သိသိသာသာဝိတ်တက်လာလို့ဝေဖန်ခံနေရတဲ့ Go Kyung Pyo
Reply 1988 ၊ Love in contract ၊ Private Lives ၊ My roommate is a gumiho စတဲ့ဇာတ်လမ်းတွဲတွေနဲ့ပရိသတ်အားပေးမှုရခဲ့တဲ့မင်းသား Go Kyung Pyo ဟာ သိသိသာသာဝိတ်တက်လာလို့ဝေဖန်ခံနေရပါတယ်။ Go Kyung Pyo ဟာ မတ်လ 20 ရက်နေ့က Seoul Fashion Week ရဲ့ Miss Gee ရှိူးမှာပါဝင်ခဲ့ပြီးသူ့ရဲ့သိသိသာသာပြောင်းလဲသွားတဲ့ပုံစံက အင်တာနက်ပေါ်မှာ လူပြောများတဲ့အကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတယ်။ သူဟာ ကိုယ်အလေးချိန်အပြောင်းအလဲလုပ်တဲ့နေရာမှာနဂိုကတည်းက လူသိများပြီးလက်ရှိမှာတော့ ထပ်မံရိုက်ကူးမယ့်ပရောဂျက်အတွက်ကိုယ်အလေးချိန်ပြန်လျှော့ဖို့တိုင်ပင်ဆွေးနွေးနေပြီလို့ သိရပါတယ်။
သူ့ရဲ့သိသိသာသာဝိတ်တက်လာတဲ့ပုံတွေကို ကြည့်ရှုမျှဝေသူ 1.5 သန်းကျော်အထိရှိခဲ့တယ်လို့ဆိုပါတယ်။ Go Kyung Pyo ဝိတ်တက်လာတာဟာကျန်းမာပျော်ရွှင်နေတဲ့လက္ခဏာပဲလို့ပြောဆိုသူတွေရှိသလို သူ့ရဲ့ဆံပင်ပုံစံ၊ အဝတ်အစားနဲ့ဝလာတဲ့အပေါ် အပြစ်တင်သူတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလက You Tube Show တစ်ခုမှာ Go Kyung Pyo ပါဝင်ခဲ့စဥ်ကသူ့ရဲ့ကိုယ်အလေးချိန်ဟာ 205 ‌ပေါင်ရှိတယ်လို့ပြောခဲ့ဖူးပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*