Kylie Jenner ရဲ့အမျိုးတွေအားလုံးကချစ်ကြတဲ့ Timothee Chalamet

December 28, 2023 Aung Khant Mon 0

မကြာခင်ကရုံတင်ခဲ့တဲ့ Wonka ရုပ်ရှင်ရဲ့အဓိကသရုပ်ဆောင် အသက် ၂၇ နှစ်အရွယ် Timothee Chalamet ကတော့ Kylie Jenner နဲ့ပွင့်ပွင့်လင်းလင်းတွဲခုတ်လာခဲ့တာ ၃ လခန့်ရှိပြီဖြစ်ပါတယ်။သူနဲ့ Kylie Jenner တွဲနေတဲ့သတင်းဟာ ဧပြီလမှာကတည်းကထွက်ပေါ်လာခဲ့တာဖြစ်ပေမယ့်စက်တင်ဘာလမှာတော့ ဘီယွန်းဆေးရဲ့ World Tour ကိုအတူကြည့်ရင်းတရားဝင်တွဲပြခဲ့တာပါ။ Timothee Chalamet ဟာပြီးခဲ့တဲ့ခရစ္စမတ်နေ့က […]

လောကကြီးကိုလက်လျှော့အရှုံးပေးသွားတဲ့ Lee Sun Gyun

December 28, 2023 Aung Khant Mon 0

အော်စကာဆုရ Parasite ရုပ်ရှင်ရဲ့မင်းသားကြီးဖြစ်တဲ့အပြင် Coffee Prince ဇာတ်လမ်းတွဲနဲ့လူသိများခဲ့တဲ့သရုပ်ဆောင် Lee Sun Gyun ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ဆိုးလ်မြို့မှာရှိတဲ့ပန်းခြံတစ်ခုထဲမှာ သူ့ရဲ့ကားကိုရပ်ထားတာတွေ့ရပြီးသူဟာကားပေါ်မှာသေဆုံးနေခဲ့တာကို တွေ့ကြရတာပါ။ သူဟာပြီးခဲ့တဲ့လတွေအတွင်းကမူးယစ်ဆေးမှုနဲ့စစ်ဆေးမှုခံယူနေရပြီး အချိန်တော်တော်များများမှာဒီအမှုကိုဖြေရှင်းနေခဲ့ရတာဖြစ်ပါတယ်။ သူမသေခင်မှာ သူ့အမျိုးသမီးအတွက်စာတစ်စောင်ရေးပေးခဲ့တာမို့ သူ့အမျိုးသမီးကရဲတွေကိုဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ရဲတွေသူ့ကိုရှာတွေ့ချိန်မှာတော့သူဟာသေဆုံးနေခဲ့ပါပြီ။ သူဟာ ကာဗွန်မိုနောက်ဆိုက်ရှူသွင်းပြီးသူ့ကိုယ်သူအဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ရဲတွေကအတည်ပြုထားပါတယ်။ဒါဟာသူရင်ဆိုင်နေရတဲ့အမှုပြဿနာတွေကြောင့်ဖြစ်တယ်လို့ အားလုံးကသုံးသပ်ကြပါတယ်။ သူကွယ်လွန်ချိန်မှာ […]

ခရစ္စမတ်နေ့မှာချစ်သူရဲ့ကစားပွဲကိုအားပေးရင်းအချိန်ကုန်ခဲ့တဲ့တေလာဆွပ်ဖ်

December 28, 2023 Aung Khant Mon 0

ဂရမ်မီဆုရှင်ကြီးတေလာဆွပ်ဖပ်ကတော့ ပြီးခဲ့တဲ့ခရစ္စမတ်နေ့မှာ ချစ်သူ Travis Kelce ရဲ့ NFL ပွဲကိုအားပေးရင်း အချိန်ကုန်ခဲ့တာတွေ့ရပါတယ်။ သူမဟာ ချစ်သူရဲ့ဂျာစီနံပါတ်ရေးထိုးထားတဲ့ခရစ္စမတ်ဦးထုပ်အနီလေးကိုဆောင်းရင်း ကစားပွဲကိုအားပေးနေခဲ့တာဖြစ်ပါတယ်။ဒီလိုအားကစားပွဲတွေကနေ သူတို့ချစ်သူနှစ်ဦးရဲ့မိသားစုတွေ့ဆုံပွဲအဖြစ်ပြောင်းလဲလာတာကိုလည်းတွေ့မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တေလာဆွပ်ဖ်ရဲ့မိဘနှစ်ပါးဖြစ်တဲ့ Scott Swift နဲ့ Andrea Swift၊ သူမရဲ့အစ်ကိုဖြစ်သူနဲ့အစ်ကိုရဲ့ချစ်သူတို့ကိုလည်းပွဲကြည့်စင်မှာတွေ့ရလို့ဖြစ်ပါတယ်။ တေလာဆွပ်ဖ်ရဲ့ဖခင်ဖြစ်သူနဲ့ Travis Kelce ရဲ့ဖခင်တို့ဟာ […]

ကိုရီးယားနိုင်ငံလွတ်လပ်ရေးအတွက်တက်ကြွလှုပ်ရှားသူအကြောင်းတင်မိလို့ ဂျပန်ပရိသတ်တွေမုန်းတာခံရတဲ့ ဟန်ဆိုဟီး

December 28, 2023 Aung Khant Mon 0

ထူးခြားတဲ့အလှနဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံအပြင် သရုပ်ဆောင်ကောင်းတဲ့အနုပညာရှင်တစ်ယောက်အဖြစ်အားပေးမှုတွေရရှိနေတဲ့ဟန်ဆိုဟီးက သူမရဲ့အင်စတာဂရမ်မှာတင်ခဲ့တဲ့ပုံတချို့ကြောင့်ဂျပန်ပရိသတ်တွေရဲ့ အပြစ်တင်မှုကိုရရှိနေပါတယ်။ကိုရီးယားနိုင်ငံကိုဂျပန်တွေအုပ် ချုပ်ထားစဉ်က ကိုရီးယားနိုင်ငံလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သူ Ahn Jung Geun ရဲ့ပုံကိုသူမကအင်စတာဂရမ်မှာတင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ Ahn Jung Geun ဟာ ၁၉၀၉ ခုနစ်မှာ ဂျပန်လူမျိုးနိုင်ငံရေးသမား Ito Hirobumi ကိုလုပ်ကြံသတ်ဖြတ်ခဲ့သူဖြစ်ပါတယ်။ Ahn Jung Geun ကွယ်လွန်သွားပြီးချိန်မှာသူ့ကိုကိုရီးယားနိုင်ငံရဲ့အာဇာနည်အဖြစ်ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခဲ့ပါတယ်။ ဟန်ဆိုဟီးရဲ့ပို့စ်ကိုတွေ့မြင်ပြီးချိန်မှာ […]

မိသားစုအတူပျော်ရွှင်နေကြောင်းမျှဝေလာတဲ့ ပရီရင်ကာချိုပရာ

December 27, 2023 Aung Khant Mon 0

တေးရေး၊တေးဆိုတစ်ယောက်ဖြစ်တဲ့ Nick Jonas နဲ့လက်ထပ်ခဲ့တဲ့ အိန္ဒိယမင်းသမီးအလှမယ်ဟောင်းပရီရင်ကာချိုပရာဟာ ၂ နှစ်ပြည့်ခါနီးအရွယ်သမီးလေးနဲ့အတူ မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေပုံတွေကို Instagram မှာမျှဝေလာခဲ့တာတွေ့ရပါတယ်။သမီးလေး Malti ဟာ သူမရဲ့နာမည်တပ်ထားတဲ့ကစားစရာ BMW ကားအစိမ်းလေးနဲ့ဆော့နေပုံတွေကိုတွေ့မြင်ရသလို အမေနဲ့သမီးချီပြီးဆော့နေပုံကိုလည်း မြင်တွေ့ရတာဖြစ်ပါတယ်။ပရီရင်ကာချိုပရာနဲ့ Nick တို့ရဲ့ပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလည်း သူမတင်ထားတဲ့ပုံမှတဆင့်တွေ့မြင်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်က ချိုပရာဟာ Nick […]

ကြည့်ရှုသူများပြီးနာမည်ကြီးနေတဲ့ 12.12: The Day ရုပ်ရှင်ကား

December 27, 2023 Aung Khant Mon 0

12.12: The Day ရုပ်ရှင်ဟာ ၂၀၂၃ ခုနစ်အတွက်ရုံဝင်ကြည့်ရှုမှုအများဆုံးရုပ်ရှင်တွေထဲပါဝင်နေတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်မှန်ရုပ် ရှင်ဟာထွက်ရှိပြီးတစ်လကျော်အတွင်းမှာ ရုံဝင်ကြည့်ရှုသူစုစုပေါင်း ၁၀ သန်းကျော်သွားခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ Parasite ၊ Frozen ၊ Interstellar ၊ Avengers: Age of Ultron နဲ့ The King […]

တစ်သက်တာအတွက်အဆိုးဆုံးခရစ္စမတ်သီချင်းအပုဒ် ၂၀

December 26, 2023 Aung Khant Mon 0

Rolling Stone မဂ္ဂဇင်းကြီးအနေနဲ့ခရစ္စမတ်ကာလရောက်လာချိန်မှာ တစ်သက်တာအတွက်အဆိုးဆုံးခရစ္စမတ်သီချင်းတွေကိုဖော်ပြလာပါတယ်။ အဆိုတော်တွေအနေနဲ့ ခရစ္စမတ်သီချင်းတွေအများကြီးထုတ်လုပ်ခဲ့ကြတဲ့အထဲမှာ တစ်သက်တာအတွက်အအောင်မြင်ဆုံး ခရစ္စမတ်သီချင်းတွေရှိသလို အဆိုးဆုံးသီချင်းတွေလည်းရှိနေပါတယ်။ဒီလိုအဆိုးဆုံးခရစ္စမတ်သီချင်းတွေကို အပုဒ် (၂၀) တိတိရွေးထုတ်ဖော်ပြလာပါတယ်။ ဒီသီချင်းတွေထဲကိုယ်ကြိုက်နှစ်သက်မိတဲ့ခရစ္စမတ်သီချင်းတွေများပါနေမလားဆိုတာကြည့်ကြည့်ပါဦးနော်။ နံပါတ် ၂၀ – Stevie Wonder ရဲ့ Twinkle Twinkle Little Me၊ နံပါတ် ၁၉ […]

ကိုယ်ပိုင်ကုမ္ပဏီထောင်ပြီး အလုပ်လုပ်မယ့် Jennie

December 26, 2023 Aung Khant Mon 0

Jennie (Black Pink) အနေနဲ့ ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်မယ်ဆိုတာကို ဒီဇင်ဘာ ၂၄ ရက်နေ့ကအတည်ပြုပြောကြားခဲ့ပါတယ်။ သူမရဲ့ New Label ဖြစ်တဲ့ OA(ODD ATELIER) ကိုမိတ်ဆက်ချိန်မှာ ဒီသတင်းကိုအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။သူမကုမ္ပဏီရဲ့ Logo နဲ့ Profile Photos တွေကိုလည်း Instagram မှာတင်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင်သူမက “ဟိုင်း […]

အမြွှာလေးနှစ်ယောက်ကိုအိမ်ဖြူတော်ဆီခေါ်သွားပေးတဲ့ မေမေမယိုင်းရားကယ်ရီ

December 24, 2023 Aung Khant Mon 0

ခရစ္စမတ်ဘုရင်မလို့ခေါ်ကြတဲ့ မယိုင်းရားကယ်ရီက သူမရဲ့အမြွှာကလေးနှစ်ယောက်ကို ခရစ္စမတ် Decoration တွေပြသရင်းအားလပ်ရက်ကိုဂုဏ်ပြုဖို့အတွက် အိမ်ဖြူတော်ဆီလိုက်ပို့ခဲ့ပါတယ်။သူမရဲ့ကလေးနှစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့ကို Monroe နဲ့ Moroccan လို့နာမည်ပေးထားပါတယ်။အိမ်ဖြူတော်မှာ သူမနဲ့ကလေးနှစ်ယောက်ဟာ အမေရိကန်သမ္မတ Joe Biden၊ ဒုတိယသမ္မတ Harris တို့နဲ့တွေ့ဆုံခဲ့တယ်လို့ သူမရဲ့အင်စတာဂရမ်မှာပုံနဲ့တကွတင်ခဲ့ပါတယ်။ ဒါ့အပြင်သူမတို့ဟာအိမ်ဖြူတော်မှာရှိတဲ့ ၁၈ […]

Past Lives သရုပ်ဆောင် Yoo Teo ဇာတ်လမ်းတွဲသစ်ရိုက်ကူးမည်

December 24, 2023 Aung Khant Mon 0

၂၀၂၃ ခုနစ်ကထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားတွေအတွင်း အောင်မြင်မှုများစွာပိုင်ဆိုင်နိုင်ခဲ့တဲ့ရုပ်ရှင် Past Livesရဲ့သရုပ်ဆောင် Yoo Teo အနေနဲ့ Netflix ရဲ့ နောက်ထပ်ဇာတ်လမ်းတွဲသစ်မှာပါဝင်မယ်လို့ သိရပါတယ်။ Yoo Teo ဟာ ဂျာမန်-တောင်ကိုရီးယားကပြား သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အသက် ၄၂ နှစ်ရှိပြီဖြစ်ပါတယ်။သူဟာ American Netflix Series ‘The […]