အလုပ်ရှာဖို့အတွက် အရေးကြီးတဲ့ မေးခွန်း (၅)ခု

May 7, 2024 Aung Khant Mon 0

အလုပ်ရှာတော့မယ်ဆိုရင် ဒီမေးခွန်း ၅ခုကိုကိုယ့်ကိုယ်ကိုယ်အရင်မေးဖို့လိုပါတယ်။ အလုပ်ကကိုယ့်ဘဝအတွက်အရေးကြီးအစိတ်အ ပိုင်းတခုလည်းဖြစ်တာကြောင့်အလုပ်တခုခုကိုရှာတော့မယ်၊ လုပ်တော့မယ်ဆိုရင် ဒီမေးခွန်း ငါးခုကို မဖြစ်မနေကိုယ့်ကိုယ်ပြန်မေးသင့်ပါတယ်။ မဟုတ်ရင်တော့ တနေ့ကို နေ့စဉ်ပုံမှန် ၈နာရီလောက် လုပ်ရမယ့်လုပ်ငန်းခွင်တခုက သင့်အတွက်အိပ်မက်ဆိုးဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အလုပ်သွားဖို့ကြောက်နေတာ၊အလုပ်ဖွင့်ရက်တွေက ကိုယ့်အတွက် ပင်ပန်းပြီး စိတ်ဖိစီးတယ်လို့နေ့စဉ်ခံစားနေရမှာဖြစ်ပါတယ်။ ဒါတွေကို မဖြစ်ရအောင် အလုပ်ရှာမယ်၊အလုပ်လျှောက်တော့မယ်ဆိုရင် ဒီမေးခွန်းငါးခုကို အရင်ဆုံးကိုယ့်ကိုယ်ကိုယ်မေးရပါမယ်။ ဘာလုပ်ရတာကြိုက်လဲ […]

အလုပ်မှာ ပျော်ရွှင်နေဖို့ လျှို့ဝှက်ချက်တခု

May 4, 2024 Aung Khant Mon 0

အလုပ်မှာပျော်ရွှင်နေဖို့ လျှို့ဝှက်ချက်တွေအများကြီးရှိမနေပါဘူးတဲ့။ အလုပ်မှာပျော်ရွှင်ဖို့လျှို့ဝှက်ချက်က တခုထဲပါတဲ့။ အဲဒါကဘာများဖြစ်မလဲ။ ၂၀၂၀ခုနှစ် ၈လပိုင်းကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေအရ အလုပ်မှာမပျော်သူရာခိုင်နှုန်းက ကပ်ရောဂါမတိုင်မီကအခြေအနေနဲ့ ၉ရာခိုင်နှုန်းကနေ ၃၈ရာခိုင်နှုန်းအထိတိုးလာတယ်လို့ ဆိုပါတယ်။အဖက်ဖက်က ဖိအားတွေများနေချိန်မှာ အလုပ်မှာပျော်ရွှင်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတခု၊အခက်အခဲတခုလိုဖြစ်လာနိုင်ပါတယ်။ ငွေရေးကြေးရေးအကြောင်းပြချက်တွေ၊လုပ်ငန်းခွင်အတွင်း စိန်ခေါ်မှုတွေ၊ အလုပ်အာမခံချက်မရှိနိုင်တဲ့အခြေအနေတွေ၊အသင်းအဖွဲ့နဲ့စုပေါင်းလုပ်ကိုင်ရတဲ့အခါကြုံရတဲ့ အခက်အခဲတွေအားလုံးကစိန်ခေါ်မှုတွေဖြစ်နိုင်ပါတယ်။အလုပ်က ကိုယ့်အတွက်စိတ်အားထက်သန်မှု၊ဝါသနာအပြည့်နဲ့ရွေးချယ်ထားတဲ့အလုပ်ဖြစ်နေပါစေဦးတော့ အဖက်ဖက်ကဖိအားတွေနဲ့ကြုံလာရတဲ့အခါမှာ ပျော်ရွှင်အောင်နေဖို့ဆိုတာ ခက်ခဲပါတယ်။ […]

မေလမှာ ကံအကောင်းဆုံး ရာသီခွင်(၄)ခု

May 3, 2024 Aung Khant Mon 0

တချို့သူတွေက မေလမှာ အကောင်းဆုံစွမ်းအင်နဲ့ အခွင့်အရေးများကိုအကောင်းဆုံးအသုံးချနိုင်မှာဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ မေလမှာဘယ်သူတွေကံအကောင်းဆုံးဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။ Taurus ဒီရာသီခွင်လေးတွေကတော့ မေလအတွက် ကံကောင်းဖို့ အဆင်သင့်ဖြစ်နေပါရဲ့လား။ ဒီလကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေပြီးတော့ အံ့ဩဖွယ်ရာများ မမျှော်လင့်ထားတဲ့အခွင့်အလမ်းများကို ကြုံတွေ့ရနိုင်ပါတယ်။ စိန်ခေါ်မှုတွေကိုကျော်လွှားဖို့ မေလကအကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်တဲ့။ Virgo ဒီရာသီခွင်လေးတွေက တီထွင်ဖန်တီးမှုများနဲ့ အောင်မြင်မှု အထွဋ်အထိပ်ကိုရောက်မယ့်လာလို့ဆိုနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း […]

စိတ်ဖိစီးစရာမလိုဘဲ နေ့စဉ်အလုပ်ဘယ်လိုရှာမလဲ – အပိုင်း (၁)

May 2, 2024 Aung Khant Mon 0

အလုပ်ရှာရတာက သင့်အတွက် စိတ်ဖိစီးစရာ၊ စိတ်ပူပန်စရာတွေဖြစ်စေမှာ အမှန်ပါပဲ။အလုပ်တခုရဖို့က ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် သင့်အတွက်အလုပ်ရှာဖွေရေးလမ်းစဉ်က အများကြီးမခက်ခဲနိုင်ပါဘူး။အခွင့်အလမ်းဂျာနယ်ပရိသတ်လေးတွေအတွက် ဒီအချက်တွေက အလုပ်ရှာဖွေတဲ့အခါမှာသင့်ရဲ့စိတ်ဖိစီးမှုကို အများကြီးလျှော့ချပေးနိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို အကဲဖြတ်ခြင်း သင့်ကိုယ်သင် မေးခွန်းတွေများများမေးခြင်းက ကိုယ်တိုင်အကဲဖြတ်ဖို့အတွက်လုပ်ဆောင်မှုပထမအဆင့်ဖြစ်ပြီး အင်မတန်ရိုးရှင်ပါတယ်။ ဒီမေးခွန်းတွေကသင်ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ သင်ဘာလုပ်ချင်လဲ၊ သင်ဘာတွေစိတ်ဝင်စားလဲဆိုတာကိုသိသာစေနိုင်ပါတယ်။ ကိုယ်ဘာလိုချင်သလဲဆိုတာကို ကိုယ်တိုင်သိမှအလုပ်ရှာဖွေရေးလမ်းစဉ်က မြန်ဆန်နိုင်မှာဖြစ်ပြီးသင်ဘာတွေလိုအပ်နေသလဲဆိုတာသေချာသိမှလည်း အဲဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ […]

Group Discussion မှာ ဘာတွေမလုပ်သင့်ဘူးလဲ

April 30, 2024 Aung Khant Mon 0

Group Discussion တွေပြုလုပ်တယ်ဆိုတာက အချင်းချင်းအသိပညာတွေဖလှယ်ဖို့၊အကြောင်းအရာတစ်ခုအပေါ် တစ်ဦးချင်းရဲ့ထင် မြင်ယူဆချက်တွေကို ပြောပြနိုင်ဖို့၊အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ဆက်သွယ်မှုစွမ်းရည်တွေကို မြှင့်တင်ဖို့လုပ်ဆောင်ကြတာဖြစ်ပါတယ်။အ ဖွဲ့လိုက်ဆွေးနွေးတဲ့နေရာမှာ ကိုယ်ပြောချင်တာတွေပြောလိုက်ရုံ ဒါမှမဟုတ်ဘာမှမပြောဘဲထိုင်နားထောင်နေရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ အဖွဲ့လိုက်ဆွေးနွေးမှုတွေလုပ်တဲ့အခါ လိုက်နာသင့်တဲ့အရာတွေနဲ့ရှောင်သင့်တဲ့အရာတွေလည်းရှိပါတယ်။ ကိုယ်ကပရော်ဖက်ရှင်နယ်ဆန်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်အဖွဲ့လိုက်ဆွေးနွေးချိန်မှာဒီအချက်တွေကို သတိထားပေးရမှာဖြစ်ပါတယ်။ 1. ဘာကိုမှမစောင့်ဘဲပြောချင်တာကိုအမြန်အဆန်ပြောလိုက်တာမျိုးမလုပ်သင့်ပါဘူး။စကားကိုစွတ်ပြောလိုက်တာက ကိုယ်မပြင်ဆင်ထားတာကိုသိသာစေပါတယ်။ဒါကိုရှောင်နိုင်ဖို့အတွက် တခြားသူတွေဘာပြောနေသလဲဆိုတာကိုစောင့်ပါ၊ကိုယ်ကဒီစကားဝိုင်းမှာ တစ်ခု ခုပြောရမယ်၊ ဘာကိုပြောရမလဲမစဥ်းစားရသေးဘူးဆိုရင်ဒီလိုနားထောင်နေတဲ့အချိန်ကကိုယ့်အတွက်ပြင်ဆင်ဖို့အကောင်းဆုံးအချိန်လည်းဖြစ်စေပါတယ်။ 2. […]

နောင်တစ်ချိန်မှာ အောင်မြင်လာမယ့်သူရဲ့ လက္ခဏာ 8 ချက်

April 29, 2024 Aung Khant Mon 0

အောင်မြင်မှုဆိုတာက လက်ရှိကိုယ်ပိုင်ဆိုင်နေရတာတွေနဲ့တိုင်းတာလို့မရပါဘူး။ သူကလူတွေဆီကိုအချိန်တစ်ခုရောက်တော့မှ တိုးဝင်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ လူတွေဟာအကောင်းဆုံးလုပ်နေပေမယ့် အောင်မြင်မှုကိုမရသေးတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်တော့မယ့်လူတွေမှာ တူညီတဲ့ဝိသေသလက္ခဏာတွေရှိတတ်ကြပါတယ်။ အဲဒီအချက်တွေသာကိုယ့်ဆီမှာရှိတယ်ဆိုရင် တစ်ချိန်မှာအောင်မြင်မှုရမယ့်လူဆိုတာမုချမလွဲပါပဲ။ 1. ဘဝတစ်လျှောက်လုံးသင်ယူနေတယ် သင်ယူခြင်းဆိုတာကိုဘယ်တော့မှရပ်တန့်ပစ်လို့မရပါဘူး။ကိုယ်လုပ်ကိုင်နေတဲ့နယ်ပယ်အတွက်ပဲဖြစ်ဖြစ်၊ ပညာရပ်အသစ်တွေကိုပဲဖြစ် ဖြစ်တစ်သက်လုံးသင်ယူနေရမှာဖြစ်ပါတယ်။ အမြဲတမ်းစူးစမ်းလေ့လာချင်သူ၊ ပညာဗဟုသုတကိုငတ်မွတ်သူအတွက် ဆုတ်ယုတ်နိမ့်ပါးသွားတယ်ဆိုတာမရှိနိုင်ပါဘူး။ အမြဲတမ်းစာဖတ်နေတယ်၊အမြဲတမ်းမေးခွန်းထုတ်နေတယ်ဆိုရင် ကိုယ်ဟာ Smart ဖြစ်တဲ့သူထဲပါဝင်နေပါပြီ။ ဒီလိုတစ်သက်လုံးသင်ယူနေသူတွေဆီကနေ အောင်မြင်မှုဆိုတာဟာလည်း […]

တကယ်တတ်ချင်စိတ်သာရှိဖို့လိုပါတယ်

April 26, 2024 Aung Khant Mon 0

အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကိုသင်ယူကြတဲ့အခါ အောင်လက်မှတ်တွေ၊ Certificate တွေကတကယ်ကျွမ်းကျင်တတ် မြောက်ခြင်းဆိုတဲ့ Skills လောက်အရေးပါရဲ့လား။သင်တန်း‌တွေက ပညာရပ်တစ်ခုကိုသင်ပေးတဲ့အခါ အခြေခံသဘောတရားကိုသာအဓိ ကသင်ပေးကြတာပါ။ဒီသင်တန်းကနေဆင်းတာချင်းအတူတူ ဒီဘွဲ့ကိုရတာချင်းအတူတူ အခြေအနေချင်းအတူတူတစ်ယောက်ကပိုပြီးတော်နေတတ်နေတယ်ဆိုရင် ဒါဟာသူ့ရဲ့စိတ်အားထက်သန်မှု၊ လေ့လာမှုနဲ့ပညာကိုလိုချင်မှုကြောင့်သာဖြစ်ပါတယ်။အခုခေတ်မှာဆိုရင် အင်တာနက်ရှိလာပြီမို့ ပညာရပ်တစ်ခုကိုလေ့လာစရာသင်ယူစရာနေရာတွေမှအများကြီးပါ။ လူငယ်တချို့က Graphic Design တော့စိတ်ဝင်စားတယ်၊ အိမ်ကကွန်ပျူတာလည်းဝယ်မပေးဘူး၊သင်ပေးမယ့်ဆရာလည်းမရှိဘူးဆိုပြီး ညည်းတတ်ကြပါတယ်။ တကယ်တော့ပညာရပ်တစ်ခုကိုစိတ်ဝင်စားရင် ကိုယ့်ဦးနှောက်တစ်စုံရှိရုံနဲ့ လေ့လာလို့ရပါပြီ။ […]

အလုပ်မှာ Deadline ထပ်တိုးပေးဖို့ဘယ်လိုတောင်းဆိုနိုင်မလဲ

April 24, 2024 Aung Khant Mon 0

ကိုယ့်ကိုခိုင်းထားတဲ့ Project တစ်ခုအတွက် သတ်မှတ်ထားတဲ့အချိန်နဲ့မလုံလောက်တဲ့အခါအလုပ်ပြီးဆုံးရမယ့်နောက်ဆုံးရက်ကိုပြင်ဆင် ပေးဖို့တောင်းဆိုနိုင်ပါတယ်။ကုမ္ပဏီမှာလူချင်းတွေ့ပြီးအလုပ်လုပ်ရတာမျိုးဆိုရင် အခြေအနေကိုပြောပြပြီးတောင်းဆိုလို့ရပေမယ့်ကိုယ်ကတခြားနိုင်ငံရဲ့ရုံးခွဲမှာအလုပ်လုပ်နေတာ ဒါမှမဟုတ် Remote Work ၊ Work From Home လုပ်နေတာမျိုးဆိုရင်တော့ အီးမေးလ်နဲ့စနစ်တကျအသိပေးတောင်းဆိုတတ်ဖို့လိုပါတယ်။ဒါ့ကြောင့် Deadline ကိုပြန်ညှိပေးဖို့တောင်းဆိုချင်တယ်ဆိုရင်ဒီအချက်တွေအတိုင်းလုပ်ဆောင်နိုင်ပါတယ်။ -ပထမအဆင့်ကတော့ အချိန်ဘယ်လောက်ထပ်တောင်းရမလဲဆိုတာ သေသေချာချာတွက်ဆဖို့ပါပဲ။ကိုယ်က နောက်သုံးရက်လောက်တိုးပေးပါလို့ပြောလိုက်ပြီးမှ သုံးရက်နဲ့မပြီးလို့ထပ်ပြင်ဆင်ရတယ်ဆိုရင်အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့်လုံလောက်တဲ့အချိန်တစ်ခုဖြစ်အောင် စဥ်းစားဆုံးဖြတ်ဖို့လိုပါတယ်။ -ဒုတိယအချက်ကတော့ […]

အလုပ်လျှောက်ချိန်ကြုံရနိုင်တဲ့ Personality Test တွေကိုဘယ်လိုကျော်လွှားမလဲ

April 23, 2024 Aung Khant Mon 0

တချို့သောအလုပ်တွေ၊ အဖွဲ့အစည်းတွေမှာ အလုပ်လျှောက်သူကို Personality Test သီးသန့်စစ်လေ့ရှိကြပါတယ်။ ဒီလိုကိုယ်ရည်ကိုယ်သွေးစစ်ဆေးတာမျိုးကို ကြုံလာခဲ့မယ်ဆိုရင်ဘယ်လိုမေးခွန်းတွေကိုဘယ်လိုဖြေဆိုကြမလဲ၊ သတိလက်လွတ်အမှားမပါသွားစေဖို့ဘယ်အချက်တွေကိုသိထားရမလဲဆိုတာ အတွေ့အကြုံရှိသူတွေက အခုလိုအကြံပြုထားကြပါတယ်။ Personality Test ဆိုတာဘာလဲ အလုပ်ရှင်တွေက ကိုယ့်ကိုအလုပ်မခန့်ခင် ကိုယ်ဟာဘယ်လိုလူစားလဲ၊ဘယ်လိုဝန်ထမ်းမျိုးဖြစ်မလဲဆိုတာကို သိရှိနိုင်ဖို့အတွက်ပြင်ဆင် ထားတဲ့မေးခွန်းတွေကိုဖြေခိုင်းခြင်းဖြစ်ပါတယ်။ကိုယ်ပေးလိုက်တဲ့အဖြေတွေက လုပ်ငန်းခွင်အတွင်းကြုံလာရနိုင်တဲ့ကိစ္စရပ်တွေအပေါ် ကိုယ်ဘယ်လိုတုံ့ပြန်မလဲ၊ ကိုင်တွယ်မလဲဆိုတာကိုဖော်ပြနေပြီးပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်နေတတ်သူ၊ ဆက်သွယ်ပြောဆိုရာမှာတော်သူ၊ဝန်ထမ်းကောင်းစိတ်ဓာတ်ရှိသူဟုတ်၊မဟုတ်ကိုလည်းပြသနေတာဖြစ်ပါတယ်။ Personality Test […]

အောင်မြင်မှုဆီတွန်းပို့ပေးမယ့် ၂ မိနစ်စည်းမျဉ်း

April 22, 2024 Aung Khant Mon 0

New York Times ရဲ့အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Atomic Habits ကိုရေးသားသူ James Clear ကအမူအကျင့်ပြောင်းလဲဖို့အတွက် အရေးကြီးတဲ့အချက်တစ်ခုကို ဟောပြောပွဲတစ်ခုမှာမျှဝေခဲ့ပါတယ်။ James Clear ဟာ ဟောပြောသူတစ်ယောက်၊ စာရေးဆရာတစ်ယောက်ဖြစ်တဲ့အပြင် သူရေးသားတဲ့ Atomic Habits စာအုပ်ဟာလည်း ၁၅ သန်းကျော် ပုံနှိပ်ရောင်းချခဲ့ရတာဖြစ်ပါတယ်။ Atomic […]