သင့်ရဲ့ CV မှာထည့်သွင်းဖို့ အကောင်းဆုံးစွမ်းရည် (၁၃)ခု
ကိုယ့်ရဲ့အလုပ်လျှောက်လွှာမှာ ကျွမ်းကျင်မှုတွေထည့်သွင်းဖို့ကအရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ သင်အလုပ်လျှောက်တဲ့အခါမှာ အ လုပ်လျှောက်လွှာကိုမကြာခဏ update လုပ်ပါ။ သင့်အလုပ်လျှောက်တဲ့ အလုပ်နဲ့သက်ဆိုင်တဲ့အရည်အချင်းများထည့်သွင်းဖို့ သေချာဖို့လိုပါတယ်။ ဒီအချက်တွေကတော့ အလုပ်လျှောက်လွှာမှာထည့်သွင်းဖို့အကောင်းဆုံးစွမ်းရည်တွေပဲဖြစ်ပါတယ်။ ပဋိပက္ခဖြေရှင်းရေး ပဋိပက္ခဖြေရှင်းရေးစွမ်းရည်ကတော့ အငြင်းပွားမှုများကို ဖျန်ဖြေပေးဖို့နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ ဖြေရှင်းနည်းများကို ရှာဖွေခြင်းတို့ ပါဝင်ပါတယ်။ လိုက်လျောညီထွေရှိမှု လိုက်လျောညီထွေရှိမှုကလည်း မရှိမဖြစ်ထည့်သင့်တဲ့ စွမ်းရည်တရပ်ဖြစ်ပါတယ်။အခြေအနေသစ်များနဲ့ စိန်ခေါ်မှုများကို ချိန်ညှိနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ […]