘဲပ်က္သြားတာမ်ိဳးလည္းျဖစ္ႏိုင္တယ္ေလ။ ေစ့စပ္တယ္ဆိုေပမယ့္လည္း Wedding လုပ္ျဖစ္တာရွိတယ္၊မလုပ္ျဖစ္တာလည္းရွိတယ္။ ကိုယ္ဝန္ရွိေၾကာင္းထုတ္ေဖာ္တဲ့ပြဲလည္းျဖစ္သြားႏိုင္တယ္” ဆိုၿပီးသူမကေျဖခဲ့တာျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း Emily in Paris Season 4 ဟာ ထင္မွတ္မထားတဲ့ဘယ္ လိုအေျပာင္းအလဲေတြနဲ႔ပရိသတ္ကိုဆြဲေဆာင္ဦးမလဲဆိုတာေစာင့္ၾကည့္ရမွာပါ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*