အလုပ်အင်တာဗျူး အောင်ဖို့ ဘာတွေ လိုအပ်မလဲ

March 4, 2025 thansoe 0

အလုပ်အင်တာဗျူးဆိုတာ အလုပ်လျှောက်ထားသူနဲ့ အလုပ်ရှင်တို့ရဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံမှုပါ။ ဒီတွေ့ဆုံမှုမှာ သင်က အလုပ် ရှင်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အရည်အချင်းတွေပိုင်ဆိုင်ထားကြောင်း ပြသနိုင်ဖို့က အဓိက အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။အလုပ်အင်တာဗျူး အောင်မြင်ဖို့အတွက် ဘယ်လိုအချက်တွေလိုအပ်မလဲဆိုတာကိုမျှဝေပေးသွားချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ပါ ကြိုတင်ပြင်ဆင်မှုလုပ်ဆိုတဲ့နေရာမှာ ပထမဆုံးအချက်ကတော့ ကုမ္ပဏီအကြောင်းသေသေချာချာလေ့လာဖို့ပါပဲ။ သမိုင်းကြောင်း၊ လုပ် ငန်းဆောင်ရွက်မှုတွေ၊ […]

ငွေစုခြင်း အတတ်ပညာ (၈)ခု

March 4, 2025 thansoe 0

ငွေစုခြင်းက ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်တယ်ဆိုတာသင်သိပါသလား။ ဒီခေါင်းစဉ်ကိုမြင်ပြီးတော့ သုံးဖို့တောင် မလောက်တာ ဘယ်လိုငွေစုမလဲလို့ပထမဆုံးသင်တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ ငွေစုတာက အတတ်ပညာတခုပါပဲ။ ဒီဆောင်းပါးက ငွေစုတာအတွက် အသုံးဝင်တဲ့ အကြံပြုချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဘတ်ဂျက်တစ်ခု ရေးဆွဲပါ ပထမဆုံး ငွေစုမယ်ဆိုရင် ကိုယ့်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းပြုစုတာကနေဘတ်ဂျက်တစ်ခုကို စတင်နိုင်ပါတယ်။ […]

အလုပ်ခွင်မှာ ဆိုးရွားတဲ့ လုပ်ဖော်ကိုင်ဖက်ကို ဘယ်လို ရင်ဆိုင်မလဲ

March 4, 2025 thansoe 0

အလုပ်ခွင်မှာ လူတိုင်းနဲ့ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ဒီလိုမလွယ်ကူတဲ့အပြင် တခါတရံမှာ ဆိုးရွားတဲ့ အပြုအမူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ကြုံရတတ်ပါတယ်။ သူတို့ရဲ့ အပြုအမူတွေက သင့်ရဲ့ လုပ်ငန်းခွင် စိတ်ကျေနပ်မှုကိုထိခိုက်စေနိုင်ပြီး အလုပ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့်ဆိုးရွားတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ တွေ့တဲ့အခါ ဘယ်လိုရင် ဆိုင်မလဲဆိုတာကို သိထားဖို့အရေးကြီးပါတယ်။ သူတို့ရဲ့ အပြုအမူကို […]

အလုပ်အင်တာဗျူးတွေမှာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်ကို ဘာကြောင့်မေးသလဲ

February 2, 2025 Aung Khant Mon 0

အလုပ်လျှောက်သူအများစုအတွက် အင်တာဗျူးဖြေရတာက အလုပ်ရှာခြင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုအများဆုံးအပိုင်းလည်းဖြစ်ပါတယ်။ အင်တာဗျူးတွေကစိန်ခေါ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုကတော့ အင်တာဗျူးတွေမှာ မေးလေ့ရှိတဲ့မေးခွန်းတွေဟာ hard skills တွေကို စစ်ဆေးတာမျိုးမဟုတ်ဘဲ လူအများစုရဲ့ ပြုမူပုံ၊တုံ့ပြန်ပုံတွေကို စစ်ဆေးတာမျိုးဖြစ်ပြီး “အကောင်းဆုံးအဖြေ ဆိုတာမျိုးလည်းမရှိတာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ LinkedIn ရဲ့ 2024 Global Talent Trends အစီရင်ခံစာအရ […]

ဝန်ထမ်းတွေကြောက်တဲ့ Family Type

January 8, 2025 Aung Khant Mon 0

တချို့အလုပ်တွေရှိပါတယ်။ ငါတို့အလုပ်က Family type (မိသားစုပုံစံလုပ်ငန်းခွင်)ပုံစံသွားတာမျိုးဆိုပြီး ပြောလေ့ရှိကြပါတယ်။ မြန်မာ့လုပ်ငန်းခွင်မှာတော့ အဲဒီ Family typeဆိုတဲ့ စကားက လုပ်ငန်းခွင်ခေါင်းပုံဖြတ်မှုတွေဆီကိုပဲ အများစုကဦးတည်သွားသလိုဖြစ်နေပါတယ်။ နိုင်ငံတကာလည်းမိသားစုပုံစံလုပ်ငန်းခွင်ယဉ်ကျေးမှုကိုအလေးပေးပေမဲ့ ချဉ်းကပ်ပုံနဲ့အကောင်အထည်ဖော်မှုအတိုင်းအတာမှာ ကွဲပြားနိုင်ပါတယ်။သူတို့နိုင်ငံတွေမှာ သုံးတဲ့ Family type လုပင်နး်ခွင်ဆိုတာက ဝန်ထမ်းများကြားမှာ ခိုင်မာတဲ့ဆက်ဆံရေး၊ အပြန်အ လှန်ပံ့ပိုးကူညီမှုနဲ့ ပေါင်းသင်းဆက်ဆံရေးကို […]

ထိုက်တန်တဲ့လစာရရှိမှုရဲ့ အကျိုးသက်ရောက်မှု (၅)ခု

January 8, 2025 Aung Khant Mon 0

အလုပ်ထဲမှာ ကိုယ်က ကြိုးစားရင် ကြိုးစားသလောက်ကို ကိုယ့်တန်ဖိုးကိုသိတဲ့ အလုပ်ရှင်တွေနဲ့တွေ့ရပြီဆိုရင် အဲဒီလူက ဒီအချက်တွေကို ခံစားရနိုင်ပါတယ်။ အဖွဲ့အစည်းတခု၊ ကုမ္ပဏီတခုမှာကိုယ့်တန်ဖိုးနဲ့ညီမျှတဲ့ လစာငွေရရှိတာက ဒီအရာတွေကို အဓိကသက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ဝန်ထမ်းများရဲ့ စိတ်ဓာတ်မြှင့်တင်ပေးတာ အလုပ်ထဲမှာ ကိုယ့်ကြိုးစားရင် ကြိုးစားသလို ထိုက်တန်တဲ့ လစာရတာရဲ့အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတခုကတော့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးတာပါပဲ။ ဝန်ထမ်းများက […]

Leadership Training ရဲ့ အကျိုးကျေးဇူး (၅)ခု

December 21, 2024 Aung Khant Mon 0

Leadership Training ဆိုတာက ဆုံးဖြတ်ချက်ချတဲ့အခါ၊ ဆက်သွယ်တာ၊ ပြဿနာဖြေရှင်းတာနဲ့လိုက်လျောညီထွေရှိမှုစတဲ့ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်ပေးတဲ့ပရိုဂရမ်များ၊ သင်တန်းများကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီ Leadership Training ရဲ့အကျိုးကျေးဇူး ငါးခုကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ဝန်ထမ်းအား ထိန်းသိမ်းရာမှာ ကူညီပေးတာ Leadership Training ရဲ့ အကျိုးကျေးဇူး နံပါတ်တစ်ကတော့ ဝန်ထမ်းတွေကိုအလုပ်မှာမြဲအောင် […]

Toxic ခေါင်းဆောင်မှုဆိုတာ ဘာလဲ

December 16, 2024 Aung Khant Mon 0

အဖျက်သဘောဆောင်တဲ့ ဦးဆောင်မှုအောက်မှာ အလုပ်လုပ်ရတာကစိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်သာ ခက်ခဲတာမဟုတ်ပါဘူး။ အသင်းတစ်သင်းလုံးရဲ့စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ Toxic ခေါင်းဆောင်များက သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုသာ အာရုံ စိုက်လေ့ရှိတာကြောင့် အဖွဲ့ရဲ့ ပျော်ရွှင်တက်ကြွစွာအလုပ်လုပ်မှုတွေကို အာရုံစိုက်လေ့မရှိပါဘူး။ Toxic ဖြစ်စေတဲ့ ခေါင်းဆောင်မှုပုံစံက ဘယ်လိုမျိုးဖြစ်မလဲ။ လုပ်ငန်းခွင်ထဲမှာအဆိပ်အတောက်ဖြစ်စေတဲ့ ခေါင်းဆောင်မှုက အဖွဲ့ဝင်များနဲ့ လုပ်ငန်းခွင်တခုကို ထိခိုက်စေတဲ့ခေါင်းဆောင်မှုအမျိုးအစားဖြစ်ပါတယ်။ ဒါက ခေါင်းဆောင်ရဲ့ […]

ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ လက္ခဏာ (၅)ချက်

December 13, 2024 Aung Khant Mon 0

ထူးချွန်တဲ့ခေါင်းဆောင်တယောက်မှာရှိသင့်တဲ့အရည်အချင်းတွေရှိသလိုပဲညံ့ဖျင်းတဲ့ခေါင်းဆောင်တွေမှာလည်း သူ့ရဲ့ ကြန်အင်လက္ခဏာတွေရှိပါတယ်။ဘယ်အချက်တွေက ညံ့ဖျင်းတဲ့ခေါင်းဆောင်ဖြစ်စေသလဲဆိုတာကို ကြည့်ကြရအောင်ပါ။ အမြော်အမြင်မရှိတာ ဒီအချက်က အရေးအကြီးဆုံးအချက်ပါပဲ။ ခေါင်းဆောင်က လူတိုင်းလုပ်လို့ရပါတယ်။ ဒါပေမဲ့ဉာဏ်အမြော်အမြင်ကတော့‌ ခေါင်းဆောင်တိုင်းမှာ မရှိနိုင်ပါဘူး။ ကိုယ့်လုပ်ငန်းရဲ့မဟာဗျူဟာပန်းတိုင်များကို မောင်းနှင်ဖို့အတွက် ရည်ရွယ်ချက်တခုရှိဖို့လိုအပ်ပါတယ်။ဝန်ထမ်းများကို တာဝန်ပေးအပ်တာတွေရဲ့ နောက်ကွယ်မှာရှင်းလင်းပြတ်သားတဲ့အမြင်မျိုးမရှိပါက သူတို့ရဲ့အထက်အရာရျိကိုယုံကြည်မှုပျောက် ဆုံးသွားကြမှာပါ။ ရလဒ်များ မထုတ်ပေးနိုင်တာ ဒီအချက်က ရိုးရှင်းပါတယ်။ ခေါင်းဆောင်ဆိုတာ […]

ရာသီခွင်တွေထဲမှာ စတိုင်အကျဆုံး ရာသီခွင် (၄)ခု

December 13, 2024 Aung Khant Mon 0

သင်ဟာ စတိုင်လ်နဲ့ပတ်သက်ရင် အတုယူစရာတွေကို အမြဲရှာဖွေနေသူတစ်ယောက်လား။မင်းရဲ့ရာသီခွင်နိမိတ်က မင်းရဲ့ဖက်ရှင်ရွေးချယ်မှုကို အနည်းနဲ့အများတော့သက်ရောက်နိုင်တယ်ဆိုတာ သိပါရဲ့လား။ အခုဖော်ပြပေးမယ့် ရာသီခွင်တွေကတော့ဖက်ရှင်နဲ့ပတ်သက်ရင် စတိုင်လ်ကျတဲ့ ရာသီခွင်လေးခုပဲဖြစ်ပါတယ်။ Leo Leos တွေက သွားလေရာမျာ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို အားစိုက်မထုတ်ရဘဲရလာကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ဖက်ရှင်ရွေးချယ်မှုမှာလည်း ယုံကြည်မှုနဲ့ဆွဲဆောင်မှုတို့ကြောင့် တောက်ပနေတတ်ပါတယ်။ ထည်ဝါတဲ့ ဖက်ရှင်တွေနဲ့စွဲမက်ဖွယ်အသုံးအဆောင်များအထိ လီယိုတွေက […]