5 နှစ်စာ Career Plan ကဘာ့ကြောင့်ပိုအကျိုးများတာလဲ

March 8, 2024 Aung Khant Mon 0

“နောင် 5 နှစ်မှာ မင်းကိုယ်မင်းဘယ်လိုလူအဖြစ်မြင်တွေ့ချင်လဲ” ဆိုတဲ့မေးခွန်းက ကိုယ့်ဆရာ၊ကိုယ့်မိသားစုဝင်တွေနဲ့အင်တာဗျူးနေသူ စသဖြင့်တစ်ယောက်ယောက်ဆီကနေကြားဖူးနိုင်ပါတယ်။အလုပ်စလုပ်ပြီဆိုကတည်းက ငါဒီနှစ်တော့အဆင်ပြေတာဝင်လုပ်လိုက်မယ်ဆိုတာမျိုးထက်အနည်းဆုံးနောင် 5 နှစ်စာအထိတွေးတောစဥ်းစားတာက ပိုပြီးအကျိုးရလဒ်ကောင်းတွေရရှိမယ်လို့အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတွေက အာမခံထားကြပါတယ်။ကိုယ်ဘာလုပ်ချင်လဲ၊ဘယ်လိုအသက်မွေးဝမ်းကျောင်းမျိုးနဲ့ရပ်တည်မလဲဆိုတာကိုအချိန်ယူစဥ်းစားတာက Career နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။ 5 နှစ်တာကာလကိုကိုယ်တွေးထားတဲ့ Plan အတိုင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်တာက နောက်ဆုံးမှာကိုယ့်ကိုအများထက်ပိုအဆင်ပြေခိုင်မာတဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေစေမှာပဲဖြစ်ပါတယ်။ရေရှည်အသက်မွေးဝမ်းကျောင်းအတွက်စဥ်းစားမယ်ဆိုရင်တော့ တစ်နှစ်စာအတွက်သာတွေးထားတဲ့ Career […]

လစာညှိနှိုင်းတဲ့နေရာမှာ ဆရာကျနေစေဖို့

March 7, 2024 Aung Khant Mon 0

အလုပ်သစ်ဝင်ဖို့အတွက် လစာနဲ့အခွင့်အရေးတွေကို ညှိနှိုင်းပြောဆိုရတာက နည်းနည်းတော့စိတ်ညစ်စရာကောင်းတာအမှန်ပါပဲ။ ညှိနှိုင်းရတဲ့အထဲမှာ လစာရော၊ လစာမဟုတ်တဲ့တခြားသောအရာများအတွက်ပါ ပြောဆိုညှိနှိုင်းရတာမို့ အလုပ်သစ်အတွက်ဒီလိုညှိနှိုင်းမှုတွေမလုပ်ခင်ဘာတွေပြင်ဆင်ထားသင့်လဲဆိုတဲ့ အခြေခံကျတဲ့အချက်တွေကိုမျှဝေပေးချင်ပါတယ်နော်။ ကြိုတင်ပြင်ဆင်ပါ ဘယ်လိုညှိနှိုင်းခြင်းမျိုးမှမလုပ်ခင် ကြိုတင်ပြင်ဆင်ဖို့၊ ကြိုတင်လေ့လာဖို့တွေကအရေးအကြီးဆုံးဖြစ်ပါတယ်။ ကိုယ်လျှောက်နေတဲ့အ လုပ်က အိမ်မှာအလုပ်လုပ်ခွင့်ပေးလား၊အလုပ်ပြီးဖို့သာအဓိက ၊အချိန်ကိုညှိနှိုင်းလို့ရတဲ့အလုပ်မျိုးလား ဒါမှမဟုတ် နေ့စဥ်ရုံးတက်၊ရုံးချိန်အတိုင်းလူကရှိနေရမယ်ဆိုတာမျိုးလား ဆိုတာတွေကို ကြိုတင်လေ့လာဖို့တော့လိုပါတယ်။တချို့အလုပ်လျှောက်တဲ့သူတွေက ဒါတွေကိုသေချာမလေ့လာဘဲကိုယ်လိုချင်တာကိုပဲပြောဆိုတတ်တဲ့အလေ့ရှိတာမို့ ညှိနှိုင်းမှုဟာ အဆင်ပြေလေ့မရှိကြပါဘူး။ဒါ့ကြောင့် […]

Corporate Career တစ်ခုကိုမစတင်ခင်ဘာတွေသိထားသင့်လဲ

March 5, 2024 Aung Khant Mon 0

သင့်ကိုဘယ်သူကမှအသေးစိတ်တကူးတကပြောပြမှာမဟုတ်တဲ့ အချက်လေးတွေထဲမှာ Corporateလောကမှာ အလုပ်တစ်ခုစလုပ်ရင်ကြုံရနိုင်ခြေရှိတဲ့အချက်တွေလည်းပါဝင်ပါတယ်။ဒါတွေကိုစောစောသိခဲ့ရင်ကောင်းမှာပဲဆိုပြီး နောင်တမရရလေအောင် အခုဖော်ပြမယ့်အချက်တွေကိုကြိုတင်ဖတ်ရှုူထားနိုင်ပါပြီ။ အတင်းပြောတာလေးတွေကြုံရနိုင်တယ် ဒါတွေကတော့ အလုပ်တိုင်းလိုလိုမှာအနည်းနဲ့အများတော့ရှိကြပါတယ်။ Corporateလုပ်ငန်းခွင်တွေမှာလည်းဒီလိုပါပဲ၊ လူတိုင်းက Gossip ကိုစိတ်ဝင်စားကြပြီးဒီလိုအတင်းအဖျင်းပြောမိတဲ့အထဲမှာ ကိုယ်မပါအောင်၊ ပညာသားပါပါနဲ့ရှောင်ထွက်နိုင်အောင်၊လာပြောသမျှကို မှတ်ချက်တစ်ခုခုပေးမိတာမျိုးမဖြစ်ရအောင် ရှောင်ရှားရမှာဖြစ်ပါတယ်။ Lunch အချိန်ကိုအလေးထားပါ လုပ်ငန်းခွင်တွေတိုင်းမှာနေ့လယ်စာထမင်းစားချိန်ဟာလူမှုဆက်ဆံရေးကိုတည်ဆောက်တဲ့အချိန်ဖြစ်ပါတယ်။ ထမင်းစားရင်းစကားစ မြည်ပြောမယ်၊ အလုပ်နဲ့မပတ်သက်တာလေးတွေပြောကြမယ်၊ကိုယ့်အကြိုက်ကိုယ့်ဝါသနာလေးတွေပြောမယ် စတဲ့အချက်တွေရှိတာမို့ Lunch […]

အလုပ်မှာစိတ်ဖိစီးတဲ့အခါ ဒါတွေစားပါ

March 4, 2024 Aung Khant Mon 0

စိတ်ညစ်လာတဲ့အချိန်မှာ စားချင်ရာစားပစ်လိုက်မယ်၊သောက်ချင်ရာသောက်ပစ်လိုက်မယ်ဆိုတဲ့စိတ်တွေ အားလုံးဖြစ်ဖူးကြမှာပါ။ကာဗိုဟိုက်ဒြိတ်ကိုစားလိုက်ရင် ဦးနှောက်ကချက်ချင်းဆိုသလိုကျေနပ်စိတ်ကိုပေးပြီးဒီလိုခံစားမှုကခဏပဲရှည်ကြာတာဖြစ်ပါတယ်။ စားတာအချိန်ကြာလာတဲ့အခါကျရင်သူကသွေးတွင်းသကြားဓာတ်မြင့်မားလာစေပြီး စိတ်တိုတာ၊ စိတ်အတက်အကျမြန်တာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်အလုပ်ကြောင့်စိတ်ဖိစီးနေပြီဆိုရင် သန့်စင်ထားတဲ့ကာဗိုဟိုက်ဒြိတ်တွေကိုချည်းမစားဘဲ ခန္ဓာကိုယ်အတွက်ပိုကောင်းတာလေးတွေရွေးချယ်နိုင်ဖို့သတိထားသင့်ပါတယ်။တချို့သောအစားအသောက်တွေက ကိုယ့်ရဲ့ Happy Hormones တွေကိုတက်လာစေတာမို့ စိတ်ဖိစီး၊စိတ်ရှုပ်ရတဲ့အချိန်မျိုးတွေမှာ ရွေးချယ်ပြီးစားသောက်ဖို့သင့်တော်ပါတယ်။အရသာရှိတဲ့အစားအသောက်တွေကိုစားရတဲ့အခါဖြစ်ပေါ်လာတဲ့စိတ်ကျေနပ်မှုက စိတ်ကြည်လင်မှု၊ကျေနပ်မှု၊ တက်ကြွမှုကိုပေးနိုင်တဲ့ dopamine နဲ့ စိတ်ဖိစီးမှုကိုလျှော့ချပြီးစိတ်ခံစားချက်သက်သာလာစေတဲ့ endorphins တွေကိုထွက်ပေါ်စေနိုင်တာဖြစ်ပါတယ်။ Mood ကောင်းလာစေဖို့စားသင့်တဲ့အစားအ […]

ရက်သတ္တပတ်တစ်ခုမှာဘယ်ရက်တွေက အလုပ်အပြီးမြောက်ဆုံးလဲ

March 2, 2024 Aung Khant Mon 0

တချို့ရက်တွေမှာ အလုပ်တွေအများကြီးကို လွယ်လွယ်ကူကူပြီးစီးပြီးတော့တချို့ရက်တွေမှာကျတော့အလုပ်တွေပြီးဖို့ အားစိုက်ထုတ်နေရတာကိုအားလုံးပဲသတိထားမိကြမယ်ထင်ပါတယ်။ဒီလိုဖြစ်တာကကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အလုပ်လုပ်နေတဲ့သူတိုင်းလိုလိုပဲဒီလိုဖြစ်ကြပါတယ်။ လေ့လာသူတွေက ရက်သတ္တပတ်တစ်ခုမှာ ဘယ်ရက်တွေကအလုပ်အပြီးမြောက်ဆုံးလဲ၊ Productive အဖြစ်ဆုံးလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။အလုပ်တွေပြီးမြောက်စေဖို့၊ ကိုယ့်ရဲ့ Productivity ကိုမြှင့်တင်ဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာကိုလည်းတစ်ပါတည်းမျှဝေပေးချင်ပါတယ်။ လေ့လာမှုသုံးခုရဲ့အဆိုအရ တနင်္လာနဲ့အင်္ဂါနေ့တွေဟာ အလုပ်အပြီးမြောက်ဆုံးနေ့၊ Productive အဖြစ်ဆုံးနေ့တွေလို့ တူညီစွာပဲဖော်ပြကြပါတယ်။ အဲဒီနှစ်ရက်ဟာ လုပ်ငန်းခွင်မှာအလုပ်အရှုပ်ဆုံးနေ့တွေလည်းဖြစ်တယ်လို့ ဝန်ထမ်းတွေကဆိုကြပါတယ်။ ဒီရက်တွေဟာ […]

ခေါင်းဆောင်မှန်းတန်းသိစေနိုင်တဲ့ကိုယ်ဟန်အမူအရာ 5 ချက်

February 29, 2024 Aung Khant Mon 0

လူအချင်းချင်းဆက်သွယ်မှုရဲ့ 90 ရာခိုင်နှုန်းဟာစကားမဟုတ်ဘူးလို့ လေ့လာသူတွေကဆိုကြပါတယ်။ဒီအယူအဆဟာဘယ်ကဆင်း သက်လာတာလဲဆိုရင်တော့ 1990 ခုနစ်အလယ်ပိုင်းမှာ Body Language Researcher ဖြစ်တဲ့ Albert Mehrabian ဆီကနေဆင်းသက်လာတာဖြစ်ပါတယ်။ကိုယ်ပြောတဲ့စကားလုံးတွေဟာ ဆက်သွယ်မှုရဲ့ 7% သာဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။ 38% ကတော့အသံနေ အသံထားဖြစ်ပါတယ်။ ကျန်တဲ့ 55% ကတော့ Body […]

အလုပ်အင်တာဗျူးအတွက် Chat GPT ကိုထိထိရောက်ရောက်အသုံးချနည်း

February 28, 2024 Aung Khant Mon 0

အလုပ်ရဖို့အတွက်အပြိုင်အဆိုင်တွေများနေတဲ့ဒီဘက်ခေတ်မှာ Chat GPT ကိုအသုံးချပြီးအကောင်းဆုံးပြင်ဆင်နိုင်ပါတယ်။ ကိုယ့်အ တွက်အသုံးဝင်တဲ့နည်းပညာတွေ၊ Tools တွေကိုကောင်းကောင်းအသုံးချတတ်ခြင်းကလည်း Skills တစ်ခုပါပဲ။ ကုမ္ပဏီကို Research လုပ်ခြင်းကနေအကောင်းဆုံးသောအဖြေတွေကိုရှာဖွေနိုင်တဲ့အထိ Chat GPT ကိုအသုံးချနိုင်ပါတယ်။အခုကတော့ Chat GPT ကိုဘယ် လိုနေရာတွေမှာသုံးမလဲ၊ဘယ်လိုမေးမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်။ တစ်ခုခုကို Research လုပ်ဖို့ Chat GPT […]

အရောင်ကျွမ်းကျင်သူတွေပြောပြတဲ့ အင်တာဗျူးဖြေချိန်ဝတ်သွားသင့်တဲ့ အရောင် 6 ရောင်

February 27, 2024 Aung Khant Mon 0

နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ Business Insider အနေနဲ့ အလုပ်အင်တာဗျူးဖြေတဲ့အချိန်မှာဘာအရောင်တွေဝတ်ဆင်သင့်လဲဆိုတာကို အရောင်ကျွမ်းကျင်သူနှစ်ဦးကို မေးမြန်းခဲ့ကြပါတယ်။ Color Expert တွေပြောပြတဲ့ အလုပ်အင်တာဗျူးအတွက်အလိုက်ဖက်အသင့်တော်ဆုံးအရောင်တွေအကြောင်းကိုသူတို့ရဲ့အားသာချက်တွေနဲ့တကွဖော်ပြပေးလိုက်ပါတယ်။ ပေါ့ပါးသွက်လက်စေတဲ့ပန်းရောင်ဖျော့ ကိုယ်တိုင်သာမက အင်တာဗျူးမေးသူကိုရော ပေါ့ပေါ့ပါးပါးဖြစ်စေချင်တဲ့အခါပန်းရောင်ဝတ်ဆင်တာက အကောင်းဆုံးဖြစ်ပါတယ်လို့ Color911 app ကိုဖန်တီးသူ၊အရောင်ကျွမ်းကျင်သူလည်းဖြစ်တဲ့ Amy Wax ကပြောပါတယ်။ စကားပြောဆိုရအဆင်ပြေတယ်၊ပေါ့ပေါ့ ပါးပါးသွက်သွက်လက်လက်ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးကို […]

သင့်ကိုစည်းကမ်းကောင်းလွန်းသူလို့ သိစေနိုင်တဲ့ မနက်ခင်းအလေ့အထများ

February 24, 2024 Aung Khant Mon 0

မနက်ခင်းကိုဖြတ်သန်းပုံတွေက သင်စည်းကမ်းကောင်းသူဟုတ် မဟုတ်၊ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်သူဟုတ် မဟုတ်ညွှန်ပြနိုင်ပါတယ်။စိတ်ကိုထိန်းချုပ်နိုင်တာ၊ ကိုယ်ကိုယ့်ကိုယ်စည်းကမ်းသတ်မှတ်ပြီး လက်တွေ့လိုက်နာနိုင်တာတွေက သင့်ကိုအောင်မြင်မှုလမ်းကြောင်းပေါ်တွန်းပို့နိုင်ပါလိမ့်မယ်။ မနက်ခင်းတိုင်းမှာ ဒီအလေ့အကျင့်တွေကို မပျက်မကွက်လုပ်နိုင်သူတွေကို စည်းကမ်းမြင့်မားသူအဖြစ် ယေဘုယျသတ်မှတ်ကြပါတယ်။ ၁. စောစောထခြင်း မနက်စောစောထလေ့ရှိတဲ့သူဟာ နောက်ကျမှထသူထက်၂၄ နာရီကိုပိုမိုပိုင်ဆိုင်ရသလို ခံစားရပါလိမ့်မယ်။ မနက်ခင်းမှာတင်လေ့ကျင့်ခန်းလုပ်၊ မနက်စာစား၊ အရေးကြီးသတင်းတွေဖတ် စတဲ့အရာတွေကို လုပ်နိုင်တဲ့အတွက် […]

ကိုယ့်ရဲ့ Career ကိုမထိခိုက်စေဘဲငြင်းဆန်ရဲစေဖို့

February 23, 2024 Aung Khant Mon 0

ကိုယ့်မှာအလုပ်တာဝန်တွေများပြားပြီး Limit ကျော်နေတာတောင် အလုပ်တွေထပ်ခိုင်းချင်နေတဲ့ အထက်လူကြီးတွေနဲ့ ကြုံဖူးကြမှာပါ။ အလုပ်တစ်ခုမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကျော်သွားတဲ့အခါ စိတ်ပင်ပန်းတာ စိတ်ဖိစီးတာ စိုးရိမ်တာတွေကြုံလာရမှာသဘာဝပါ။အထူးသ ဖြင့်အမျိုးသမီးတွေဆီမှာအလုပ်တာဝန်ပိုပိလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေဟာ ရုံးအလုပ်အပြင် အိမ်အလုပ်တွေပါရှိနေသေးတာမို့ ပင်ပန်းတဲ့ဒဏ်ကိုပိုခံရပါတယ်။ ဒါကို မန်နေဂျာက အလုပ်တွေထပ်ထပ်ခိုင်းတဲ့အခါ ပိုပြီးစိတ်ဖိစီးမှုခံစားရပါတယ်။ ဒါ့ကြောင့်‌အလုပ်မှာအကန့်အသတ်ဘောင်လေးတွေဘယ်လိုထားမလဲ၊ ခိုင်းကောင်းလို့ ခိုင်းခံနေရတာမျိုးမဖြစ်ရအောင် […]