ဒီနှစ်ရုံတင်ပြသမယ့် Deadpool & Wolverine ရဲ့ Trailer ထွက်ရှိ

ဇူလိုင်လ 26 ရက်နေ့မှာရုံတင်ပြသမယ့် Marvel ရဲ့ဇာတ်ကားသစ် Deadpool & Wolverine ကတော့ ဧပြီ 22 ရက်နေ့မှာပဲ Trailer ထွက်ရှိလာပြီဖြစ်ပါတယ်။ Deadpool နဲ့ Wolverine ဟာ Weapon X Program အတွက်ဆုံခဲ့ဖူးကြပြီး သူတို့ဟာအတိတ်အ ကြောင်းတွေပြန်ပြောတာ၊ အတူတူအလုပ်လုပ်၊ရန်ဖြစ်တာတွေရှိခဲ့ကြပါတယ်။ Trailer ထဲမှာတော့ Deadpool နဲ့ Wolverine ရဲ့ကံတ ရားကပေးတဲ့တွေ့ဆုံမှုကိုခံစားတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကိုရုပ်ပြတွေထဲမှာတော့ထင်ထင်ရှားရှားဖော်ပြခဲ့တာမတွေ့ရပါဘူး။ သူတို့နှစ်ယောက်ကို သီးခြားစီ၊ပေါင်းစပ်လို့မရဘူးလို့မြင်ခဲ့ကြပေမယ့် အလုပ်ကိုတော့သေသေချာချာပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

ဒီဇာတ်ကားမှာ Wolverine ကိုပိုမိုအသားပေးထားပြီး ဒဏ်ရာကနေပြန်လည်သက်သာလာတဲ့ Wolverine နဲ့ စကားအလွန်များတဲ့ Deadpool တို့ဟာ ဘုံရန်သူကိုပူး‌ပေါင်းချေမှုန်းကြမှာဖြစ်ပါတယ်။ မင်းသားကြီး Hugh Jackman အနေနဲ့ Wolverine အဖြစ်ရိုက်ကူးခြင်းဟာဒါနောက်ဆုံးဖြစ်မယ်လို့ယူဆထားကြပါတယ်။ Deadpool အဖြစ် Ryan Reynolds ၊ Vanessa Carlysle အဖြစ် Morena Baccarin တို့ကသရုပ်ဆောင်ပြီး Owen Wilson ၊ Jennifer Garner ၊ Matthew Macfadyen တို့လည်းပါဝင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

ဇူလိုင္လ 26 ရက္ေန႔မွာ႐ုံတင္ျပသမယ့္ Marvel ရဲ႕ဇာတ္ကားသစ္ Deadpool & Wolverine ကေတာ့ ဧၿပီ 22 ရက္ေန႔မွာပဲ Trailer ထြက္ရွိလာၿပီျဖစ္ပါတယ္။ Deadpool နဲ႔ Wolverine ဟာ Weapon X Program အတြက္ဆုံခဲ့ဖူးၾကၿပီး သူတို႔ဟာအတိတ္အ ေၾကာင္းေတြျပန္ေျပာတာ၊ အတူတူအလုပ္လုပ္၊ရန္ျဖစ္တာေတြရွိခဲ့ၾကပါတယ္။ Trailer ထဲမွာေတာ့ Deadpool နဲ႔ Wolverine ရဲ႕ကံတ ရားကေပးတဲ့ေတြ႕ဆုံမႈကိုခံစားေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ဒါကို႐ုပ္ျပေတြထဲမွာေတာ့ထင္ထင္ရွားရွားေဖာ္ျပခဲ့တာမေတြ႕ရပါဘူး။ သူတို႔ႏွစ္ေယာက္ကို သီးျခားစီ၊ေပါင္းစပ္လို႔မရဘူးလို႔ျမင္ခဲ့ၾကေပမယ့္ အလုပ္ကိုေတာ့ေသေသခ်ာခ်ာပူးေပါင္းလုပ္ေဆာင္ခဲ့ၾကတာပါ။

ဒီဇာတ္ကားမွာ Wolverine ကိုပိုမိုအသားေပးထားၿပီး ဒဏ္ရာကေနျပန္လည္သက္သာလာတဲ့ Wolverine နဲ႔ စကားအလြန္မ်ားတဲ့ Deadpool တို႔ဟာ ဘုံရန္သူကိုပူး‌ေပါင္းေခ်မႈန္းၾကမွာျဖစ္ပါတယ္။ မင္းသားႀကီး Hugh Jackman အေနနဲ႔ Wolverine အျဖစ္႐ိုက္ကူးျခင္းဟာဒါေနာက္ဆုံးျဖစ္မယ္လို႔ယူဆထားၾကပါတယ္။ Deadpool အျဖစ္ Ryan Reynolds ၊ Vanessa Carlysle အျဖစ္ Morena Baccarin တို႔ကသ႐ုပ္ေဆာင္ၿပီး Owen Wilson ၊ Jennifer Garner ၊ Matthew Macfadyen တို႔လည္းပါဝင္မွာျဖစ္ပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*