အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြတဲ့ ဂျင်းနီနဲ့ဟိုယွန်း
ဂီတနယ်ပယ်ကဂျင်းနီနဲ့ မော်ဒယ်လ်၊သရုပ်ဆောင်အဖြစ်ရပ်တည်နေတဲ့ ဟိုယွန်းတို့ကဖြတ်သန်းနေကြတဲ့ Field မတူပေမယ့်အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ရှိနေကြတာဖြစ်ပါတယ်။ Jennie (Black Pink) နဲ့ Squid Game ကနေပိုပြီးအောင်မြင်မှုရလာတဲ့ ဟိုယွန်းတို့ဟာ သူငယ်ချင်းဖြစ်ခဲ့တာနှစ်များစွာကြာခဲ့ပြီလို့ဟိုယွန်းကTeen Vogue မှာအင်တာဗျူးဖြေခဲ့ဖူးပါတယ်။ သရုပ်ဆောင်မလုပ်ခင်စူပါမော်ဒယ်လ်အဖြစ်နဲ့ရပ်တည်ခဲ့ဖူးတဲ့ဟိုယွန်းက သူတို့နှစ်ဦးဟာ Fashion Show တစ်ခုမှာခင်မင်သွားခဲ့တာလို့ဆိုပါတယ်။“ဂျင်းနီနဲ့က Paris Fashion Week မှာဆုံကြတာပါ။ […]