အထူးခြားဆုံး ရာသီခွင် (၄) ခု
ရာသီခွင်တစ်ခုစီတိုင်းကို အမှန်တကယ်ထူးခြားစေတဲ့အရာက ဘာလဲဆိုတာသင်တွေးဖူးပါသလား။ ရာသီခွင်တိုင်းမှာ ကိုယ်ပိုင်ထူးခြားချက်တွေနဲ့ဝိသေသလက္ခဏာတွေရှိကြပါတယ်။ ဒါပေမဲ့ ဒီရာသီခွင်ကတော့အထူးခြားဆုံးလို့ပြောလို့ရပါတယ်။
Aquarius
အမြော်အမြင်ရှိတဲ့ သူပုန်လို့ သူတို့ကို စာရင်းသွင်းထားကြပါတယ်။သူတို့တွေရဲ့ဆန်းသစ်တဲ့တွေးခေါ်မှုနဲ့ တိုးတက်တဲ့အတွေးအခေါ်များကြောင့် လူသိများပါတယ်။သူတို့က ပျော့ပျောင်းတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လူသားချင်းစာာနာထောက်ထားမှုစိတ်ဓာတ်နဲ့သူတို့ရဲ့ လူအဖွဲ့အစည်းဆိုင်ရာ စံနှုန်းများကို စိန်ခေါ်ပြီးကန့်သတ်ချက်တွေကိုထိပ်တိုက်တွေ့လေ့ရှိပါတယ်။ ဒါကြောင့်ပဲ ထူးခြားတဲ့သူများလို့ခေါ်ကြပါတယ်။
Pisces
ဒီရာသီခွင်တွေက စိတ်ကူးယဉ်ဆန်တဲ့ သဘောထားရှိကြပါတယ်။ သူတို့ကပင်ကိုယ်သဘောသဘာဝနဲ့ အကန့်အသတ်မရှိတဲ့ သနားကြင် နာမှုများကတခြားသူများကိုဆွဲဆောင်နိုင်ပါတယ်။ ဒါကြောင့်ပဲအထူးခြားဆုံးသူများအဖြစ်အများကသတ်မှတ်ထားကြပါတယ်။ သူတို့က
ပတ်ဝန်းကျင်ရှိသူများရဲ့ စိတ်ခံစားမှုများကို လိုက်လျောညီထွေရှိပြီး ဖရိုဖရဲကမ္ဘာကြီးမှာစာနာမှုနဲ့နားလည်မှုများရဲ့ မီးရှူးတန်ဆောင်အဖြစ် ရှိနေပါတယ်။ သူတို့တွေကခံစားချက်တွေကိုနားထောင်ရန် ဒါမှမဟုတ် လိုအပ်တဲ့အခါ သူတို့ပခုံးကို အမှီပြုဖို့အတွက်အမြဲအဆင်သင့်ရှိနေတတ်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့က အထူးခြားဆုံးသူတွေဖြစ်နေတာပါ။
Gemini
စွယ်စုံရ Gemini တွေကတော့ အထူးခြားဆုံးရာသီခွင်တွေထဲက တခုဖြစ်ပါတယ်။သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ အများကိုဆွဲဆောင်ပြီး စကားစစ်ထိုးပွဲများမှာပါဝင်နိုင်ကြပါတယ်။ သူတို့က ချစ်ခြင်းမေတ္တာနဲ့ နှောင်ကြိုးများဖန်တီးရာမှာလည်းကျွမ်းကျင်ကြပါတယ်။ အမြဲတက်ကြွနေတဲ့စိတ်များနဲ့ သွက်လက်တဲ့ ပြောစကားတွေကြောင့်သူတို့ရှိတဲ့ စကားဝိုင်းတွေက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
Sagittarius
လွတ်လပ်တဲ့ စိတ်ရှိသူတွေအဖြစ် Sagi တွေကို သတ်မှတ်ထားကြပါတယ်။ သူတို့တွေကလည်းတခြားသူတွေနဲ့မတူတဲ့ လွတ်လပ်ပြီး အကန့်အသတ်မဲ့တဲ့အကောင်းမြင်ဝါဒသမားတွေဖြစ်ပါတယ်။ စွန့်စားလိုတဲ့စိတ်နဲ့ အမှန်တရားကိုထာဝရရှာဖွေချင်သူများဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ စိတ်လှုပ်ရှားမှုအရသာကိုတောင့်တနေတတ်တဲ့ ရာသီခွင်တွေဖြစ်ပါတယ်။ ခရီးသွားတဲ့အခါမှာယုံကြည်စိတ်ချရတဲ့ ခရီးဖော်တွေဖြစ်ကြပါတယ်။
MYit
zawgyi
Aquarius
Pisces
Gemini
Sagittarius
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*