အလုပ်အင်တာဗျူးအတွင်းဂရုစိုက်နားထောင်ရမယ့်အရာ ၃ ခု

တခြားသောစကားပြောဆိုမှုပုံစံတွေနဲ့မတူဘဲ အင်တာဗျူးဆိုတာက နှစ်လမ်းသွားဖြစ်ပါတယ်။ကိုယ်ဘာတွေပြောသလဲဆိုတာက အရေး ကြီးသလိုပဲ ကိုယ်ဘယ်လိုနားထောင်နေသလဲဆိုတာကလည်းအရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ မန်နေဂျာနေရာအတွက်အင်တာ ဗျူးတယ်ဆိုတာကကားဒရိုင်ဘာတစ်ယောက်ခန့်ဖို့အတွက်အင်တာဗျူးတာနဲ့ဘယ်လိုမှတူညီနိုင်မှာမဟုတ်ပါဘူး။အင်တာဗျူးသူက ကိုယ်ပြောနေတာကိုစိတ်ဝင်စားရဲ့လား၊ ကိုယ့်ကိုမျက်လုံးချင်းဆုံရဲ့လား၊သူ့ခေါင်းကိုညိတ်ရဲ့လား စတဲ့အချက်တွေနဲ့ကိုယ့်ကိုစိတ်ဝင်စားမှုရှိ၊မရှိဆိုတာကိုအလွယ်တကူအကဲဖြတ်နိုင်ပါတယ်။ ဒါတွေအားလုံးကိုအင်တာဗျူးသူကလုပ်ဆောင်တယ်၊အခြေအနေကောင်းတယ်ဆိုပေမယ့် တချို့အချိန်တွေမှာသူပြောတာကိုကိုယ်က ပုံမှန်ထက်ပိုပြီးအာရုံစိုက်နားထောင်ရမယ့်အခြေအနေတွေရှိလာတတ်ပါတယ်။အဲဒီလို ကိုယ့်ဘက်ကအာရုံစိုက်ပေးသင့်တဲ့အခြေအနေတွေက ဘာတွေများဖြစ်မလဲ။

ကွယ်ဝှက်ထားတဲ့မေးခွန်းတွေ
အင်တာဗျူးမေးခွန်းတွေတိုင်းက ရိုးရှင်းလွယ်ကူနေတာမျိုးတော့မဟုတ်ပါဘူး။ အင်တာဗျူးသူကကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံ၊ကျွမ်း ကျင်မှုတွေကိုပဲသိချင်တာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့အတွေး၊ခံယူချက်နဲ့ သဘောထားတွေကိုလည်းသိချင်ကြပါတယ်။ ဒါတွေကိုသိမှကိုယ်ဟာဒီကုမ္ပဏီနဲ့သင့်တော်၊မတော်၊ Company Culture နဲ့အံဝင်ခွင်ကျရှိ၊မရှိကို သိနိုင်မှာဖြစ်ပါတယ်။ဒီလိုသိရှိပြီးမှသာ အလုပ်ခန့်ဖို့ဆုံး ဖြတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်မေးခွန်းတိုင်းကို ဂရုစိုက်နားထောင်ပေးဖို့လိုပါတယ်။ မေးခွန်းတိုင်းကိုမစဉ်းစားဘဲဖြေလိုက်တာထက် မေးခွန်းတစ်ခုရဲ့နောက်ကွယ်ကကွယ်ဝှက်ထားတဲ့အရာတွေကိုစဉ်းစားပြီး ဖြေသင့်ပါတယ်။ ဖိအားတွေအောက်မှာအလုပ်လုပ်နိုင်လား၊
ကိုယ်မျှော်မှန်းထားသလိုအခြေအနေမျိုးဖြစ်မလာရင်ဘာလုပ်မလဲဆိုတဲ့မေးခွန်းမျိုးတွေလည်းပါလာတတ်တာမို့မေးခွန်းတိုင်းကိုဂရုစိုက်နားထောင်၊မြန်မြန်စဉ်းစားပြီး ပါးပါးနပ်နပ်ဖြေတတ်ဖို့လိုပါတယ်။

အမေးအဖြေထက်ပိုသောဆွေးနွေးမှုတွေ
အင်တာဗျူးတိုင်းဟာ တစ်ခွန်းမေးလိုက်၊ တစ်ခွန်းဖြေလိုက်ဆိုတဲ့ပုံစံထက်ပိုတတ်ပါတယ်။ဖြစ်ရပ်တစ်ခုအပေါ်သူ့အမြင်၊ ကိုယ့်အမြင်ဆွေးနွေးကြတာမျိုးလည်းပါနိုင်သလိုသဘောထားမတူညီမှုတွေလည်းပါနိုင်ပါတယ်။ တကယ့်ကိုကျေနပ်ဖွယ်ကောင်းတဲ့အင်တာဗျူးဟာ
ဒီလိုအချက်လေးတွေပါနိုင်တာမို့ ကိုယ့်ဘက်ကလည်းကောင်းမွန်တဲ့ဦးဆောင်မေးခွန်းတွေပြန်မေးနိုင်ပါတယ်။ အင်တာဗျူးသူကကိုယ်နဲ့စကားပြောနေရင်းအလုပ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ကနဦးမေးခွန်းကိုမေ့သွားတဲ့အခါကိုယ်ကဒီမေးခွန်းကိုပြန်အစဖော်ပေးတာမျိုး လုပ်နိုင်ရပါမယ်။ သူ့အပေါ်ကို ကိုယ့်ဘက်ကအပြည့်အဝအာရုံစိုက်ပေးထားရမှာဖြစ်ပါတယ်။

ကိုယ့်အပေါ်အာရုံစိုက်မှု ရှိ၊မရှိ
ကိုယ့်ရဲ့အဖြေတွေကို အင်တာဗျူးသူက စိတ်ဝင်စားသေးရဲ့လား၊ အာရုံစိုက်နေသေးရဲ့လားဆိုတာကိုအကဲဖမ်းတတ်ဖို့လိုပါလိမ့်မယ်။ တ ကယ်လို့သူ့ဘက်က အာရုံမစိုက်နိုင်တော့သလိုဖြစ်လာတယ်ဆိုရင်ကိုယ်ကအဖြေကိုတိုတိုနဲ့ရှင်းရှင်းဖြေနိုင်ဖို့လိုပါတယ်။ ဒါမှမဟုတ် စိတ် ဝင်စားလောက်တဲ့အကြောင်းအရာဘက်ကို လှည့်ပြောင်းပြောနိုင်ပါတယ်။ကိုယ့်ဘက်ကအလုပ်နဲ့ပတ်သက်တဲ့မေးခွန်းစမေးပြီး အာ ရုံစိုက်မှုပြန်ရအောင်ဆွဲခေါ်တာမျိုးကိုလည်းလုပ်နိုင်ပါတယ်။အရေးကြီးတဲ့မက်ဆေ့ချ်တွေ၊ အီးမေးလ်တွေကြောင့်သူအာရုံများသွားတဲ့အခါမျိုးမှာ ကိုယ်ကသူဘာပြောနေတယ်၊ ဘာမေးနေတယ်ဆိုတာကိုပြန်ပြီးအစကောက်ပေးနိုင်ပါတယ်။ဒီအချက်တွေကတော့ အင်တာဗျူးနေတဲ့အချိန်အတွင်းမှာ ဂရုစိုက်နားထောင်ရမယ့်အခြေအနေ ၃ ရပ်ဖြစ်ပါတယ်။

Ju Ju

zawgyi

တျခားေသာစကားေျပာဆိုမႈပုံစံေတြနဲ႔မတူဘဲ အင္တာဗ်ဴးဆိုတာက ႏွစ္လမ္းသြားျဖစ္ပါတယ္။ကိုယ္ဘာေတြေျပာသလဲဆိုတာက အေရး ႀကီးသလိုပဲ ကိုယ္ဘယ္လိုနားေထာင္ေနသလဲဆိုတာကလည္းအေရးႀကီးတဲ့အခ်က္တစ္ခုပဲျဖစ္ပါတယ္။ မန္ေနဂ်ာေနရာအတြက္အင္တာ ဗ်ဴးတယ္ဆိုတာကကားဒ႐ိုင္ဘာတစ္ေယာက္ခန႔္ဖို႔အတြက္အင္တာဗ်ဴးတာနဲ႔ဘယ္လိုမွတူညီႏိုင္မွာမဟုတ္ပါဘူး။အင္တာဗ်ဴးသူက ကိုယ္ေျပာေနတာကိုစိတ္ဝင္စားရဲ႕လား၊ ကိုယ့္ကိုမ်က္လုံးခ်င္းဆုံရဲ႕လား၊သူ႔ေခါင္းကိုညိတ္ရဲ႕လား စတဲ့အခ်က္ေတြနဲ႔ကိုယ့္ကိုစိတ္ဝင္စားမႈရွိ၊မရွိဆိုတာကိုအလြယ္တကူအကဲျဖတ္ႏိုင္ပါတယ္။ ဒါေတြအားလုံးကိုအင္တာဗ်ဴးသူကလုပ္ေဆာင္တယ္၊အေျခအေနေကာင္းတယ္ဆိုေပမယ့္ တခ်ိဳ႕အခ်ိန္ေတြမွာသူေျပာတာကိုကိုယ္က ပုံမွန္ထက္ပိုၿပီးအာ႐ုံစိုက္နားေထာင္ရမယ့္အေျခအေနေတြရွိလာတတ္ပါတယ္။အဲဒီလို ကိုယ့္ဘက္ကအာ႐ုံစိုက္ေပးသင့္တဲ့အေျခအေနေတြက ဘာေတြမ်ားျဖစ္မလဲ။

ကြယ္ဝွက္ထားတဲ့ေမးခြန္းေတြ
အင္တာဗ်ဴးေမးခြန္းေတြတိုင္းက ႐ိုးရွင္းလြယ္ကူေနတာမ်ိဳးေတာ့မဟုတ္ပါဘူး။ အင္တာဗ်ဴးသူကကိုယ့္ရဲ႕လုပ္ငန္းအေတြ႕အႀကဳံ၊ကြၽမ္း က်င္မႈေတြကိုပဲသိခ်င္တာမ်ိဳးမဟုတ္ဘဲ ကိုယ့္ရဲ႕အေတြး၊ခံယူခ်က္နဲ႔ သေဘာထားေတြကိုလည္းသိခ်င္ၾကပါတယ္။ ဒါေတြကိုသိမွကိုယ္ဟာဒီကုမၸဏီနဲ႔သင့္ေတာ္၊မေတာ္၊ Company Culture နဲ႔အံဝင္ခြင္က်ရွိ၊မရွိကို သိႏိုင္မွာျဖစ္ပါတယ္။ဒီလိုသိရွိၿပီးမွသာ အလုပ္ခန႔္ဖို႔ဆုံး ျဖတ္ၾကတာျဖစ္ပါတယ္။ဒါေၾကာင့္ေမးခြန္းတိုင္းကို ဂ႐ုစိုက္နားေထာင္ေပးဖို႔လိုပါတယ္။ ေမးခြန္းတိုင္းကိုမစဥ္းစားဘဲေျဖလိုက္တာထက္ ေမးခြန္းတစ္ခုရဲ႕ေနာက္ကြယ္ကကြယ္ဝွက္ထားတဲ့အရာေတြကိုစဥ္းစားၿပီး ေျဖသင့္ပါတယ္။ ဖိအားေတြေအာက္မွာအလုပ္လုပ္ႏိုင္လား၊
ကိုယ္ေမွ်ာ္မွန္းထားသလိုအေျခအေနမ်ိဳးျဖစ္မလာရင္ဘာလုပ္မလဲဆိုတဲ့ေမးခြန္းမ်ိဳးေတြလည္းပါလာတတ္တာမို႔ေမးခြန္းတိုင္းကိုဂ႐ုစိုက္နားေထာင္၊ျမန္ျမန္စဥ္းစားၿပီး ပါးပါးနပ္နပ္ေျဖတတ္ဖို႔လိုပါတယ္။

အေမးအေျဖထက္ပိုေသာေဆြးေႏြးမႈေတြ
အင္တာဗ်ဴးတိုင္းဟာ တစ္ခြန္းေမးလိုက္၊ တစ္ခြန္းေျဖလိုက္ဆိုတဲ့ပုံစံထက္ပိုတတ္ပါတယ္။ျဖစ္ရပ္တစ္ခုအေပၚသူ႔အျမင္၊ ကိုယ့္အျမင္ေဆြးေႏြးၾကတာမ်ိဳးလည္းပါႏိုင္သလိုသေဘာထားမတူညီမႈေတြလည္းပါႏိုင္ပါတယ္။ တကယ့္ကိုေက်နပ္ဖြယ္ေကာင္းတဲ့အင္တာဗ်ဴးဟာ
ဒီလိုအခ်က္ေလးေတြပါႏိုင္တာမို႔ ကိုယ့္ဘက္ကလည္းေကာင္းမြန္တဲ့ဦးေဆာင္ေမးခြန္းေတြျပန္ေမးႏိုင္ပါတယ္။ အင္တာဗ်ဴးသူကကိုယ္နဲ႔စကားေျပာေနရင္းအလုပ္နဲ႔ပတ္သက္တဲ့ သူ႔ရဲ႕ကနဦးေမးခြန္းကိုေမ့သြားတဲ့အခါကိုယ္ကဒီေမးခြန္းကိုျပန္အစေဖာ္ေပးတာမ်ိဳး လုပ္ႏိုင္ရပါမယ္။ သူ႔အေပၚကို ကိုယ့္ဘက္ကအျပည့္အဝအာ႐ုံစိုက္ေပးထားရမွာျဖစ္ပါတယ္။

ကိုယ့္အေပၚအာ႐ုံစိုက္မႈ ရွိ၊မရွိ
ကိုယ့္ရဲ႕အေျဖေတြကို အင္တာဗ်ဴးသူက စိတ္ဝင္စားေသးရဲ႕လား၊ အာ႐ုံစိုက္ေနေသးရဲ႕လားဆိုတာကိုအကဲဖမ္းတတ္ဖို႔လိုပါလိမ့္မယ္။ တ ကယ္လို႔သူ႔ဘက္က အာ႐ုံမစိုက္ႏိုင္ေတာ့သလိုျဖစ္လာတယ္ဆိုရင္ကိုယ္ကအေျဖကိုတိုတိုနဲ႔ရွင္းရွင္းေျဖႏိုင္ဖို႔လိုပါတယ္။ ဒါမွမဟုတ္ စိတ္ ဝင္စားေလာက္တဲ့အေၾကာင္းအရာဘက္ကို လွည့္ေျပာင္းေျပာႏိုင္ပါတယ္။ကိုယ့္ဘက္ကအလုပ္နဲ႔ပတ္သက္တဲ့ေမးခြန္းစေမးၿပီး အာ ႐ုံစိုက္မႈျပန္ရေအာင္ဆြဲေခၚတာမ်ိဳးကိုလည္းလုပ္ႏိုင္ပါတယ္။အေရးႀကီးတဲ့မက္ေဆ့ခ်္ေတြ၊ အီးေမးလ္ေတြေၾကာင့္သူအာ႐ုံမ်ားသြားတဲ့အခါမ်ိဳးမွာ ကိုယ္ကသူဘာေျပာေနတယ္၊ ဘာေမးေနတယ္ဆိုတာကိုျပန္ၿပီးအစေကာက္ေပးႏိုင္ပါတယ္။ဒီအခ်က္ေတြကေတာ့ အင္တာဗ်ဴးေနတဲ့အခ်ိန္အတြင္းမွာ ဂ႐ုစိုက္နားေထာင္ရမယ့္အေျခအေန ၃ ရပ္ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*