နာမည်ကြီး The Notebook ရုပ်ရှင်ကားမှာပါဝင်ခွင့်ရဖို့ ကြိုးစားခဲ့ဖူးတဲ့ ဘရစ်တနီစပီးယားစ်

ဘရစ်တနီစပီးယားစ်ဟာ အမြတ်ငွေများစွာပိုင်ဆိုင်နိုင်ခဲ့တဲ့နာမည်ကြီးရုပ်ရှင်ကား The Notebook မှာပါဝင်ခွင့်ရဖို့အတွက် အစမ်းသရုပ် ဆောင်ခြင်း (Audition) ဝင်ခဲ့ဖူးတယ်လို့ ဖွင့်ဟပါတယ်။ သူမက Ryan Gosling နဲ့အတူအစမ်းသရုပ်ဆောင်ခဲ့ရတာဖြစ်ပြီးအရမ်းကိုစိတ်လှုပ်ရှားစရာဇာတ်ဝင်ခန်းကိုဖတ်တဲ့အချိန်မှာ မျက်ရည်ကျခဲ့ဖူးတယ်လို့ သူမကဆိုပါတယ်။အဲဒီအချိန်ကသူမအသက် ၂၁ နှစ်သာရှိသေးပြီး ဒီလိုကြိုးစားခဲ့ဖူးကြောင်းကို ဆယ်စုနှစ် ၂ စုကြာဖုံးထားခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားအတွက် ဒါရိုက်တာ Matthew Barry က အဓိကလူရွေးချယ်တာဖြစ်ပါတယ်။ ဒါရိုက်တာကဘရစ်တနီရဲ့သရုပ်ဆောင်ပုံကိုကြည့်ပြီး ပယ်ချလိုက်တယ်လို့သိရပါတယ်။ The Notebook အတွက်တခြားသောမင်းသမီးတွေဖြစ်တဲ့ စကားလက်ဂျိုဟင်န်ဆန်၊ အေမီအဒမ်စ်၊ ဂျက်ဆီကာဘီးလ်နဲ့ခလဲယားလ်ဒိန်းစ်တို့လည်း Audition ဝင်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံးမှာ Rachel McAdams ကိုအဓိ ကအမျိုးသမီးဇာတ်ဆောင်အဖြစ်ရွေးချယ်လိုက်တာဖြစ်ပါတယ်။လက်ရှိမှာ ဘရစ်တနီဟာ သူမရဲ့ကိုယ်ရေးမှတ်တမ်း The Woman in Me စာအုပ်ကိုထုတ်လုပ်ဖြန့်ချိထားပြီး အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ရဲ့ အချစ်ရေး၊ဘဝအခက်အခဲ၊ ရှုံးနိမ့်မှုနဲ့ စိတ် ကျဝေဒနာတွေကနေ ဘယ်လိုရှင်သန်အောင်ကြိုးစားခဲ့သလဲဆိုတာတွေကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ရေးသားထားတာမို့ စိတ်ဝင်စားသူများပြားနေပါတယ်။

Ju Ju

zawgyi

ဘရစ္တနီစပီးယားစ္ဟာ အျမတ္ေငြမ်ားစြာပိုင္ဆိုင္ႏိုင္ခဲ့တဲ့နာမည္ႀကီး႐ုပ္ရွင္ကား The Notebook မွာပါဝင္ခြင့္ရဖို႔အတြက္ အစမ္းသ႐ုပ္ ေဆာင္ျခင္း (Audition) ဝင္ခဲ့ဖူးတယ္လို႔ ဖြင့္ဟပါတယ္။ သူမက Ryan Gosling နဲ႔အတူအစမ္းသ႐ုပ္ေဆာင္ခဲ့ရတာျဖစ္ၿပီးအရမ္းကိုစိတ္လႈပ္ရွားစရာဇာတ္ဝင္ခန္းကိုဖတ္တဲ့အခ်ိန္မွာ မ်က္ရည္က်ခဲ့ဖူးတယ္လို႔ သူမကဆိုပါတယ္။အဲဒီအခ်ိန္ကသူမအသက္ ၂၁ ႏွစ္သာရွိေသးၿပီး ဒီလိုႀကိဳးစားခဲ့ဖူးေၾကာင္းကို ဆယ္စုႏွစ္ ၂ စုၾကာဖုံးထားခဲ့တာျဖစ္ပါတယ္။

ဒီဇာတ္ကားအတြက္ ဒါ႐ိုက္တာ Matthew Barry က အဓိကလူေ႐ြးခ်ယ္တာျဖစ္ပါတယ္။ ဒါ႐ိုက္တာကဘရစ္တနီရဲ႕သ႐ုပ္ေဆာင္ပုံကိုၾကည့္ၿပီး ပယ္ခ်လိုက္တယ္လို႔သိရပါတယ္။ The Notebook အတြက္တျခားေသာမင္းသမီးေတြျဖစ္တဲ့ စကားလက္ဂ်ိဳဟင္န္ဆန္၊ ေအမီအဒမ္စ္၊ ဂ်က္ဆီကာဘီးလ္နဲ႔ခလဲယားလ္ဒိန္းစ္တို႔လည္း Audition ဝင္ခဲ့ၾကတာျဖစ္ပါတယ္။ ေနာက္ဆုံးမွာ Rachel McAdams ကိုအဓိ ကအမ်ိဳးသမီးဇာတ္ေဆာင္အျဖစ္ေ႐ြးခ်ယ္လိုက္တာျဖစ္ပါတယ္။လက္ရွိမွာ ဘရစ္တနီဟာ သူမရဲ႕ကိုယ္ေရးမွတ္တမ္း The Woman in Me စာအုပ္ကိုထုတ္လုပ္ျဖန႔္ခ်ိထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့အႏုပညာရွင္တစ္ေယာက္ရဲ႕ အခ်စ္ေရး၊ဘဝအခက္အခဲ၊ ရႈံးနိမ့္မႈနဲ႔ စိတ္ က်ေဝဒနာေတြကေန ဘယ္လိုရွင္သန္ေအာင္ႀကိဳးစားခဲ့သလဲဆိုတာေတြကိုပြင့္ပြင့္လင္းလင္းထုတ္ေဖာ္ေရးသားထားတာမို႔ စိတ္ဝင္စားသူမ်ားျပားေနပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*