အလုပ်ထွက်ချိန် ကတ္တီပါလမ်းခွဲဖြစ်စေဖို့

December 22, 2023 Aung Khant Mon 0

တချို့သောဝန်ထမ်းတွေအတွက် အလုပ်ထွက်ချိန်ဟာအေးအေးဆေးဆေးချောချောမွေ့မွေ့ဖြစ်တတ်ပေမယ့် တချို့တွေအတွက်ဘော့စ်ကိုပြောဖို့ခက်နေတာတွေ၊ မထွက်ဖို့စကားတွေကိုအပြင်းအထန်ငြင်းဆန်ရတာတွေ၊ပြောင်းလဲသွားတဲ့ဆက်ဆံရေးတွေ၊ မထွက်ခင်အကျပ် အတည်းဖြစ်အောင် လုပ်ဆောင်ခံရတာမျိုးတွေကြုံရတတ်ပါတယ်။တချို့တွေကျတော့လည်း ထွက်ခတ်ခတ်တယ်လို့ဆိုရမယ့်လုပ်ဖော် ကိုင်ဖက်တွေရဲ့မကောင်းတဲ့အကျင့်တွေ၊ အဆင်မပြေမှုတွေကို တစ်ဝကြီးပြောပြီးမှအလုပ်ထွက်တတ်ကြပါတယ်။ အလုပ်ထွက်ပြီးချိန်မှာ တချို့ကကုမ္ပဏီကိုရော၊ လူတွေကိုရောအားလုံးမေ့ပစ်လိုက်ချင်ကြပြီး တချို့ကတော့တစ်သက်လုံးအတွက်ရင်းနှီးခင်မင်တဲ့ဆက်ဆံရေးကိုတည်ဆောက်သွားနိုင်ကြပါတယ်။တကယ်တော့ စိတ်ခံစားမှုတွေဘေးဖယ်ထားပြီး အလုပ်ထွက်ခြင်းအဆင့်တွေကိုမှန်မှန်ကန်ကန်လုပ်ဆောင်သွားရုံနဲ့ ကိုယ့်အတွက်အဆင်ပြေချောမွေ့တဲ့လမ်းခွဲမှုတစ်ခုဖြစ်စေနိုင်ပါတယ်။ အဲဒီအဆင့်တွေကတော့ …. – နှစ်ပတ်ကြိုပြီး Notice Letter ပေးပို့ပါ။ […]

အလုပ်ရှာနေချိန်မှာ ဘာကအရေးအကြီးဆုံးလဲ

December 20, 2023 Aung Khant Mon 0

အလုပ်မရှိသေးလို့ အလုပ်ရှာဖွေနေရတဲ့အချိန်မှာ ဘယ်သူမှပေါ့ပါးပျော်ရွှင်နေကြမှာတော့မဟုတ်ပါဘူး။အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုကိုခံစားကြရမှာပါ။ကိုယ့်မှာငွေကြေးပြည့်စုံလို့ အလုပ်ရရင်လည်းရ မရရင်လည်းကိစ္စမရှိဆိုတဲ့သူတွေအတွက်စိတ်ဖိစီးမှုနည်းချင်နည်းနိုင်ပေမယ့်လူတိုင်းဟာကိုယ်လျှောက်တဲ့အလုပ်တစ်ခုကိုရချင်ကြတာချည်းပဲဖြစ်ပါတယ်။ငွေကြေးအတွက်မဟုတ်ရင်တောင် ကိုယ့် passion အတွက်၊ ကိုယ့်ပျော်ရွှင်မှုအတွက်၊ဂုဏ်ပုဒ်တစ်ခုအတွက် စတဲ့စတဲ့ရည်ရွယ်ချက်မျိုးစုံနဲ့ အလုပ်တစ်ခုကိုလိုချင်ကြပါတယ်။ဒါ့ကြောင့်လည်း အလုပ်ရှာဖွေတဲ့နေရာမှာ အရေးအကြီးဆုံးရှိသင့်တဲ့အရာကစိတ်ကျန်းမာနေဖို့လို့ဆိုပါတယ်။ စိတ်ကျန်းမာရေးကောင်းတယ်၊ စိတ်ကျန်းမာတယ်ဆိုတာက ငါမရူးဘူးလေ၊ကောင်းနေတာပဲလို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ကိုယ့်စိတ်ဟာ အင်အားအပြည့်ရှိနေဖို့၊ ခိုင်မာနေဖို့၊စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ရည်ရှိဖို့၊ အလွယ်တကူစိတ်ဓာတ်မကျဖို့စတဲ့အချက်တွေနဲ့ပြည့်စုံနေဖို့ကိုဆိုလိုတာဖြစ်ပါတယ်။အလုပ်စလျှောက်ပြီဆိုကတည်းက ‘ငါ့မှာဒီအလုပ်ကိုရနိုင်တဲ့အရည်အချင်းအပြည့်အဝရှိတယ်’ ဆိုတဲ့ယုံကြည်ချက်မျိုးရှိဖို့လိုပါတယ်။ ဒီစိတ်စွမ်းအားကပဲကိုယ့်ကိုတကယ့်ရလဒ်ဆီအရောက်ပို့ဆောင်မှာဖြစ်သလို […]

Job ဆိုတာခဏတာပါ Skills ကသာထာဝရပါမယ့်အရာ

December 20, 2023 Aung Khant Mon 0

ကိုယ့်အတွက်လစာရော၊ အလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်ရောအဆင်ပြေတဲ့အလုပ်သမားအခွင့်အရေးအပြည့်အဝရတဲ့ အလုပ်မျိုးဆိုတာရှာရခက်သလိုထိန်းသိမ်းထားဖို့လည်းခက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် အလုပ်နေရာတစ်ခုကိုလက်လွှတ်ဆုံးရှုံးနိုင်တာသဘာဝပါ။ ကိုဗစ်အတွင်းမှာတင် အလုပ်နားလိုက်ရသူတွေအများကြီးရှိတာဖြစ်သလို နည်းပညာခေတ်ကြောင့်ကိုယ့်အလုပ်နေရာကို ဖယ်ပေးလိုက်ရတာတွေလည်းအများကြီးပါပဲ။လေယာဉ်လိုင်းတွေ၊ ကားထုတ်လုပ်ရေးတွေကနေ အမြန်စာရောင်းတဲ့စားသောက်ဆိုင်တွေအဆုံးဝန်ထမ်းလျှော့ချပြီး ဘတ်ဂျက်ချွေတာလာကြတာကိုလည်းတွေ့ကြရမှာပါ။ဒီလိုအလုပ်လက်မဲ့ဖြစ်နေတဲ့လူတွေအများကြီးကြားထဲမှာပဲ ဘာပဲလုပ်ရလုပ်ရ၊လစာဘယ်လောက်ရရဆိုတဲ့ အလုပ်ဝင်ခါစလူငယ်လေးတွေလည်းရှိနေပါသေးတယ်။ Career တစ်ခုကိုအခြေချပြီးတဲ့လူ ကြီးတွေအနေနဲ့ ဒီဘက်ခေတ်မှာ ကုမ္ပဏီတစ်ခုရဲ့ ရာထူးကောင်း၊နေရာကောင်းဆိုတာကိုဖက်တွယ်ထားလို့မရပါဘူး။ အလုပ်တစ်ခုမှာလုပ်သက်ကြာလို့အဆင်ပြေတဲ့နေရာတစ်ခုကိုရရှိထားတယ်၊အေးအေးဆေးဆေးဝင်ငွေရနေတယ်ဆိုတဲ့အနေအထားကနေ ဝန်ထမ်းလျှော့တဲ့အထဲပါပြီးဘာလုပ်ရမှန်းမသိ ဘယ်သွားရမှန်းမသိလည်းဖြစ်သွားနိုင်ပါတယ်။ဒါ့ကြောင့် လူတစ်ယောက်ဟာ ငါကမန်နေဂျာဆိုတဲ့ရာထူးတစ်ခုကိုမှီပြီးနေတာထက်ငါ့မှာမန်နေဂျာတစ်ယောက်ရဲ့ တကယ့်အရည်အချင်းတွေရှိလား၊ […]

အသက် ၃၀ အရွယ်မှာ သိထားသင့်တဲ့ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (၅) ချက်

December 19, 2023 Aung Khant Mon 0

အသက် ၃၀ အရွယ်မှာ ဘဝဟာအနည်းငယ်ရှုပ်ထွေးတဲ့အနေအထားမှာ ရှိနေပါတယ်။လူ့သက်တမ်းတစ်ဝက်ကျိုးပြီဆိုတဲ့အတွေး၊ Career အပြောင်းအလဲ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့စဉ်းစားချိန်၊အိမ်ထောင်ပြုဖို့၊ မိသားစုဘဝတည်ဆောက်ဖို့ စတဲ့ စတဲ့ စဉ်းစားတွေးတောစရာတွေ အများကြီးကြုံရတဲ့အနေအထားပါ။ဒီအနေအထားတွေကို လှလှပပကိုင်တွယ်နိုင်ဖို့အရေးဟာ ငွေကြေးအပေါ်မှာလည်းအများကြီးအခြေခံသွားသလို အခြေခံငွေကြေးစီမံခန့်ခွဲမှုကိုလည်းမဖြစ်မနေနိုင်နင်းရတော့မယ့်အချိန်ဖြစ်ပါတယ်။ဒါကြောင့်လည်း ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ရင် ကျွမ်းကျင်ပညာရှင်အဖြစ်လုပ်ကိုင်နေသူ၊ Beyond Your Hammock ရဲ့တည်ထောင်သူ Eric Roberge က […]

Introvert တစ်ယောက်အနေနဲ့ Network ရှာဖွေတဲ့အခါ

December 17, 2023 Aung Khant Mon 0

အရင်တုန်းကတော့အေးအေးနေတတ်တဲ့ Introvert တစ်ယောက်ဟာ Socialအပိုင်းမှာမအောင်မြင်နိုင်ဘူး၊ မိတ်ဆွေအလွယ်တကူမရနိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါဟာတကယ်တော့ တရားသေမှတ်ယူလို့ မရတဲ့ယူဆချက်ဖြစ်ပါတယ်။ Introvert တစ်ယောက်ဟာသူ့နည်းသူဟန်နဲ့ မိတ်ဆွေဖွဲ့တတ်သလိုခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့အတွက်လည်း စွမ်းအားတွေရှိကြပါတယ်။ Introvert တစ်ယောက်အနေနဲ့ ဒီကောင်းကွက်တွေကြောင့် မိတ်ဆွေတွေရနိုင်ပါတယ်။ လေ့လာအားကောင်းသူတွေ Introvert တစ်ယောက်ဟာ စကားပြောနေတဲ့ အုပ်စုတစ်စု ဒါမှမဟုတ် လူတစ်ယောက်ဆီကိုဘယ်တော့မှအလွယ်တကူတိုးဝင်လေ့မရှိပါဘူး။ စကားသွားမပြောခင်ကတည်းက […]

နေမကောင်းချိန် Professional ကျကျ ခွင့်တိုင်နည်း

December 16, 2023 Aung Khant Mon 0

အိပ်ရာကမထနိုင်လောက်အောင်ဖျားနေပြီလား၊ တစ်ချိန်လုံးနှာချေနေပြီလား၊ချောင်းတွေဆက်တိုက်ဆိုးနေပြီလား…ဘာတွေပဲဖြစ်နေပါ စေ အလုပ်မသွားနိုင်လောက်အောင်နေမကောင်းဖြစ်နေပြီဆိုရင်တော့ ကိုယ့်မန်နေဂျာဆီကို ခွင့်တိုင်ကိုတိုင်ရတော့မှာပါ။ ဒီနေရာမှာ Sick Day Email ကို ဘယ်လို Professional ကျကျ၊ ပြည့်ပြည့်စုံစုံရေးသားမလဲဆိုတာ ဥပမာလေးတွေနဲ့တကွပြောပြပေးချင်ပါတယ်။နေမကောင်းလို့အီးမေးလ်ပို့တဲ့အခါ တစ်ဖက်လူလည်းခွင့်ပေးချင်အောင်၊ ကိုယ်ခွင့်ယူနေတုန်းလုပ်ငန်းခွင်မှာလည်းအဆင်ပြေချောမွေ့အောင် အစီအစဉ်တကျလေးရေးသားတတ်ဖို့လိုပါတယ်။ဒါတွေကတော့ပါဝင်ရမယ့်အချက်အလက်တွေပါ။ – ကိုယ့်အလုပ်ချိန်မတိုင်ခင် စောနိုင်သမျှစောစောမန်နေဂျာဆီအကြောင်းကြားသင့်ပါတယ်။ – ကုမ္ပဏီကသတ်မှတ်ထားတဲ့စည်းမျဉ်း (ဥပမာ […]

လူတိုင်းကြုံရနိုင်တဲ့ လုပ်ငန်းခွင်အတွင်းကစိန်ခေါ်မှု ၅ ခု

December 14, 2023 Aung Khant Mon 0

လုပ်ငန်းခွင်ထဲဝင်ရောက်ကြပြီဆိုရင်လူတိုင်းကအလုပ်နဲ့ပတ်သက်တဲ့စိန်ခေါ်မှုဆိုတာကိုရင်ဆိုင်ကြရစမြဲပါ။ လုပ်ငန်းရှင်တွေအနေနဲ့လည်းကိုယ့်ရဲ့အလုပ်မှာ အခြေခံကျတဲ့ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ဒီစိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဒီလိုကြုံလာတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားသင့်လဲဆိုတာကအလုပ်ရှင်ရော၊ ဝန်ထမ်းပါသိထားရမယ့်အချက်တွေဖြစ်ပါတယ်။ Communication ပိုင်းစိန်ခေါ်မှု အဖွဲ့အစည်းတိုင်းမှာကြုံရတဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့ Communication ပိုင်းပဲဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာအဆင်ပြေချောမွေ့ဖို့အတွက် ဆက်သွယ်ပြောဆိုတဲ့အပိုင်းဟာ ရှင်းလင်းလွယ်ကူနေဖို့လိုပါတယ်။ ပြောဆိုဆက်သွယ်မှုပြတ်တောက်သွားတာနဲ့ အလုပ်လုပ်တဲ့နေရာမှာနှောင့်နှေးပြီး Productivity လည်းကျစေပါတယ်။ ဒါ့ကြောင့် အလုပ်မှာရှိတဲ့ဝန်ထမ်းတိုင်းကို သူတို့ရဲ့ Communication Skills ကိုတိုးတက်စေဖို့ […]

Zombie တွေနဲ့တိုက်ခိုက်နေရသလို ကိုယ့်ရဲ့ Business ကိုလုပ်ရတဲ့အခါ

December 13, 2023 Aung Khant Mon 0

Business တစ်ခုစတင်ပြီဆိုရင် ဘာတွေလုပ်ပါ၊ ဘာတွေကိုတော့မလုပ်ပါနဲ့ဆိုတဲ့အကြံပြုချက်တွေကိုပညာရှင်တွေအများကြီးကအကြံ ပြုစကားတွေအမျိုးမျိုးပြောကြားထားကြပြီးဖြစ်ပါတယ်။ Business တစ်ခုတည်ထောင်တာနဲ့ပတ်သက်ပြီး သိထားရမယ့်အရာတွေကို ပုံစံမျိုးစုံနဲ့ ရေးသားထုတ်ဝေပြောဆိုကြတဲ့အထဲမှာ Business Coach တစ်ယောက်ဖြစ်တဲ့ Julia Chanteray က Business နဲ့ပတ်သက်ရင် Zombie တွေနဲ့တိုက်ခိုက်နေရသလိုထင်မြင်ပါလို့ အကြံပြုထားတာဖြစ်ပါတယ်။ဒီထင်မြင်ချက်ကတော့ သူမဖတ်ရှုနေတဲ့ The book of […]

Productivity သေချာပေါက်တက်လာစေမယ့်စည်းမျဉ်း (၅) ချက်

December 12, 2023 Aung Khant Mon 0

‘နေ့တိုင်းအလုပ်တွေပြီးချင်တယ်’၊ ‘တစ်ရက်မှာ ၄၈ နာရီရှိရင်ကောင်းမယ်’၊‘အချိန်တွေဘယ်လိုချေးရမလဲမသိဘူး’ စတဲ့စကားမျိုးတွေကို အလုပ်များသူတိုင်းကပြောလေ့ရှိကြပါတယ်။ လူတိုင်းဟာတစ်ရက်မှာ ၂၄ နာရီတူညီစွာပဲရနေမှာမို့အချိန်တွေထပ်ချေးဖို့စဉ်းစားမယ့်အ စား အချိန်ကိုဘယ်လိုစီမံမလဲ၊ Productivity တက်လာအောင်ဘယ်လိုလုပ်ဆောင်ကြမလဲ၊ ဘာတွေလုပ်နိုင်မလဲဆိုတာကို စဉ်းစားတာကပိုပြီးအသုံးဝင်ပါလိမ့်မယ်။ဒါကြောင့်လည်း အလုပ်ပြီးမြောက်နိုင်စွမ်းတွေတိုးလာအောင် လုပ်ဆောင်ကြတဲ့နည်းလမ်းတွေထဲကအား လုံးလည်းလိုက်လုပ်လို့အဆင်ပြေမယ့် တကယ်လည်းအသုံးဝင်တဲ့စည်းမျဉ်း (၅) ချက်ကိုမျှဝေချင်ပါတယ်။ အဲဒါတွေက … (၅) မိနစ် […]

နှိမ့်ချတတ်ခြင်းက အလုပ်အတွက်အကျိုးကျေးဇူးရှိသလား

December 10, 2023 Aung Khant Mon 0

နှိမ့်ချတတ်ခြင်းနဲ့ပတ်သက်ရင် လူတချို့က အလုပ်မှာကိုယ့်အထာနဲ့ကိုယ်နေ၊ လုပ်ငန်းခွင်မှာနှိမ့်ချစရာမလိုဘူးဆိုတဲ့ အယူအဆရှိကြပါတယ်။ တချို့ကျတော့လည်း လူအားလုံးနဲ့အဆင်ပြေအောင်ကျိုးနွံတာ၊ နှိမ့်ချတတ်တာကကောင်းတယ်လို့ ယူဆကြပါတယ်။ နှိမ့်ချတတ်တဲ့သူတွေဟာသူတို့ကိုယ်တိုင်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုသိကြသလို အကူအညီလိုအပ်လာတဲ့အခါ၊အခက်အခဲရှိလာတဲ့အခါတွေမှာ အကူအညီတောင်းဖို့ဝန်မလေးကြပါဘူး။ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်ခြင်း၊ လူတွေကိုကျိုးနွံခြင်းက အလုပ်အတွက်တကယ်ပဲလိုအပ်သလား၊တကယ်လို့ ဒီအကျင့်တွေရှိတယ်ဆိုရင် ဘာကောင်းကျိုးရှိမလဲဆိုတာကို Career နဲ့ပတ်သက်တဲ့ပညာရှင်တွေက အခုလိုသုံးသပ်ထားပါတယ်။ တစ်ကိုယ်ကောင်းမဆန်ဘူး နှိမ့်ချတတ်သူတွေဟာ တစ်ကိုယ်ကောင်းမဆန်တတ်ကြဘူးဆိုတဲ့အချက်ကိုတွေ့ရှိရပါတယ်။ သူတို့ဟာကိုယ်သက်သာဖို့ထက် Team […]