
အနုပညာလောကကိုစွန့်ခွာမယ့်အပြင် လူမြင်ကွင်းရှေ့ထပ်မထွက်တော့ဘူးဆိုတဲ့ ဂွင်းနက်ပက်ထရို
အော်စကာဆုရ အမေရိကန်မင်းသမီးတစ်လက်ဖြစ်တဲ့ ဂွင်းနက်ပက်ထရိုက သူမအနေနဲ့အနုပညာအလုပ်တွေရပ်နားမယ့်အပြင်လူမြင် ကွင်းရှေ့လည်းသိပ်မထွက်ချင်တော့ဘူးလို့ဆိုလာပါတယ်။သူမပိုင်ဆိုင်တဲ့ Goop လို့နာမည်ရတဲ့ အလှအပ၊ ဖက်ရှင်နဲ့ကျန်းမာရေးဆိုင်ရာကုမ္ပဏီကိုလည်းရောင်းချဖို့ရည်ရွယ်ထားတဲ့အပြင် ဒီကုမ္ပဏီကိုဘယ်သူ့ဆီရောင်းမယ်ဆိုပြီး တွေးထားတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။ ၂၀၂၇ ခုနစ်မှာ သူမအသက် ၅၅ နှစ်ပြည့်မှာဖြစ်ပြီး အဲဒီအချိန်မှာတော့ သူမပိုင်ဆိုင်တဲ့ကုမ္ပဏီကိုအပြီးတိုင်ရောင်းချကာ လူမြင်ကွင်းရှေ့ကနေပျောက်ကွယ်သွားဖို့ရည်ရွယ်ထားတယ်လို့သူမကပြောဆိုပါတယ်။“ဘယ်သူမှ ကျွန်မကိုထပ်တွေ့ရတော့မှာမဟုတ်ဘူး” လို့ သူမကအခိုင်အမာဆိုခဲ့တာပါ။“ကျွန်မက အနုပညာလောကကိုလည်းငြီးငွေ့နေပါပြီ။ ငွေလည်းမမက်ပါဘူး။ကျွန်မရိုက်ကူးခဲ့သမျှကလည်း အင်ဒီးစ်(independent […]