လုပ်ငန်းခွင်မှာစိတ်ထိန်းချုပ်နိုင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ

April 11, 2024 Aung Khant Mon 0

အလုပ်မှာဒေါသကိုမထိန်းချုပ်နိုင်ဘဲပေါက်ကွဲမိတယ်ဆိုရင် ဒါကိုပရော်ဖက်ရှင်နယ်မဆန်တဲ့အပြုအမူလို့သတ်မှတ်ခံရဆဲ၊ ဝေဖန်ခံနေရဆဲပါ။ဒါပေမဲ့လည်းအလုပ်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလုံးလုံးဖိနှိပ်ထားဖို့ဆိုတာကလည်းခက်ခဲနိုင်ပါတယ်။အလုပ်မှာကိုယ့်ရဲ့ခံစားချက်တွေကိုထိန်းသိမ်းတတ်ဖို့၊လိမ္မာပါးနပ်စွာထုတ်ဖော်ပြသတတ်ဖို့ဆိုတာကလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက်မဖြစ်မနေတတ် မြောက်ထားသင့်တဲ့ပညာရပ်တစ်ခုပါ။ဒါ့ကြောင့်အလုပ်မှာကိုယ့်ရဲ့ Emotion တွေကို ဒီအဆင့်ငါးဆင့်အတိုင်း ထိန်းချုပ်ကြည့်နိုင်ပါတယ်။ Negative Emotion တွေစတင်ပြီဆိုတာနဲ့သိပါ စိတ်တိုလာပြီ၊ စိတ်အဆင်မပြေတော့ဘူးဆိုတာနဲ့ ဒါကိုသတိထားမိဖို့အလေ့အကျင့်လုပ်ထားသင့်ပါတယ်။ ပါးတွေနီမြန်းလာတယ်၊ ခေါင်းထဲမှာဆူဝေလာတယ်ဆိုရင်ဒေါသစိတ်ကရုပ်မှာထင်ရှားလာတာပါ။ ကိုယ်စိုးရိမ်တယ်၊ ကြောက်ရွံ့တယ်ဆိုရင်နဖူးနဲ့ပခုံးတွေမှာတင်းလာတတ်ပါတယ်။ ဒီလိုခံစားချက်တွေနဲ့အတူ ရုပ်မှာပြောင်းလဲလာတာကိုအရင်ဆုံးသတိထားမိဖို့အရေးကြီးပါတယ်။ သိပြီးလက်ခံပါ ကိုယ့်မှာလုပ်ပေးရမယ့်အလုပ်တွေအရမ်းများလာပြီ၊အလုပ်အပ်ရမယ့်ရက်နီးလာပြီစတဲ့အခြေအနေတွေမှာ လူတွေဟာစိတ်မရှည်တာ၊ […]

အလုပ်သစ်မရှာရသေးဘဲ အလုပ်ထွက်သင့်လား

April 11, 2024 Aung Khant Mon 0

အလုပ်တစ်ခုကနေထွက်ချင်တဲ့အခါ အကောင်းဆုံးအခြေအနေတွေရလာဖို့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လိုပါတယ်။ အ လုပ်တစ်ခုကနေထွက်ပြီးနောက်အလုပ်တစ်ခုကိုပြောင်းမယ်ဆိုရင် ဒါဟာကိုယ့်ရဲ့ Career Goals တွေကိုဖြည့်ဆည်းနိုင်မှာလား၊ချမှတ်ထားတဲ့ရည်မှန်းချက်အတိုင်းဖြစ်ရဲ့လားဆိုတာကိုတော့ တွေးဖို့လိုပါတယ်။အလုပ်ထွက်မယ်၊ အလုပ်သစ်ရှာမယ်ဆိုတဲ့အခါ အချိန်ယပြင်ဆင်တာကအမှားအနည်းဆုံးနဲ့အကောင်းဆုံးပါပဲ။ အလုပ်ထွက်မယ်ဆိုတဲ့အခါ လူတိုင်းမှာသေချာတဲ့အကြောင်းပြချက်တစ်ခုတော့ရှိနေမှာပဲဖြစ်ပါတယ်။ကိုယ်တကယ်လုပ်ချင်တဲ့အသက် မွေးဝမ်းကျောင်းအလုပ်မဟုတ်လို့၊ ကျန်းမာရေးပြဿနာရှိလို့၊ကိုယ်‌ရေးကိုယ်တာနဲ့မိသားစုကိစ္စတွေရှိလို့၊ မလုံခြုံတဲ့ ဒါမှမဟုတ် အဆင်မပြေတဲ့လုပ်ငန်းခွင်ဖြစ်နေလို့၊အလုပ်မှာစိတ်ညစ်စရာတွေရှိနေလို့ စတဲ့အကြောင်းပြချက်တွေရှိတတ်ကြပါတယ်။အလုပ်ထွက်တော့မယ်ဆိုတဲ့အတွေးဝင်လာတာနဲ့အတူ လူတွေအမြဲတမ်းစဥ်းစားလေ့ရှိတာကအလုပ်သစ်တစ်ခုရမှပဲ အလုပ်ထွက်သင့်လားဆိုတဲ့အချက်ပါ။ တော်တော်များများလက်ခံထားတဲ့အယူအဆကတော့ အလုပ်သစ်တစ်ခုရှာပြီးမှအလုပ်ထွက်တာကကောင်းတယ်ဆိုတဲ့အယူအဆပါ။ အ […]

အလုပ်အတွက် 3လအတွင်း အင်္ဂလိပ်စကားပြောတိုးတက်အောင်ဘယ်လိုလုပ်မလဲ

April 10, 2024 Aung Khant Mon 0

လူတိုင်းကတော့ ဘာသာစကားတွေအားလုံးကို Download လုပ်လိုက်တာနဲ့ကိုယ့်ဦးနှောက်ထဲရောက်လာရင်ကောင်းမယ်ဆိုတဲ့အတွေးမျိုးရှိတတ်ကြပါတယ်။ ဒီလိုနည်းပညာမျိုးကလက်ရှိအချိန်ထိမဖြစ်နိုင်သေးတာမို့ ဘာသာစကားလေ့လာမှုကိုအချိန်ပေးနေရဆဲ၊ကြိုးစားအားထုတ်မှုလုပ်နေရဆဲပဲဖြစ်ပါတယ်။အလုပ်အတွက် အင်္ဂလိပ်ဘာသာစကားကိုအမြန်လေ့လာချင်တယ်၊ထိရောက်တဲ့တိုးတက်မှုနှုန်းကိုမြင်ချင်တယ်ဆိုတဲ့သူတွေအတွက် တကယ်ထိရောက်တဲ့နည်းလမ်းတွေကိုမတူညီတဲ့ဘာသာစကားသုံးခုကိုသင်ယူခဲ့ဖူးတဲ့တက္ကသိုလ်ကျောင်းသားတစ်ဦးကမျှဝေထားတာဖြစ်ပါတယ်။ 3 လအတွင်းအင်္ဂလိပ်စကားပြော သိသိသာသာတိုးတက်နိုင်ပါ့မလား။ဒီအချက် 3 ချက်သာရှိရင် ဘယ်လိုဘာသာစကားမဆို 3 လအတွင်းမှာသိသိသာသာတိုးတက်လာစေနိုင်ပါတယ်။ အဲဒါတွေက… – လက်တွေ့မှာလိုက်လုပ်နိုင်ပြီး ရလဒ်ကိုတိုင်းတာလို့ရတဲ့ရည်မှန်းချက်တွေရှိရမယ် – ရေတို၊ရေရှည် ရည်မှန်းချက်တွေရှိရမယ် – ကိုယ့်ကိုယ်ကိုယ်မညှာရဘူး […]

အလုပ်သစ်ရှာတဲ့အချိန် လုံးဝဂရုစိုက်ဖို့မလိုတဲ့အကြံပေးချက်များ

April 7, 2024 Aung Khant Mon 0

အလုပ်သစ်ရှာတဲ့အချိန်ပဲဖြစ်ဖြစ်၊ အလုပ်စလုပ်ဖို့အလုပ်လျှောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်အလုပ်ရှာဖွေခြင်းနဲ့ပတ်သက်ပြီး သင်ကြားဖူးနေကျအကြံပေးချက်တွေ၊အကြံပြုစကားတွေရှိပါလိမ့်မယ်။ အလုပ်တစ်ခုခုရှာဖွေနေချိန်မှာတော်တော်များများကဒီလိုယေဘုယျအကြံ ပေးစကားတွေကို ပြောလေ့ရှိကြပါတယ်။တချို့သောအကြံပြုချက်တွေကို သင့်အနေနဲ့ခေါင်းထဲမထည့်ဘဲလျစ်လျူရှုလို့ရပါတယ်။အဲဒီအထဲမှာဘယ်လိုအကြံပြုချက်တွေပါဝင်လဲဆိုရင် … -အလုပ်ကိုလျှောက်နိုင်သမျှ များများလျှောက်ပါ။ (ဒီအကြံပြုချက်အစား ကိုယ်လည်းဝါသနာပါ၊ ကိုယ်နဲ့လည်းတကယ်သင့်တော်ပြီးရနိုင်ချေရှိတဲ့အလုပ်တွေကိုသာ လျှောက်ကြည့်သင့်ပါတယ်။) -CV နဲ့ Resume ပေါ်မှာ အထင်ကြီးစရာဖြစ်အောင်အကုန်ထည့်သင့်တယ်။ (တကယ်တော့ ကိုယ်မတတ်ကျွမ်းတာတွေကို CV ပေါ်မှာရော အင်တာဗျူးမှာပါလိမ်မပြောသင့်ပါဘူး။ဒီလိုလိမ်တဲ့အခါ အင်တာဗျူးသူတွေကသတိထားမိကြပါတယ်။ဒါ့ကြောင့်အလုပ်ရဖို့ခက်ခဲတတ်ပါတယ်။) […]

လူတွေရှေ့စကားထွက်ပြောချိန် သူတို့နားထောင်စေဖို့ လုပ်သင့်တဲ့အချက် (၂) ချက်

April 5, 2024 Aung Khant Mon 0

လူ ၁၀၀ မှာ ၇၀ လောက်က နားထောင်ခြင်းမှာညံ့သူတွေလို့ ၂၀၂၀ ခုနစ်၊ University of Southern California Report မှာဖော်ပြထားပါတယ်။တကယ်လို့ ကိုယ်က လူတွေစိတ်ဝင်စားအောင်စကားပြောဆိုနိုင်တယ်ဆိုရင်ဒါကကိုယ်တကယ်အရည်အချင်းရှိလို့ပါပဲ။နားထောင်နိုင်စွမ်းရှိသူတွေ ရှားပါးချိန်မှာလူရှေ့သူရှေ့စကားထွက်ပြောမယ်ဆိုရင် ဒီနှစ်ချက်ကိုမဖြစ်မနေသတိပြုပေးပါလို့ Stanford University ရဲ့ Lecturer ဖြစ်တဲ့ Matt Abrahams […]

အလုပ်ပြောင်းရတာကိုသဘောအကျဆုံးရာသီခွင်များ

April 4, 2024 Aung Khant Mon 0

တချို့သောသူတွေဟာ တစ်နေရာတည်းမှာနှစ်တွေအကြာကြီး ကျောက်ချပြီးအလုပ်မလုပ်ချင်ကြဘဲအလုပ်တစ်ခုပြီးတစ်ခုပြောင်းရတာကို သဘောကျတာမျိုးရှိကြပါတယ်။ သူတို့ဟာ ငွေမက်လို့၊လစာတွေအများကြီးလိုချင်လို့ဆိုတာမျိုးမဟုတ်ဘဲ အသစ်အသစ်ရှာဖွေရတာကိုသဘောကျသူတွေဖြစ်နေကြတာပါ။ ဒီလိုမျိုးအလုပ်ပြောင်းရတာကိုနှစ်သက်တဲ့ရာသီခွင်တွေကိုဖော်ပြရမယ်ဆိုရင်… Aquarius (ဇန်နဝါရီ 20 – ဖေဖော်ဝါရီ 18) အလုပ်ပြောင်းရတာသဘောအကျဆုံးရာသီခွင်တွေထဲမှာ ထိပ်ဆုံးကပါဝင်နေသူတွေကတော့ Aquarius တွေပဲဖြစ်ကြပါတယ်။ သူတို့က ဘေးပတ်ဝန်းကျင်ရဲ့ပြောစကားတွေကိုဂရုမစိုက်တတ်သလိုဆုံးဖြတ်ပြီးရင်လည်းနောင်တရခဲသူတွေဖြစ်ကြပါတယ်။ လုပ်ငန်းခွင်တစ်နေရာတည်းမှာဆွေးမြည့်နေအောင်မလုပ်ချင်တတ်တာက သူတို့ရဲ့သဘာဝဖြစ်ပါတယ်။အလုပ်အတွက်နဲ့ ဘဝအဓိပ္ပါယ်ပျောက်ဆုံးမှာကိုသဘောမကျဆုံးသူတွေမို့ စိတ်ပင်ပန်းလာတဲ့အခါ၊ Stress […]

တိရစ္ဆာန်ချစ်သူတွေအနေနဲ့နိုင်ငံတကာမှာဘာအလုပ်တွေလုပ်လို့ရနိုင်သလဲ

April 3, 2024 Aung Khant Mon 0

အသက်မွေးဝမ်းကျောင်းအလုပ်ဆိုတဲ့နေရာမှာ ကိုယ်ချစ်တဲ့အရာတွေ၊ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊ကိုယ်ဝါသနာပါတဲ့အရာတွေနဲ့ဝင် ငွေရတယ်ဆိုရင်တော့ ပျော်စရာအကောင်းဆုံးပါပဲ။လူတိုင်းဟာ ရုံးခန်းထဲမှာပဲအလုပ်လုပ်ချင်မှလုပ်ကြမှာပါ။ကိုယ်ချစ်တဲ့အကောင်လေးတွေ၊တိရစ္ဆာန်လေးတွေနဲ့ နီးနီးကပ်ကပ်နေခွင့်ရတဲ့အလုပ်မျိုးတွေကိုလည်းတချို့သောသူတွေကရူးရူးမူးမူးစိတ်ဝင်စားကြတာမျိုးရှိပါတယ်။ဒါ့ကြောင့်လည်း ကိုယ်ကသာတိချစ်သူတစ်ယောက်ဆိုရင်၊ သာမန်ထက်ပိုပြီးတိရစ္ဆာန်လေးတွေကိုချစ်ခင်တွယ်တာခဲ့ရင် အောက်မှာဖော်ပြထားတဲ့အလုပ်တွေရနိုင်ဖို့စဥ်းစားကြည့်နိုင်ပါတယ်။ တိရစ္ဆာန်ကုဆရာဝန် ကိုယ်ကငယ်ငယ်ကတည်းက တိရစ္ဆာန်လေးတွေကိုထူးထူးကဲကဲချစ်ခင်တတ်တယ်ဆိုရင်တိရစ္ဆာန်ကုဆရာဝန်ဖြစ်အောင်ကြိုးစားတာက ကိုယ့်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ ဒီအလုပ်ဟာဘယ်နိုင်ငံမှာမဆိုဝင်ငွေကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ကိုယ်ချစ်တဲ့တိရစ္ဆာန်လေးတွေရဲ့ကျန်းမာရေး၊လှပရေးအားလုံးကို ဂရုစိုက်ပေးနိုင်တာမို့လူလည်းပျော်ရွှင်မှုရပြီး အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်လည်းဖြစ်ပါတယ်။ အဏ္ဏဝါဇီဝဗေဒပညာရှင် ပင်လယ်ကိုလည်းချစ်တယ်၊ လှိုင်းတွေကြားမှာလည်းနေနိုင်တယ်၊ရေအောက်ကမ္ဘာကိုသဘောကျတယ်ဆိုရင်တော့ Marine biologist အနေနဲ့လုပ်ဆောင်နိုင်ပါတယ်။ရေငန်ပတ်ဝန်းကျင်ကို အထူးပြုလေ့လာတဲ့သိပ္ပံပညာရှင် […]

Career နဲ့ပတ်သက်ရင်လူတွေနောင်တအရဆုံးအရာကဘာလဲ

April 1, 2024 Aung Khant Mon 0

လူတိုင်းဟာအလုပ်မှာ အမှားတွေလုပ်မိနိုင်ပါတယ်။ ဒီအမှားတွေဟာ သေးငယ်တဲ့အမှားတွေဆိုရင်နောက်နေ့မှာမေ့ပျောက်သွားတတ်ကြတာသဘာဝပါပဲ။ CNBC ရဲ့ဖော်ပြချက်အရအလုပ်လုပ်နေသူတွေရဲ့ 66% က သူတို့မှာ Career နဲ့ပတ်သက်တဲ့ကြီးမားတဲ့နောင်တရှိကြတယ်လို့ ဆိုပါတယ်။ ဒီရလဒ်ဟာ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ မှာရှိတဲ့ဝန်ထမ်းတစ်ထောင်ကျော်ဆီကနေ စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။ Career နဲ့ပတ်သက်ပြီး နောင်တဖြစ်မိတဲ့ရာခိုင်နှုန်းတွေဟာ… 1. လုပ်ခလစာတိုးမတောင်းမိခြင်း(60%) 2. […]

ကိုယ့်ရဲ့မားကက်တင်းစွမ်းရည်တက်စေချင်ရင် ဒါတွေလုပ်ပါ

March 30, 2024 Aung Khant Mon 0

ကိုယ်ဟာစွန့်ဦးတီထွင်သူတစ်ယောက်ပဲဖြစ်ဖြစ် ကုမ္ပဏီတစ်ခုရဲ့မားကက်တင်းဌာနကိုတာဝန်ယူထားရသူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ထုတ်ကုန်ကိုသတ်မှတ်ထားတဲ့ Target Customers တွေဆီအရောက်ပို့နိုင်ဖို့က အရေးအကြီးဆုံးဆိုတာသိရှိကြပြီးဖြစ်မှာပါ။တကယ်လို့ ကိုယ်လိုချင်တဲ့ Target ကိုမထိခဲ့ရင် ဒါမှမဟုတ် ကိုယ်သုံးနေတဲ့ချဥ်းကပ်နည်းတွေကအလုပ်ဖြစ်၊မဖြစ်မသေချာဘူးဆိုရင် ဒါတွေကိုဘယ်လိုပြင်ဆင်နိုင်မလဲ…။အခုမျှဝေပေးချင်တာက ကိုယ့်ရဲ့ Marketing Performance ကိုတက်လာစေမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။ ရှင်းလင်းတဲ့ရည်မှန်းချက်နဲ့တိကျတဲ့တွက်ချက်မှုရှိပါစေ မားကက်တင်းအတွက်ဘာမှအားမစိုက်ခင် ရှင်းလင်းပြတ်သားတဲ့ဦးတည်ချက်နဲ့တိုင်းတာတွက်ချက်နိုင်တဲ့စနစ်ရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ပစ္စည်းကို Brand ကိုပဲလူပိုသိစေချင်တာလား၊ရောင်းအားတက်စေချင်တာလား၊ နာမည်ဂုဏ်သတင်းတစ်ခုပဲတည်ဆောက်ချင်တာလား စသဖြင့်ကွဲပြားတဲ့ဦးတည်ချက်တွေ […]

2024 ခုနစ်မှာအလုပ်ရချင်တယ်ဆိုရင်

March 28, 2024 Aung Khant Mon 0

အလုပ်အကိုင်ရှားပါးပြီး အလုပ်လိုချင်သူတွေများပြားနေတဲ့အခုလိုအချိန်မျိုးမှာ ကိုယ့်ရဲ့အလုပ်ရှာဖွေမှုနဲ့ပြင်ဆင်မှုတွေဟာ သမားရိုးကျဖြစ်နေလို့မရပါဘူး။ 2024 မှာအလုပ်ရနိုင်ဖို့ဆိုရင်တော့အလုပ်ရှာဖွေတတ်တဲ့အရည်အချင်းနဲ့ စဥ်ဆက်မပြတ်လေ့လာသင်ယူနေမှု၊ အ ကင်းပါးမှုတွေမဖြစ်မနေလိုအပ်ပါတယ်။ ဒါတွေကတော့ အလုပ်ရှာဖွေသူတစ်ယောက်အနေနဲ့ မဖြစ်မနေရှိထားသင့်တဲ့အရည်အသွေးတွေဖြစ်ပါတယ်။ Job Search Strategy အလုပ်ရှာတတ်လာတာနဲ့အမျှ ကိုယ်နဲ့မသင့်တော် မကိုက်ညီတဲ့အလုပ်တွေ၊အလှမ်းဝေးတဲ့အလုပ်တွေအပေါ်အာရုံမစိုက်ဘဲ ရနိုင်ချေရှိပြီး ကိုယ်နဲ့လည်းသင့်တော်တဲ့အလုပ်တွေအပေါ်ကိုသာ အာရုံစိုက်တတ်လာပါလိမ့်မယ်။အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ ရချင်ရာရဆိုပြီးလျှောက်လိုက်တာမျိုးမဖြစ်စေဖို့၊အလုပ်အင်တာဗျူးတွေသွားရတာနဲ့တင် အချိန်ကုန်လူပန်းမဖြစ်စေဖို့ စနစ်တကျပြင်ဆင်တွက်ဆပြီးမှ အလုပ်ရှာဖွေတတ်ဖို့လိုပါတယ်။ […]