အလုပ်တန်းခန့်ချင်စရာ Resume ဖြစ်စေဖို့ပါဝင်သင့်တဲ့အချက်များ

October 6, 2023 Aung Khant Mon 0

အားလုံးလည်းကြားဖူးကြမှာပါ။ First Impression ဆိုတာဘဝရဲ့အစိတ်အပိုင်းတော်တော်များများမှာအရေးပါတယ်ဆိုတာပါပဲ။ ချစ်သူနဲ့စချိန်းတဲ့နေ့၊ နှစ်ဖက်မိဘတွေ့ဆုံချိန်၊ Customer ၊ Client နဲ့တွေ့ဆုံချိန်တွေသာမက ကိုယ့် Resume ကိုအလုပ်ရှင်လက်ထဲထည့်မယ့်အချိန်တွေမှာလည်း First Impression ကောင်းဖို့လိုပါတယ်။ Resume တွေကဒီလိုပဲရေးကြတာပဲဆိုပြီးအားမထည့်ပဲထားလိုက်မယ်ဆိုရင် ကိုယ့် Resume ဟာလည်းအများကြားထဲမှာပဲပျောက်ပျက်သွားမှာဖြစ်ပါတယ်။အလုပ်ရှင်တွေတစ်ခါတည်းသဘောကျသွားလောက်တဲ့ Resume တစ်စောင်မှာဘာတွေပါဝင်သင့်လဲဆိုတာကို လေ့လာပြီးပြင်ဆင်မယ်ဆိုရင် First […]

မပျော်တဲ့အလုပ်မှာကိုယ့်ကိုယ်ကိုယ်တက်ကြွအောင်ဘယ်လိုနေထိုင်မလဲ

October 5, 2023 Aung Khant Mon 0

၂၀၁၁ ခုနစ်ကဖော်ပြခဲ့တဲ့ Business Insider ထဲကဆောင်းပါးတစ်ခုမှာဝန်ထမ်းတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကပဲ ကိုယ်လုပ်နေရတဲ့အလုပ်ကို ကျေနပ်မှုရှိတယ်လို့သိရပါတယ်။ ဝန်ထမ်းတွေဟာအလုပ်ကိုသံယောဇဉ်နည်းလာပြီး စိတ်ဝင်စားမှုမရှိလာတာနဲ့အမျှနေ့စဉ်လုပ်ဆောင်ရမယ့်အလုပ်တွေအပေါ်မှာလည်း တက်တက်ကြွကြွမရှိဘဲဖြစ်လာတတ်ပါတယ်။အလုပ်ကိုစိတ်ကုန်ပြီး တက်တက်ကြွကြွမရှိတာနဲ့အမျှ အလိုလိုအားကုန်ပြီးပင်ပန်းနေတတ်ပါတယ်။ကိုယ်လုပ်ချင်တဲ့အလုပ်ကိုမရသေးတဲ့ကာလအတွင်း လက်ရှိအလုပ်မှာတက် တက်ကြွကြွလုပ်ကိုင်နေနိုင်တာကလည်း အရည်အချင်းတစ်ရပ်ပဲဖြစ်ပါတယ်။လုပ်ချင်တာကိုလုပ်ခွင့်မရသေးချိန်မှာ လုပ်နေရတာကိုအကောင်းဆုံးလုပ်ပါဆိုတဲ့ ဆုံးမစကားလေးကကိုယ့်ရဲ့လုပ်ငန်းခွင်မပျော်ရွှင်မှုတွေကိုသက်သာစေနိုင်ပါတယ်။ ဒီလို ကိုယ်လုပ်နေရတာကို အကောင်းဆုံးလုပ်ဆောင်ခြင်းက လုပ်ချင်တာကိုလုပ်နိုင်စေမယ့်အခွင့်အလမ်းတွေကိုလည်းဖန်တီးပေးနိုင်ပါတယ်။ ရည်ရွယ်ချက်ကိုပြန်သုံးသပ်ပါ ကိုယ့် […]

ကိုယ့် Team တိုးတက်ဖို့လုပ်ဆောင်နေရဲ့လားသိချင်ရင်ဒီ Test လေးဖြေကြည့်ပါ

October 4, 2023 Aung Khant Mon 0

Team တစ်ခုကိုခွန်အားပေးနိုင်ဖို့က ခေါင်းဆောင်တစ်ယောက်ရဲ့အရေးအကြီးဆုံးတာဝန်ပါ။ ဒါဟာခေါင်းဆောင်တစ်ယောက်အတွက် အလိုအပ်ဆုံးသောကျွမ်းကျင်မှုလည်းဖြစ်ပါတယ်။အလုပ်ကိုစိတ်ပါလက်ပါလုပ်နိုင်စေဖို့ ခွန်အားပေးနိုင်ခြင်းက Team ရဲ့စိတ်ဓာတ်၊ အလုပ်တွင်မှုနဲ့နေပျော်တဲ့အလုပ်ခွင်လေးကိုဖန်တီးပေးနိုင်ပါတယ်။ ဝန်ထမ်းတစ်ယောက်ချင်းစီကိုလည်းကိုယ့်အစွမ်းနဲ့ကိုယ်၊ ကိုယ့်တာဝန်ယူမှုနဲ့ကိုယ်ဖြစ်လာတတ်ပါတယ်။ ပိုပြီး Productive ဖြစ်တဲ့၊ပိုပြီးကောင်းတဲ့အဖွဲ့အစည်းကို ဖန်တီးပေးနိုင်ပါတယ်။ဒါကြောင့် ဒီမေးခွန်းလေးတွေဖြေကြည့်ပြီး ကိုယ်ဟာကိုယ့် Team အတွက်တိုးတက်အောင်လုပ်ဆောင်နေသူ ဟုတ်၊မဟုတ်ဆန်းစစ်နိုင်ပါပြီ။ ၁. ကိုယ့်ရဲ့အဖွဲ့သားတွေကိုစိန်ခေါ်မှုအသစ်တွေနဲ့တာဝန်အသစ်တွေယူခိုင်းလေ့ရှိတယ် လုပ်ဆောင်ပါတယ် မလုပ်ဆောင်ပါ ၂. […]

အလုပ်အင်တာဗျူးတိုင်းမှာလုံးဝမပြောသင့်တဲ့အချက် ၆ ချက်

October 1, 2023 Aung Khant Mon 0

အင်တာဗျူးဝင်နေစဉ်အတွင်းမှာ ကိုယ့်ရဲ့နံပါတ် ၁ အရေးအကြီးဆုံးအချက်ကတခြားသောလူတွေထက်ကိုယ်ကသာလွန်ပြီး အလုပ်နဲ့အသင့်တော်ဆုံးသူဖြစ်တယ်ဆိုတာကိုအင်တာဗျူးသူကသိသွားစေဖို့ပါပဲ။ကိုယ်နဲ့အင်တာဗျူးတဲ့သူက စကားပြောရတာအဆင်ပြေချောမွေ့နေပေမယ့်ကိုယ့်ဘက်ကသတိလွတ်ပြီးအမှားအယွင်းလေးတစ်ချက်ပါလိုက်ရင်အင်တာဗျူးချိန်တစ်လျှောက်လုံးတည်ဆောက်ထားသမျှ သဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အခုဖော်ပြပေးမယ့်အချက်တွေကိုတော့ လုံးမပြောမထွက်မိစေဖို့သတိထားသင့်ပါတယ်နော်။ ၁. ပြင်ဆင်ချိန်သိပ်မရခဲ့ဘူး အလုပ်လာလျှောက်တယ်ဆိုရင် ကိုယ်လျှောက်တဲ့ကုမ္ပဏီနဲ့အလုပ်တာဝန်အကြောင်းသေသေချာချာမသိဘဲ ဘယ်သူမှလာမလျှောက်ကြပါဘူး။ ဒါကိုကိုယ်ကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလို့ပဲဖြစ်ဖြစ်၊ စိတ်လှုပ်ရှားတာကြောင့်ပဲဖြစ်ဖြစ်ပြင်ဆင်ချိန်သိပ်မရခဲ့ဘူးဆိုတဲ့စကားမျိုးပြောမိတတ်ပါတယ်။ ဒီလိုအပြောမျိုးကိုလုံးဝရှောင်သင့်ပါတယ်။ ကိုယ်တိုင်ကလည်း ကိုယ်လျှောက်မယ့်အလုပ်နေရာအတွက် ကုမ္ပဏီမှာလက်ရှိလုပ်နေတဲ့ဝန်ထမ်း ဒါမှမဟုတ် လုပ်ခဲ့ဖူးတဲ့ဝန်ထမ်းဆီကနေအလုပ်အကြောင်းတီးခေါက်ထားဖို့လိုသလို တကယ်အချိန်မရခဲ့ရင်တောင် အွန်လိုင်းကနေကုမ္ပဏီအကြောင်း၊ ကိုယ်လျှောက်မယ့်ရာထူးနေရာအကြောင်းလေ့လာထားရပါမယ်။ ၂. […]

လစာတိုးစေဖို့အာမခံနိုင်တဲ့နည်းလမ်း ၅ ခု

September 30, 2023 Aung Khant Mon 0

ဘဝမှာ ကိုယ်လိုချင်တာဘာလဲဆိုတာကိုသိလာခဲ့ရင် ဘယ်လိုရယူနိုင်မလဲဆိုတာကိုစဉ်းစားရုံပါပဲ။လစာတိုးဖို့ကိစ္စမှာ ကိုယ့်ကိုသူဌေးကသတိထားမိလာစေပြီးကိုယ့်ရဲ့ကြိုးစားမှုကိုလည်းသူမြင်တတ်လာစေဖို့လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့် ငါတော့လစာတိုးတောင်းသင့်ပြီလို့ယူဆမိတယ်ဆိုရင် အခုဖော်ပြမယ့်အချက် ၅ ချက်ကိုအရင်လုပ်ဆောင်ကြည့်သင့်ပါတယ်။ ၁. ပထမဆုံးသိသင့်တာက ABC ပါ A ဆိုတာက Achievement ဖြစ်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ကောင်းမွန်တဲ့ Performance ၊ကုမ္ပဏီအတွက်ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲဆိုတာကိုဖော်ပြပါ။ B ဆိုတာက Brand ဖြစ်ပါတယ်။ ကိုယ်နဲ့ကိုယ့်ကုမ္ပဏီကိုတွဲသိပြီလား။ […]

အလုပ်ကိုဘယ်လိုဦးစားပေးလုပ်လေ့ရှိလဲဆိုတဲ့အမေးကိုဘယ်လိုဖြေဆိုမလဲ

September 29, 2023 Aung Khant Mon 0

အချိန်ကိုစီမံခန့်ခွဲတတ်ခြင်းဆိုတာက ဘယ်အလုပ်ရှင်မျိုးမဆိုလိုချင်ကြတဲ့အရည်အချင်းပါပဲ။ ဒါကြောင့်အလုပ်အင်တာဗျူးမှာလည်း အလုပ်ကိုဘယ်လိုဦးစားပေးလုပ်တတ်သလဲဆိုတာကိုမေးလေ့ရှိကြပါတယ်။အလုပ်ကိုဘယ်လိုပုံစံဦးစားပေးလုပ်လေ့ရှိလဲဆိုတဲ့မေးခွန်းကိုကြားတာနဲ့ အရေးကြီးတဲ့အလုပ်နဲ့ချက်ချင်းလုပ်ရမယ့်အလုပ် မတူညီဘူးဆိုတာကိုခွဲခြားသိဖို့လိုပါတယ်။ဒီလိုမတူညီတဲ့အလုပ်နှစ်ခုကို ခွဲခြားပြီးဖြေပြတတ်မယ်ဆိုရင်ကိုယ့်အဖြေက Perfect ဖြစ်ပါလိမ့်မယ်။ဒီလိုမေးခွန်းကို အဆင့်သုံးဆင့်ထားပြီးဖြေနိုင်ပါတယ်။ ပထမအဆင့် ကိုယ်က to-do-list တွေလုပ်လေ့ရှိတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် spreadsheet ကိုသုံးတာပဲဖြစ်ဖြစ်ဘယ်လိုနည်းလမ်းနဲ့ပဲအလုပ်တွေပြီးမြောက်အောင်စီမံပါစေ ဒါကိုအသေးစိတ်ပြောပြတတ်ဖို့လိုပါတယ်။အလုပ်ရှင်သိချင်တာက သင့်အနေနဲ့ဘယ်သူ့ကိုမှဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အလုပ်တွေအကုန်ပြီးစီးအောင်လုပ်ဆောင်နိုင်ပါ့မလားဆိုတာပါပဲ။ လူတိုင်းမှာကိုယ့်ရဲ့အလုပ်တာဝန်တွေကိုပြီးအောင်လုပ်နိုင်ဖို့နည်းလမ်းကိုယ်စီရှိကြပါတယ်။ ဒါကိုကိုယ်က သိုင်းသိုင်းဝိုင်းဝိုင်း ဒါမှမဟုတ်ခပ်သွက်သွက်လေးပြောပြတတ်ဖို့လိုပါတယ်။ အလုပ်ရှင်ကကိုယ့်ရဲ့အသံကိုနားထောင်ရင်းဒီလူဟာတစ်နေ့တာအလုပ်ကိုနိုင်နိုင်နင်းနင်းလုပ်နိုင်စွမ်းရှိ၊မရှိ၊ […]

အာဏာရှင်ဆန်လွန်းတဲ့သူဌေးနဲ့တွေ့ရတဲ့အခါ

September 27, 2023 Aung Khant Mon 0

အလုပ်တွေလုပ်နေရင်း ကိုယ့်ဘဝမှာကံမကောင်းစွာနဲ့အာဏာရှင်ဆန်လွန်းတဲ့သူဌေးမျိုးနဲ့ဆုံတွေ့ရတတ်ပါတယ်။ အမြဲတမ်းလိုလိုအမိန့်ပေးစေခိုင်းတတ်ပြီးညှိနှိုင်းပြောဆိုဖို့တောင်ခက်ခဲတဲ့လူမျိုးတွေပါ။ ဒီလိုသူဌေးဆီအလုပ်လုပ်ရတဲ့ဝန်ထမ်းတွေဟာကိုယ့်ကိုပြစ်တင်ကဲ့ရဲ့တာကိုမခံနိုင်တဲ့အဆုံး အလုပ်ထွက်ခြင်းနဲ့အဆုံးသတ်သွားတတ်ကြပါတယ်။အခုဖော်ပြမယ့်အဓိကအချက်တွေကတော့ ဒီလိုသူဌေးမျိုးနဲ့တွေ့ဆုံရတဲ့အခါမဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်တွေဖြစ်ပြီးဒီလိုလူတွေနဲ့ညှိနှိုင်းပြောဆို၊လုပ်ကိုင်တတ်ခြင်းကြောင့်လည်း ကိုယ့်ရဲ့ Career အတွက်တက်လမ်းတစ်ခုဖြစ်စေနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်အသိပေးပါ သူတို့ဟာ အာဏာနဲ့ချုပ်ကိုင်နိုင်ခြင်းတွေကိုသဘောကျပြီးအံ့ဩရင်ခုန်ရတာမျိုးတွေကိုသဘောမကျတတ်ပါဘူး။ ဒါကြောင့်သတင်း ကောင်းပဲဖြစ်ဖြစ်၊သတင်းဆိုးပဲဖြစ်ဖြစ်သူတို့ဆီ သတင်းပို့ဖို့လိုပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေနဲ့ပရောဂျက်နဲ့ပတ် သက်တဲ့လှုပ်ရှားဆောင်ရွက်မှုတွေအကြောင်း နေ့စဉ်တင်ပြနိုင်ဖို့လိုပါတယ်။တချို့အချက်တွေကို သူတို့မမေးမြန်းပေမယ့် ကိုယ်ကပြောပြရှင်းပြတာမျိုးကိုလည်းသူတို့သဘောကျတတ်ကြပါတယ်။ ညှိနှိုင်းပြောဆိုတတ်ခြင်းနဲ့အနိုင်ယူပါ အာဏာရှင်ဆန်တဲ့သူဌေးတွေရဲ့အားနည်းချက်က အလုပ်သမားတွေရဲ့ပြဿနာကိုကောင်းကောင်းမကိုင်တွယ်နိုင်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူဌေးအများစုကတော့ဒီလိုပြဿနာတွေကိုကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင်နဂိုအတိုင်းတဝဲလည်လည်ဖြစ်နေမယ်ဆိုတာကိုနားလည်ကြပါတယ်။ […]

ခိုင်မာတဲ့ Brand တစ်ခုတည်ဆောက်ဖို့အတွက်အချက် ၆ ချက်

September 24, 2023 Aung Khant Mon 0

အားပေးသူအခိုင်အမာရှိတဲ့ ခိုင်မာတဲ့ Brand တစ်ခုတည်ဆောက်ဖို့ဆိုတာ ခက်ခဲလှပါတယ်။အထူးသဖြင့်ကိုယ်ပိုင်လုပ်ငန်းအသေးလေးတွေစတင်လုပ်ကိုင်သူအဖို့ အများကြီးပိုကြိုးစားရသလိုအမှားလည်းမခံပါဘူး။ အပြိုင်အဆိုင်များတဲ့နယ်ပယ်မှာဆိုရင် Customer တွေကကိုယ့်ကုန်ပစ္စည်းကိုဦးစားပေးရွေးချယ်ဖို့အတွက် ကုန်ပစ္စည်းရဲ့မပြောင်းလဲတဲ့တန်ဖိုးနဲ့နာမည်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားနိုင်ဖို့မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့်အခုမှအမှတ်တံဆိပ်တစ်ခုကိုစတင်ထိုးဖောက်သူတို့အတွက် မဖြစ်မနေလိုက်နာသင့်တဲ့အချက် ၆ချက်ရှိပါတယ်။ SEO အကြောင်းသင်ယူထားပါ Search Engine Optimization လို့ခေါ်တဲ့ SEO အကြောင်းကိုနားလည်ထားပြီး အသုံးပြုတတ်ခြင်းကကိုယ့်ကုန်အမှတ်တံဆိပ်ကို Customer တွေများများတွေ့ရှိစေပါတယ်။ Google […]

ဝန်ထမ်းတစ်ယောက်ရဲ့စိတ်သဘောထားနဲ့အလုပ်လုပ်ပုံဘယ်ဟာပိုအရေးကြီးသလဲ

September 23, 2023 Aung Khant Mon 0

ဝန်ထမ်းတစ်ယောက်ရဲ့စိတ်သဘောထားဟာ သူ့ရဲ့အလုပ် Performance အပေါ်ရာနှုန်းပြည့်သက်ရောက်မှုရှိပြီးသူ့ဘေးမှာရှိတဲ့လုပ်ဖော် ကိုင်ဖက်တွေရဲ့စိတ်နေစိတ်ထားအပေါ်ကိုလည်း ရိုက်ခတ်မှုရှိပြန်ပါတယ်။ယေဘုဘျအားဖြင့် စိတ်သဘောထားမှန်ကန်သူတစ်ယောက်ဟာ စိတ်သဘောညံ့ဖျင်းသူထက် အလုပ် Performance ပိုင်းမှာပိုမိုသာလွန်ပါတယ်။ မန်နေဂျာတွေဟာ ဝန်ထမ်းတစ်ယောက်ရဲ့စိတ်သ ဘောထားကိုသတိထားစောင့်ကြည့်သင့်ပါတယ်။ အရာရာကိုအဆိုးမြင်တာ၊ ပျင်းရိတာလိုစိတ်ထားမျိုးတွေကိုတော့ မဖြစ်မနေပြင်ဆင်ဖို့သတိပေးနိုင်ရမှာဖြစ်ပါတယ်။ဝန်ထမ်းတစ်ယောက်ရဲ့စိတ်သဘောထားဟာ အကြောင်းအရာများစွာပေါ်တည်မှီနေပါတယ်။အရိုးစွဲလာတဲ့ ပြင်မရတဲ့စိတ်သဘောထားမျိုးကိုတော့ ပြင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ မိဘ၊ဆရာဆရာမ၊ ရွယ်တူသူငယ်ချင်း၊ နှစ်သက်အားကျသူ စတဲ့လူတွေရဲ့သင်ကြားပြသမှုတွေကလူတစ်ယောက်ရဲ့စိတ်သဘောကိုပုံဖော်ဖြစ်တည်စေခဲ့လို့ဖြစ်ပါတယ်။လူတစ်ယောက်ဟာ […]

ဘာကြောင့်ရှင်းလင်းပြတ်သားတဲ့မျှော်မှန်းချက်တွေက အလုပ်ခွင်အတွက်အရေးကြီးတာလဲ

September 19, 2023 Aung Khant Mon 0

သင့်စိတ်ထဲမှာ သင်နဲ့သင့်ရဲ့ Team ဟာ တစ်ခရီးတည်းသွားနေတယ်လို့ထင်ပါရဲ့လား။ လုပ်ငန်းခွင်ထဲမှာအဖွဲ့ဝင်တစ်ဦးချင်းစီဟာ ငါတို့တစ်ခရီးတည်းချီတက်နေတယ်ဆိုတဲ့ခံစားချက်ဖြစ်ပေါ်နေဖို့လိုပါတယ်။ဒီလိုဖြစ်ပေါ်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်နဲ့ ရှင်းလင်းတဲ့ဆက်သွယ်ချက်တွေကအဖွဲ့အစည်းအတွက်အဓိကကျတဲ့အရာတွေဖြစ်ပါတယ်။နှစ်ပေါင်းများစွာလုပ်ငန်းခွင်အမျိုးမျိုးမှာအလုပ်လုပ်လာတဲ့ ကျွမ်းကျင်သူတွေရဲ့အဆိုအရအဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းခွင်တစ်ခုမှာ ရှင်းလင်းတဲ့ရည်ရွယ်ချက်၊မျှော်မှန်းချက်တွေရှိနေဖို့ကအရေးအကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုရှင်းလင်းတဲ့မျှော်မှန်းချက်တွေရှိနေမှပဲအလုပ်ပြီးမြောက်နိုင်သလို ဝန်ထမ်းတွေအနေနဲ့လည်းမိမိကိုယ်ကိုစိတ်ကျေနပ်မှုဖြစ်လာနိုင်ပါတယ်။ဒါအပြင် နားလည်မှုလွဲတာတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ Healthy Team Culture ဖြစ်ဖို့ ရှင်းလင်းတဲ့မျှော်မှန်းချက်ရှိနေဖို့လိုပါတယ်။အလုပ်ခွင်အတွင်းမှာ ရှင်းလင်းတဲ့ရည်ရွယ်ချက်၊မျှော်မှန်းချက်ချမှတ်မထားဘူးဆိုရင်ဆက်သွယ်ပြောဆိုမှုအတွက်ရော၊ အလုပ်တာဝန်တွေအတွက်ပါနားလည်မှုလွဲတဲ့ပြဿနာကိုကြုံလာရမှာဖြစ်ပါတယ်။ဝန်ထမ်းအနေနဲ့ အလုပ်တာဝန်ကိုအပြည့်အဝနားမလည်ဘဲလုပ်ဆောင်နေရခြင်းက ထွက်လာတဲ့ရလဒ်မကောင်းနိုင်သလိုအလုပ် […]